ကလေးမြို့နယ်တွင် စစ်ကောင်စီခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈ ဦးနှုတ်ထွက်စာတင်

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကလေးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၈)ဦးဟာ ဖေဖော်ဝါရီလ (၂၄)ရက်နဲ့ ၂၅ ရက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်မှနှုတ်ထွက်ကြောင်း စာတင်ထားကြတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ နှုတ်ထွက်စာတင်ထားတဲ့ သူတွေကတော့ အောင်မြေမာန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဦး၊ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်၊ အောင်မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စောဝင်း၊ တောင်ဖီလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျင့်ခန့်လျန်၊ တပ်ဦးသီတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခုပ်ကျင့်ထန်၊ တောင်ဇလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတီာလ်ထန်း၊ စမ်းမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာမွန် (ခ) ဦးသိန်းထိုက် နဲ့ ထောက်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦး တို့ဖြစ်ပါတယ်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်က “သူတို့မကြိုက်ရင်လည်း အလုပ်ဖြုတ်မှာမဟုတ်ဘူး။ သူတို့အိမ်မှာစာတွေကပ်တဲ့ထိ မိုက်ရိုင်းကြတယ်။ စစ်တပ်နဲ့ ရဲကိုပြောပြီးတော့ အားလုံးသွားဖမ်းခိုင်းမှဖြစ်တော့မယ်။ သူတို့အိမ်မှာ အုပ်ချုပ်ရေးမှူး အလိုမရှိ၊ စာရေးတွေလည်း မကြိုက်ဘူးလို့စာသွားကပ်ကြတယ်။ ထွက်စာတင်တာက သူတို့ဆန္ဒနဲ့မဟုတ်ပဲ သူတို့အိမ်မှာ နင်တို့ကိုမကြိုက်ဘူးလို့စာသွားကပ်ကြတယ်လေ။ တော်တော်လေးရိုင်းတယ်” လို့ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှုတ်ထွက်စာထဲတွင် အများစုက ကျန်းမာရေးအကြောင်းပြချက်နဲ့ စာတင်ကြတာတွေ့ရပါတယ်။

ဒါ့ပြင် မြို့သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ သာစည်ကျေးရွာ နဲ့ တင်သားကျေးရွာရှိ ပြည်သူတွေဟာ စစ်ကောင်စီမှ ခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအလိုမရှိကြောင့် ကန့်ကွက်ဆန္ဒဖော်ထုတ်ကြပါတယ်။

ဒီနေ့ ည ၃ နာရီတွင် အောင်သစ္စာရပ်ကွက်နေ ပြည်သူတွေက အုပ်ချုပ်ရေးမှူးသစ်ကို ကန့်ကွက်ဆန္ဒပြမယ်လို့သတင်းရရှိပါတယ်။

လက်ရှိ ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၂ ဦးပြောင်းလဲခန့်အပ်ထားပြီဖြစ်တယ်။

(Zawgyi)

ကေလးၿမိဳ႕နယ္တြင္ စစ္ေကာင္စီခန္႔အပ္ထားတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၈ ဦးႏွဳတ္ထြက္စာတင္

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ကေလးၿမိဳ႕နယ္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး (၈)ဦးဟာ ေဖေဖာ္ဝါရီလ (၂၄)ရက္နဲ႔ ၂၅ ရက္တြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးတာဝန္မွႏွဳတ္ထြက္ေၾကာင္း စာတင္ထားၾကတယ္လုိ႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ႏွဳတ္ထြက္စာတင္ထားတဲ့ သူေတြကေတာ့ ေအာင္ေျမမာန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းဦး၊ ေညာင္ပင္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းဗိုလ္၊ ေအာင္မဂၤလာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေစာဝင္း၊ ေတာင္ဖီလာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးက်င့္ခန္႔လ်န္၊ တပ္ဦးသီတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးခုပ္က်င့္ထန္၊ ေတာင္ဇလပ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးတီာလ္ထန္း၊ စမ္းၿမိဳ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးသာမြန္ (ခ) ဦးသိန္းထိုက္ နဲ႔ ေထာက္ၾကန္႔ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ဦး တုိ႔ျဖစ္ပါတယ္။

ကေလးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးက်ဴံးလ်န္ထန္က “သူတို႔မၾကိဳက္ရင္လည္း အလုပ္ျဖဳတ္မွာမဟုတ္ဘူး။ သူတို႔အိမ္မွာစာေတြကပ္တဲ့ထိ မိုက္ရိုင္းၾကတယ္။ စစ္တပ္နဲ႔ ရဲကိုေျပာၿပီးေတာ့ အားလံုးသြားဖမ္းခိုင္းမွျဖစ္ေတာ့မယ္။ သူတို႔အိမ္မွာ အုပ္ခ်ဳပ္ေရးမွဴး အလိုမရွိ၊ စာေရးေတြလည္း မၾကိဳက္ဘူးလို႔စာသြားကပ္ၾကတယ္။ ထြက္စာတင္တာက သူတို႔ဆႏၵနဲ႔မဟုတ္ပဲ သူတို႔အိမ္မွာ နင္တုိ႔ကိုမၾကိဳက္ဘူးလို႔စာသြားကပ္ၾကတယ္ေလ။ ေတာ္ေတာ္ေလးရိုင္းတယ္” လို႔ေျပာပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွဳတ္ထြက္စာထဲတြင္ အမ်ားစုက က်န္းမာေရးအေၾကာင္းျပခ်က္နဲ႔ စာတင္ၾကတာေတြ႔ရပါတယ္။

ဒါ့ျပင္ ၿမိဳ႕သာရပ္ကြက္၊ မဂၤလာဥယ်ာဥ္ရပ္ကြက္၊ သာစည္ေက်းရြာ နဲ႔ တင္သားေက်းရြာရွိ ျပည္သူေတြဟာ စစ္ေကာင္စီမွ ခန္႔အပ္တဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြအလိုမရွိေၾကာင့္ ကန္႔ကြက္ဆႏၵေဖာ္ထုတ္ၾကပါတယ္။

ဒီေန႔ ည ၃ နာရီတြင္ ေအာင္သစၥာရပ္ကြက္ေန ျပည္သူေတြက အုပ္ခ်ဳပ္ေရးမွဴးသစ္ကို ကန္႔ကြက္ဆႏၵျပမယ္လုိ႔သတင္းရရွိပါတယ္။

လက္ရွိ ကေလးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၆၂ ဦးေျပာင္းလဲခန္႔အပ္ထားၿပီျဖစ္တယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်