ကလေးမြို့နယ်တွင် ကူးစက်မြန်ရောဂါတစ်မျိုးနဲ့ ဝက်တွေသေဆုံး

ကလေးမြို့နယ် အင်းစိန်ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တချို့တွင် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပွားသဖြင့် ဝက်တွေသေဆုံးမှုဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။

အင်းစိန်ကျေးရွာတွင် နိုဝင်ဘာလ (၄)ရက်မှ (၂၀)ရက်နေ့အထိ ဝက် (၄၃)ကောင်သေဆုံးပြီး ဝက်သားနမူနာကို မန္တလေးတိုင်းဓာတ်ခွဲခန်းမှာပို့ပြီးစစ်ဆေးနေတယ်လို့ ကလေးမြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဒေါက်တာ မှိန်းထန်းဇီးရာ ကဆိုပါတယ်။

ဒါ့ပြင် ကလေးမြို့ စမ်းမြို့ရပ်ကွက်နဲ့ အင်ဒိုင်းကုန်းရပ်ကွက်မှာလည်း ဝက်တွေသေဆုံးလျက်ရှိပါတယ်။

အင်ဒိုင်းကုန်ရပ်ကွက်နယ်မြေ (၃)တွင်နေထိုင်သူတစ်ဦးက “ဒီပတ် တနင်္ဂနွေနေ့က ဝက်မတစ်ကောင်သေသွားတယ်။ အင်္ဂါနေ့မှာ နောက်ထပ်တစ်ကောင် သေသွားတယ်။ ရောဂါလက္ခာဏာပြတာက အစာမစားကြဘူး။ အပေါ့မစွန့်ပဲ အရည်တွေပဲ အလေးစွန့်ကြတယ်။ သေသွားတဲ့ဝက်ကို ခုတ်ထပ်ပြီးတော့ အသားကတော့သာမန်ဝက်တွေလိုပါပဲ။ သူတို့ကို ခြံထဲမှာမြေမြှုပ်လိုက်တယ်။ အခုအကြီးတစ်ကောင်လည်း ဖျားနေတယ်” လို့ပြောပါတယ်။

အခုလို ဝက်တွေသေဆုံးတာကြောင့် တာဟန်းဈေးက ဝက်ပေါက်တွေရောင်းအားကျဆင်းသွားတယ်လို့လည်းသိရပါတယ်။

အခုဝက်ရောဂါဟာ ဝက်အချင်းချင်းမှာသာကူးဆက်နိုင်ပြီး လူတွေအတွက် အသက်အန္တရာယ်မရှိဘူးလို့ ဒေါက်တာ မှိန်းထန်းဇီးရာကဆိုပါတယ်။

(Zawgyi)

ကေလးၿမိဳ႕နယ္တြင္ ကူးစက္ျမန္ေရာဂါတစ္မ်ိဳးနဲ႔ ဝက္ေတြေသဆုံး

ကေလးၿမိဳ႕နယ္ အင္းစိန္ေက်း႐ြာနဲ႔ ၿမိဳ႕ေပၚရပ္ကြက္တခ်ိဳ႕တြင္ ကူးစက္ျမန္ေရာဂါတစ္မ်ိဳးျဖစ္ပြားသျဖင့္ ဝက္ေတြေသဆုံးမႈျဖစ္ပြားေနတယ္လို႔သတင္းရရွိပါတယ္။

အင္းစိန္ေက်း႐ြာတြင္ ႏိုဝင္ဘာလ (၄)ရက္မွ (၂၀)ရက္ေန႔အထိ ဝက္ (၄၃)ေကာင္ေသဆုံးၿပီး ဝက္သားနမူနာကို မႏၲေလးတိုင္းဓာတ္ခြဲခန္းမွာပို႔ၿပီးစစ္ေဆးေနတယ္လို႔ ကေလးၿမိဳ႕နယ္ ေမြးျမဴးေရးႏွင့္ ကုသေရးဦးစီးဌာန လ/ထၫႊန္ၾကားေရးမႉး ေဒါက္တာ မွိန္းထန္းဇီးရာ ကဆိုပါတယ္။

ဒါ့ျပင္ ကေလးၿမိဳ႕ စမ္းၿမိဳ႕ရပ္ကြက္နဲ႔ အင္ဒိုင္းကုန္းရပ္ကြက္မွာလည္း ဝက္ေတြေသဆံုးလ်က္ရွိပါတယ္။

အင္ဒုိင္းကုန္ရပ္ကြက္နယ္ေျမ (၃)တြင္ေနထုိင္သူတစ္ဦးက “ဒီပတ္ တနဂၤေႏြေန႔က ဝက္မတစ္ေကာင္ေသသြားတယ္။ အဂၤါေန႔မွာ ေနာက္ထပ္တစ္ေကာင္ ေသသြားတယ္။ ေရာဂါလကၡာဏာျပတာက အစာမစားၾကဘူး။ အေပါ့မစြန္႔ပဲ အရည္ေတြပဲ အေလးစြန္႔ၾကတယ္။ ေသသြားတဲ့ဝက္ကို ခုတ္ထပ္ၿပီးေတာ့ အသားကေတာ့သာမန္ဝက္ေတြလုိပါပဲ။ သူတို႔ကို ျခံထဲမွာေျမျမွဳပ္လိုက္တယ္။ အခုအၾကီးတစ္ေကာင္လည္း ဖ်ားေနတယ္” လို႔ေျပာပါတယ္။

အခုလို ဝက္ေတြေသဆံုးတာေၾကာင့္ တာဟန္းေစ်းက ဝက္ေပါက္ေတြေရာင္းအားက်ဆင္းသြားတယ္လုိ႔လည္းသိရပါတယ္။

အခုဝက္ေရာဂါဟာ ဝက္အခ်င္းခ်င္းမွာသာကူးဆက္ႏိုင္ၿပီး လူေတြအတြက္ အသက္အႏၱရာယ္မရွိဘူးလို႔ ေဒါက္တာ မွိန္းထန္းဇီးရာကဆိုပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်