ကလေးမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးပေါ်မှာ အမျိုးသမီး ၂ ဦးသာ အတူတူစီးနှင်းခွင့်ပြု

ကလေးမြို့နယ် နယ်နမိတ်အတွင်း ဆိုင်ကယ်အား အမျိုးသမီး ၂ ဦးသာစီးနှင်းခွင့်ပြုပြီး အမျိုးသား ၂ ဦး သို့မဟုတ် အမျိုးသား နဲ့ အမျိုးသမီး ၂ ဦးစီးနှင်းခြင်းမပြုရန် ဒီဇင်ဘာ ၂၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး လက်မှတ်နဲ့ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အခုလို ထုတ်ပြန်တာဟာ အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်အထိဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။

ယင်း ဒေသန္တရအမိန့်ထုတ်ပြန်ချက်ထဲတွင်
(ခ) မော်တော်ယာဉ်တွေလည်း မှန်ချပြီးမောင်းနှင်ခြင်းမပြုလုပ်ရန်၊ မှန်တင်ပြီးမှသာမောင်းနှင်ရန်၊
(ဂ) တံတားများပေါ်တွင် ယာဉ်များဖြတ်သန်းသွားလာစဉ် ယာဉ်ပေါ်လိုက်ပါလာသူများသည် လမ်းလျှောက်သွားရမည်။ တံတားပေါ်တွင် အကြောင်းမဲ့ ယာဉ်ရပ်နားထားခြင်း မပြုလုပ်ရန်နှင့် ရပ်နားထားသောယာဉ်နှင့် ပတ်သက်၍ မိုင်းသတိရှိရမည်။
(ဃ) ကူးတို့စက်လှေများသည် တစ်ဖက်ကမ်းသို့ လူအကြို/အပို့ မလုပ်ရန်။
(င) ကလေးမြို့နယ်အတွင်းရှိ မြို့ ရှောင်လမ်းများအား နေ့စဉ် မနက် ၆ နာရီအချိန်ဖွင့်ပြီး ညနေ ၄ နာရီအချိန်ပိတ်ထားရမည်။
(စ) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါဘဲ ခရီးသွားလာခြင်း ခွင့်မပြု။ လို့ဖော်ပြထားပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္အတြင္း ဆိုင္ကယ္တစ္စီးေပၚမွာ အမ်ဳိးသမီး ၂ ဦးသာ အတူတူစီးႏွင္းခြင့္ျပဳ

ကေလးၿမိဳ႕နယ္ နယ္နမိတ္အတြင္း ဆုိင္ကယ္အား အမ်ဳိးသမီး ၂ ဦးသာစီးႏွင္းခြင့္ျပဳၿပီး အမ်ဳိးသား ၂ ဦး သို႔မဟုတ္ အမ်ဳိးသား နဲ႔ အမ်ဳိးသမီး ၂ ဦးစီးႏွင္းျခင္းမျပဳရန္ ဒီဇင္ဘာ ၂၁ ရက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးလွစိုး လက္မွတ္နဲ႔ ေဒသႏၱရအမိန္႔ထုတ္ျပန္လုိက္တယ္လို႔ သတင္းရရွိပါတယ္။

အခုလို ထုတ္ျပန္တာဟာ အမ်ားျပည္သူ လံုျခံဳေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ရပ္ရြာေအးခ်မ္းသာယာေရးတို႔အတြက္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ကေန ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္အထိျဖစ္ပါတယ္လုိ႔ေဖာ္ျပထားပါတယ္။

ယင္း ေဒသႏၱရအမိန္႔ထုတ္ျပန္ခ်က္ထဲတြင္
(ခ) ေမာ္ေတာ္ယာဥ္ေတြလည္း မွန္ခ်ၿပီးေမာင္းႏွင္ျခင္းမျပဳလုပ္ရန္၊ မွန္တင္ၿပီးမွသာေမာင္းႏွင္ရန္၊
(ဂ) တံတားမ်ားေပၚတြင္ ယာဥ္မ်ားျဖတ္သန္းသြားလာစဥ္ ယာဥ္ေပၚလုိက္ပါလာသူမ်ားသည္ လမ္းေလွ်ာက္သြားရမည္။ တံတားေပၚတြင္ အေၾကာင္းမဲ့ ယာဥ္ရပ္နားထားျခင္း မျပဳလုပ္ရန္ႏွင့္ ရပ္နားထားေသာယာဥ္ႏွင့္ ပတ္သက္၍ မုိင္းသတိရွိရမည္။
(ဃ) ကူးတို႔စက္ေလွမ်ားသည္ တစ္ဖက္ကမ္းသို႔ လူအၾကဳိ/အပို႔ မလုပ္ရန္။
(င) ကေလးၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕ ေရွာင္လမ္းမ်ားအား ေန႔စဥ္ မနက္ ၆ နာရီအခ်ိန္ဖြင့္ၿပီး ညေန ၄ နာရီအခ်ိန္ပိတ္ထားရမည္။
(စ) သက္ဆုိင္ရာ ရပ္ကြက္/ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္မပါဘဲ ခရီးသြားလာျခင္း ခြင့္မျပဳ။ လုိ႔ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်