ကလေးမြို့နယ်တွင် ၂နေရာတွင်တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာ ၂ရွာကိုစစ်ကောင်စီမီးရှို့

ကလေးမြို့နယ်တွင် ယနေ့ သြဂုတ် ၅ ရက်နေ့တွင် ၂ နေရာမှာတိုက်ပွဲဖြစ်ပွားပြီး သာယာကုန်းရွာနဲ့ ရာဇဂြိုလ်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ကြတယ်လို့သတင်းရရှိပါတယ်။

ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကလေးမြိုတာဟန်းရပ်ကွက် ကျန်စစ်သားလမ်းဘက်မှ တောင်ဖီလာဝန်ထမ်းအိမ်ယာဘက်သို ဦးတည်၍ အကြမ်းဖက်စစ်ကောင်စီစစ်ကား ၂ စီး မောင်းနှင်လာစဉ် တောင်ဖီလာလမ်းနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်တွင် PDF (Kalay) တပ်ဖွဲဝင်များက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ရှိ အကြမ်းဖက်စစ်သား ၆ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး၊ အခြား ၄ ဦးမှာ စစ်ဆေးရုံသို ပိုဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရပါသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အနီးပတ်ဝန်းကျင်သို ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့စဉ် ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

တချိန်တည်းတွင် ကလေးမြိုနယ်တောင်ပိုင်း ကမ်းပါးနီတံတား၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများမှ အင်အား ၃၀ ခန့်သည် မြောင်းချောင်းတံတားဘက်သို ဦးတည်ကာ လမ်းလျှောက်တက်လာပြီး တံတားအနီး၌ PDF (Kalay) မိုင်းတပ်ဖွဲမှ တပ်ဆင်ထားသော မိုင်းအချိုကို ဖြုတ်ရှင်းနေစဉ် အသင့်စောင့်ဆိုင်းလျက်ရှိသော PDF (Kalay) မိုင်းတပ်ဖွဲဝင်များက မိုင်းများဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့် သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရပါသည်။ ထိုနောက် နံနက် ၁၀ နာရီခွဲခန့်တွင် ကမ်းပါးနီတံတားအနီးသို စစ်ရဟတ်ယာဉ် ၁ စီး ဆင်းသက်လာခဲ့ပြီး မိုင်းထိမှန်သေဆုံးသော အလောင်းများနှင့် ဒဏ်ရာရရှိသူများကို လာရောက်သယ်ထုတ်သွားခဲ့ကြောင်း သိရပါသည်။

ကလေးမြိုနယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်၏တောင်ဘက် သာယာကုန်းရွာတွင် ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ယနေ့နံနက်ပိုင်းတွင်လည်း သာယာကုန်းရွာအတွင်းရှိ နေအိမ်များကို ဆက်လက်မီးရှိဖျက်စီးလျက်ရှိကြောင်း သိရပြီး ယခုအချိန်ထိ ကျေးရွာပြည်သူ ၃ ဦးကို သတ်ဖြတ်ထားခဲ့ပြီးဖြစ်သည့်အပြင် ကျေးရွာပြည်သူ ၃၀ ခန့်ကိုလည်း ဆက်လက်ဖမ်းဆီးထားကြောင်း သိရပါသည်။

အလားတူ ကလေးမြိုနယ်မြောက်ပိုင်း ရာဇဂြိုဟ်ရွာသို ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ယနေ့နံနက်ပိုင်းမှစတင်၍ ကျေးရွာအတွင်းမှ နေအိမ် ၂၀ လောက် မီးရှိဖျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

ကလေးမြိုနယ်အတွင်း စစ်ရေးတင်းမာမှုအခြေအနေများအရ လမ်းမကြီးလမ်းပိုင်းများတွင် ဖြတ်သန်းသွားလာမှုများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ စစ်ကောင်စီတပ်ဖွဲများ၏ အခြေစိုက်နေရာများ၊ မော်တော်ယာဉ်များကို ဝေးဝေးမှ ရှောင်ရှားရန်သော်လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံအပ်ပါသည်လို့ PDF Kalay ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်