ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်တွေရမ်းသမ်းပစ်ခတ်လို့ ခြံမှပြန်လာတဲ့ အမျိုးသမီးတဦး ခြေထောက်ကျည်ထိမှန်

ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ ဆည်တောကျေးရွာ (Angteng khua) မှာ စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်လို့ မနေ့ စက်တင်ဘာ ၁၅ ညနေ ၃း၄၅ အချိန်တွင် ခြံမှပြန်လာတဲ့အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်ထိမှန်သွားတယ်လို့သတင်းရရှိပါတယ်။

မနေ့က ကလေးမြို့နယ် နဲ့ မကွေးတိုင်း နယ်နမိတ် ဟံသာဝတီရွာနဲ့ ကြံသာရွာကြားမှာ တိုက်ပွဲဖြစ်လို့ပြန်လာစဉ် ဆည်တောရွာအနီး ၇ ဖာလုံလောက်အကွာကနေ သေနတ် ၇ ချက်၊ ၈ ချက်လောက်ရမ်းသမ်းပစ်ခတ်ကြပါတယ်။

ဆည်တောရွာ ဒေသခံတဦးက “စစ်သားတွေက ကား ၄ စီး ၅ စီးလောက်နဲ့ပြန်လာကြတဲ့ချိိန်မှာ ရွာပြင်ဘက်ကနေ ရမ်းသမ်းပစ်တာပါ။ အဲ့ဒီကျည်က ခြံကနေပြန်လာတဲ့ အသက် ၆၈ အရွယ် အမျိုးသမီးတယောက်ရဲ့ ဘယ်ဘက် ခြေသလုံးကိုထိမှန်သွားတယ်။ အရိုးတော့မထိဘူး။ ပြီးတော့ ရွာနားမှာအရက်သောက်ပြီးပြန်လာတဲ့ ဆည်တောရွာသား ၃ ယောက်ကိုဖမ်းပြီးတော့ ဒီနေ့ထိပြန်မလွတ်သေးဘူး။ ရွာသားတွေလည်းထိတ်လန့်တာကြောင့် အများစုက တောထဲမှာအခုထွက်ပြေးနေကြတယ်။ စစ်သားတွေက ချောင်းခွ နဲ့ နတ်ချောင်းအဝင် တံတားမှာလည်း သေနတ်တွေပစ်ဖောက်ကြတယ်” လို့ပြောပါတယ်။

ဆည်တောရွာဟာ အိမ်ခြေ ၄၀၀ ရှိတဲ့ရွာဖြစ်ပြီး ယခင် ဧပြီလမှာလည်း ၄င်းတို့ရွာအနီး ဘုတ်ချောင်းအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ေတြရမ္းသမ္းပစ္ခတ္လုိ႔ ျခံမွျပန္လာတဲ့ အမ်ဳိးသမီးတဦး ေျခေထာက္က်ည္ထိမွန္

ကေလးၿမိဳ႕နယ္၊ ကေလး-ဂန္႔ေဂါလမ္းမေပၚမွာရွိတဲ့ ဆည္ေတာေက်းရြာ (Angteng khua) မွာ စစ္ေကာင္စီတပ္ေတြက ရမ္းသမ္းပစ္ခတ္လို႔ မေန႔ စက္တင္ဘာ ၁၅ ညေန ၃း၄၅ အခ်ိန္တြင္ ျခံမွျပန္လာတဲ့အမ်ဳိးသမီးတစ္ဦးရဲ႕ ေျခေထာက္ထိမွန္သြားတယ္လုိ႔သတင္းရရွိပါတယ္။

မေန႔က ကေလးၿမိဳ႕နယ္ နဲ႔ မေကြးတုိင္း နယ္နမိတ္ ဟံသာဝတီရြာနဲ႔ ၾကံသာရြာၾကားမွာ တိုက္ပြဲျဖစ္လို႔ျပန္လာစဥ္ ဆည္ေတာရြာအနီး ၇ ဖာလံုေလာက္အကြာကေန ေသနတ္ ၇ ခ်က္၊ ၈ ခ်က္ေလာက္ရမ္းသမ္းပစ္ခတ္ၾကပါတယ္။

ဆည္ေတာရြာ ေဒသခံတဦးက “စစ္သားေတြက ကား ၄ စီး ၅ စီးေလာက္နဲ႔ျပန္လာၾကတဲ့ခ်ိိန္မွာ ရြာျပင္ဘက္ကေန ရမ္းသမ္းပစ္တာပါ။ အဲ့ဒီက်ည္က ျခံကေနျပန္လာတဲ့ အသက္ ၆၈ အရြယ္ အမ်ဳိးသမီးတေယာက္ရဲ႕ ဘယ္ဘက္ ေျခသလံုးကိုထိမွန္သြားတယ္။ အရိုးေတာ့မထိဘူး။ ၿပီးေတာ့ ရြာနားမွာအရက္ေသာက္ၿပီးျပန္လာတဲ့ ဆည္ေတာရြာသား ၃ ေယာက္ကိုဖမ္းၿပီးေတာ့ ဒီေန႔ထိျပန္မလြတ္ေသးဘူး။ ရြာသားေတြလည္းထိတ္လန္႔တာေၾကာင့္ အမ်ားစုက ေတာထဲမွာအခုထြက္ေျပးေနၾကတယ္။ စစ္သားေတြက ေခ်ာင္းခြ နဲ႔ နတ္ေခ်ာင္းအဝင္ တံတားမွာလည္း ေသနတ္ေတြပစ္ေဖာက္ၾကတယ္” လုိ႔ေျပာပါတယ္။

ဆည္ေတာရြာဟာ အိမ္ေျခ ၄၀၀ ရွိတဲ့ရြာျဖစ္ၿပီး ယခင္ ဧၿပီလမွာလည္း ၄င္းတို႔ရြာအနီး ဘုတ္ေခ်ာင္းအနီးမွာ တုိက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်