ကလေးမြို့နယ်တွင် သဲကားနဲ့ ဆိုင်ကယ် ၂ စီး ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး မော်တော်ယာဉ်မောင်းထွက်ပြေး

ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကျောက်သဲတင်ကားနဲ့ ဆိုင်ကယ် ၂ စီးယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီးတစ်ဦးဟာ ပွဲချင်းသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီမနက် ၁၀ နာရီကျော်တွင် တာဟန်းဘက်မှ ဇိုနွမ်ဇန်ကျေးရွာသူတစ်ဦးဆိုင်ကယ်မောင်းလာစဉ် ပျဉ်းခုံကြီးကျေးရွာအလယ်ရှိ တံတားငယ်တစ်စင်းပေါ်တွင် ကျောက်သဲတင်ကားတစ်စီးနဲ့တိုက်မိသွားပါတယ်။ ယင်းဆိုင်ကယ်နောက်မှလိုက်လာတဲ့ အမျိုးသားတစ်ဦးနဲ့ကလေးငယ်တစ်ဦးစီးလာတဲ့ ဆိုင်ကယ်က ယင်းဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲထပ်မံတိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်းနဲ့ ကလေးငယ်ဟာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိကြပါတယ်။

လက်ပံချောင်းကျေးရွာနေ ကိုဂျေစီက “ကျနော်တို့က တာဟန်းသွားနေတုန်း လမ်းမှာယာဉ်တိုက်မှုဖြစ်လို့ သူငယ်ချင်းနဲ့ဝင်ကူကြတယ်။ သဲကားကတော့ ဆိုင်ကယ်ကိုတိုက်မိပြီး ချက်ချင်းပဲ ကားနဲ့ထွက်ပြေးသွားတယ်။ ရွာသားတွေကားကိုဆက်လိုက်ပေမယ့်မမှီတော့ဘူး။ ကားနံပါတ်လည်းမမှတ်ထားတော့ ဘယ်သူ့ကားဆိုတာမသိရသေးဘူး။ ချက်ချင်းပဲကျနော်က လက်ပံချောင်းရဲကိုဖုန်းဆက်အကြောင်းကြားလိုက်တယ်။ အားလုံးရှေ့မှာ ဆိုင်ကယ်သေတ္တာကိုသော့နဲ့ဖွင့်ပြီးမှ ကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာသိရတယ်။ ရွာကမိသားစုတွေလည်းအကြောင်းကြားထားလိုက်ပြီ။ ဇိုနွမ်ဇန်ဆိုတာက ချင်းစုရွာအလွန်မှာပါ။ သူတို့ယာဉ်တိုက်မှုဖြစ်တဲ့ချိန်မှာပဲ ပျဉ်းခုံကြီးရွာမှာ ဆိုင်ကယ်အချင်းချင်းယာဉ်တိုက်မှုတစ်ခုထပ်ဖြစ်တယ်။ မနေ့ညနဲ့ တစ်နေ့ကပဲလက်ပံချောင်းမှာ ယာဉ်တိုက်မှုတစ်ကြိမ်စီထပ်ဖြစ်တယ်။ လမ်းကကောင်းပေမယ့် ကျဉ်းတော့ ယာဉ်တိုက်မှုများတယ်” လို့ပြောပါတယ်။

ကျောက်သဲတင်ကားဟာ သေဆုံးသွားတဲ့ အမျိုးသမီးဆိုင်ကယ်ပေါ်ကနေတက်နှင်းပြီး အမျိုးသမီးရဲ့ခါးလည်လောက်တွင် တက်နှင်းသွားတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ ဒီနှစ်တွင်အပြီးတည်ဆောက်ထားတာဖြစ်ပြီး ယင်းလမ်းမခေါ်တွင် ခုတလော နေ့စဉ်ယာဉ်တိုက်မှုဖြစ်ပွားနေပါတယ်။

(Zawgyi)

ကေလးၿမိဳ႕နယ္တြင္ သဲကားနဲ႔ ဆုိင္ကယ္ ၂ စီး ယာဥ္တုိက္မႈျဖစ္ပြားရာ အမ်ဳိးသမီးတစ္ဦးေသဆံုးၿပီး ေမာ္ေတာ္ယာဥ္ေမာင္းထြက္ေျပး

