ကလေးမြို့တွင် ၅ ရက်အတွင်း ကိုဗစ်လူနာသစ် (၂၃)ယောက် တွေ့ရှိ

ကလေးမြို့နယ်တွင် အောက်တိုဘာ (၂၆)ရက်မှ (၃၀)ရက်နေ့အထိ ကိုဗစ်ရောဂါ ပိုးတွေ့လူနာသစ် (၂၃)ဦးရှိတယ်လို့ ကလေးမြို့ကိုဗစ်ကော်မတီစာရင်းအရသိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိတဲ့ ရက်အလိုက်စာရင်းကတော့ အောက်တိုဘာ (၂၆)ရက်တွင် ပိုးတွေ့လူနာ (၅)ဦး၊ အောက်တိုဘာ(၂၈)ရက်တွင် ပိုးတွေ့လူနာ (၈)ဦး၊ အောက်တိုဘာ (၃၀)ရက်တွင် ပိုးတွေ့လူနာ (၁၀)ဦးဖြစ်ပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဖိုးတင်က “ခုတလောဘာလို့ ပိုးတွေ့လူနာများလာတာလဲဆိုရင် များများစစ်နိုင်လို့ပါ။ ကလေးမြို့မှာ Test Kids နဲ့လည်းစစ်တယ်။ မန္တလေးကိုလည်းပို့တော့ ပိုမြန်တာပေါ့”လို့ပြောပါတယ်။

လူနာတွေအများစုက ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နဲ့ အောင်သစ္စာရပ်ကွက်ကဖြစ်ပါတယ်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ (၂၇)ဦးရှိပါတယ်။ ကလေးမြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း (၆၅)ဦးရှိပြီး (၃၈)ဦးက ကျန်းမာစွာ ဆေးရုံကဆင်းသွားပါပြီ။

တမူးမြို့မှာလည်း အောက်တိုဘာလ (၂၉)ရက်ထိ ကိုဗစ်ပိုးတွေ့လူနာ (၁၆)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်