ကလေးမြို့နယ် ဥယျာဉ်ရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ကာ စစ်ဘေးရှောင်စခန်းကို မီးရှို့ခံရ

ကလေးမြို့ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဥယျာဉ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီနေ့ မေ ၂၂ ရက် မနက်က လက်နက်ကြီးတွေနဲ့ အချက် ၅၀ ကျော်ပစ်ခတ်ပြီး စစ်ဘေးရှောင်စခန်း ယာယီတဲ ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဥယျာဉ်ကျေးရွာသားတစ်ဦးက “ကျီကုန်း ကျောက်ခုတ်ကနေကူးခဲ့တဲ့စစ်ခွေးတွေက အင်းကျော်ရွာမှာ ၂ညအိပ်ပြီး ဒီမနက်မှာ ဥယျာဉ်ရွာဘက်စစ်ကြောင်းစထိုးခဲ့တာ။ စစ်ကြောင်းက စစ်ဘေးရှောင်တွေနေတဲ့ တောဘက်ကိုရောက်လာလို့ ရွာသူရွာသားတွေတောထဲတောင်ထဲထွက်ပြေးနေကြရတယ်။ အိမ်မှာမထားရဲတဲ့မျိုးစပါး ပဲမျိုးကစ တောထဲထားကြတာ။ အဲ့မျိုးတွေ အဝတ်တွေ တဲပါမကျန်အကုန်မီးရှို့ထားခဲ့ကြတာ။ ကံပုလဲ အရှေ့ရွာကနေ လက်နက်ကြီးနဲ့ပစ်တာ မိုးကျသလိုပဲ။ လူတောင်အလွတ်ရှောင်ကြရတာ” လို့ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူ ၃ ဦး လက်နက်ကြီးကျည်စထိမှန်လို့ ဒဏ်ရာရရှိကြတယ်လို့သိရတယ်။

Zawgyi

ကေလးၿမိဳ႕နယ္ ဥယ်ာဥ္႐ြာကိုလက္နက္ႀကီးနဲ႔ပစ္ခတ္ကာ စစ္ေဘးေရွာင္စခန္းကို မီးရႈိ႕ခံရ

ကေလးၿမိဳ႕ ျမစ္သာျမစ္အေရွ႕ဘက္ကမ္းမွာရွိတဲ့ ဥယ်ာဥ္ေက်း႐ြာကို အာဏာသိမ္းစစ္ေကာင္စီတပ္က ဒီေန႔ ေမ ၂၂ ရက္ မနက္က လက္နက္ႀကီးေတြနဲ႔ အခ်က္ ၅၀ ေက်ာ္ပစ္ခတ္ၿပီး စစ္ေဘးေရွာင္စခန္း ယာယီတဲ ၈၀ ေက်ာ္ကို မီးရႈိ႕ဖ်က္ဆီးၾကတယ္လို႔ေဒသခံေတြထံကသတင္းရရွိပါတယ္။

ဥယ်ာဥ္ေက်း႐ြာသားတစ္ဦးက “က်ီကုန္း ေက်ာက္ခုတ္ကေနကူးခဲ့တဲ့စစ္ေခြးေတြက အင္းေက်ာ္႐ြာမွာ ၂ညအိပ္ၿပီး ဒီမနက္မွာ ဥယ်ာဥ္႐ြာဘက္စစ္ေၾကာင္းစထိုးခဲ့တာ။ စစ္ေၾကာင္းက စစ္ေဘးေရွာင္ေတြေနတဲ့ ေတာဘက္ကိုေရာက္လာလို႔ ႐ြာသူ႐ြာသားေတြေတာထဲေတာင္ထဲထြက္ေျပးေနၾကရတယ္။ အိမ္မွာမထားရဲတဲ့မ်ိဳးစပါး ပဲမ်ိဳးကစ ေတာထဲထားၾကတာ။ အဲ့မ်ိဳးေတြ အဝတ္ေတြ တဲပါမက်န္အကုန္မီးရႈိ႕ထားခဲ့ၾကတာ။ ကံပုလဲ အေရွ႕႐ြာကေန လက္နက္ႀကီးနဲ႔ပစ္တာ မိုးက်သလိုပဲ။ လူေတာင္အလြတ္ေရွာင္ၾကရတာ” လို႔ေျပာပါတယ္။

စစ္ေကာင္စီပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သားျပည္သူ ၃ ဦး လက္နက္ႀကီးက်ည္စထိမွန္လို႔ ဒဏ္ရာရရွိၾကတယ္လို႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်