ကေလးၿမိဳ႕နယ္ ပ်ဥ္းခံုၾကီးေက်းရြာတြင္ ေက်ာက္သဲတင္ကားနဲ႔ ဆုိင္ကယ္ ၂ စီးယာဥ္တုိက္မႈျဖစ္ပြားၿပီး ဆုိင္ကယ္ယာဥ္ေမာင္း အမ်ဳိးသမီးတစ္ဦးဟာ ပြဲခ်င္းေသဆံုးသြားတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဒီမနက္ ၁၀ နာရီေက်ာ္တြင္ တာဟန္းဘက္မွ ဇိုႏြမ္ဇန္ေက်းရြာသူတစ္ဦးဆုိင္ကယ္ေမာင္းလာစဥ္ ပ်ဥ္းခံုၾကီးေက်းရြာအလယ္ရွိ တံတားငယ္တစ္စင္းေပၚတြင္ ေက်ာက္သဲတင္ကားတစ္စီးနဲ႔တုိက္မိသြားပါတယ္။ ယင္းဆုိင္ကယ္ေနာက္မွလုိက္လာတဲ့ အမ်ဳိးသားတစ္ဦးနဲ႔ကေလးငယ္တစ္ဦးစီးလာတဲ့ ဆုိင္ကယ္က ယင္းဆုိင္ကယ္ကိုအရွိန္မထိန္းႏိုင္ဘဲထပ္မံတုိက္မိရာ ဆုိင္ကယ္ယာဥ္ေမာင္းနဲ႔ ကေလးငယ္ဟာ အနည္းငယ္ထိခိုက္ဒဏ္ရာရရွိၾကပါတယ္။

လက္ပံေခ်ာင္းေက်းရြာေန ကိုေဂ်စီက “က်ေနာ္တုိ႔က တာဟန္းသြားေနတုန္း လမ္းမွာယာဥ္တုိက္မႈျဖစ္လို႔ သူငယ္ခ်င္းနဲ႔ဝင္ကူၾကတယ္။ သဲကားကေတာ့ ဆုိင္ကယ္ကိုတိုက္မိၿပီး ခ်က္ခ်င္းပဲ ကားနဲ႔ထြက္ေျပးသြားတယ္။ ရြာသားေတြကားကိုဆက္လိုက္ေပမယ့္မမွီေတာ့ဘူး။ ကားနံပါတ္လည္းမမွတ္ထားေတာ့ ဘယ္သူ႔ကားဆိုတာမသိရေသးဘူး။ ခ်က္ခ်င္းပဲက်ေနာ္က လက္ပံေခ်ာင္းရဲကိုဖုန္းဆက္အေၾကာင္းၾကားလိုက္တယ္။ အားလံုးေရွ႕မွာ ဆိုင္ကယ္ေသတၱာကိုေသာ့နဲ႔ဖြင့္ၿပီးမွ ေကာင္မေလးက ဘယ္သူဘယ္ဝါဆိုတာသိရတယ္။ ရြာကမိသားစုေတြလည္းအေၾကာင္းၾကားထားလိုက္ၿပီ။ ဇိုႏြမ္ဇန္ဆိုတာက ခ်င္းစုရြာအလြန္မွာပါ။ သူတို႔ယာဥ္တုိက္မႈျဖစ္တဲ့ခ်ိန္မွာပဲ ပ်ဥ္းခံုၾကီးရြာမွာ ဆုိင္ကယ္အခ်င္းခ်င္းယာဥ္တိုက္မႈတစ္ခုထပ္ျဖစ္တယ္။ မေန႔ညနဲ႔ တစ္ေန႔ကပဲလက္ပံေခ်ာင္းမွာ ယာဥ္တုိက္မႈတစ္ၾကိမ္စီထပ္ျဖစ္တယ္။ လမ္းကေကာင္းေပမယ့္ က်ဥ္းေတာ့ ယာဥ္တုိက္မႈမ်ားတယ္” လို႔ေျပာပါတယ္။

ေက်ာက္သဲတင္ကားဟာ ေသဆံုးသြားတဲ့ အမ်ဳိးသမီးဆိုင္ကယ္ေပၚကေနတက္ႏွင္းၿပီး အမ်ဳိးသမီးရဲ႕ခါးလည္ေလာက္တြင္ တက္ႏွင္းသြားတာျဖစ္ပါတယ္။

အခင္းျဖစ္ပြားတဲ့ေနရာဟာ ဂ်ာမန္ဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕အကူအညီနဲ႔ ဒီႏွစ္တြင္အၿပီးတည္ေဆာက္ထားတာျဖစ္ၿပီး ယင္းလမ္းမေခၚတြင္ ခုတေလာ ေန႔စဥ္ယာဥ္တုိက္မႈျဖစ္ပြားေနပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်