ကလေးမြို့ ဆည်ကြီးချောင်းတွင် သားအမိ ၂ ဦးအလောင်းတွေ့ရှိ

ကလေးမြို့နယ်၊ ဆည်ကြီးရွာအနီး ဆည်ကြီးချောင်းတွင် ယမန်နေ့ ဇူလိုင် ၉ ရက်နေ့က သဖန်းအိမ်ရွာက သားအမိ ၂ ဦးရဲ့ အလောင်းတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသူတွေဟာ ပျဉ်တောဦးရွာ ကျေးလက်ဈေးမှာ မနက်တိုင်း ကြက်သားရောင်းတဲ့သားအမိဖြစ်တယ်လို့သိရတယ်။

အလောင်းပေါ်မှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၂ ချက်စီရှိပြီး အမျိုးသားရဲ့ ဦးခေါင်းတွင် ၄ လက်မအကျယ် ဓားဒဏ်ရာလည်းတွေ့ရကြောင့် အလောင်းသွားသယ်တဲ့ လူမှုရေးကူညီရေးအသင်းထံကသိရတယ်။

အလောင်းသယ်ဆောင်တဲ့ လူမှုကူညီရေးအသင်းက “ကျနော်တို့ဆီမှာ ညနေ ၅ နာရီလောက်က ဖုန်းဆက်အကြောင်းကြားလာတယ်။ အလောင်းက တခြားနေရာမှာ အသတ်ခံရပြီး ဒီမှာလာပစ်ထားတဲ့ပုံပေါ်တယ်။ ပြည်သူ့ဆေးရုံမှာ မနေ့ညက ပို့ပြီးတော့ အလောင်းကိုစစ်ဆေးတယ်။ ဒီမနက်ပိုင်းမှာ သဂြိုလ်ကြတယ်။ အလောင်းဘေးချထားတဲ့ ဆွဲခြင်းတောင်းထဲမှာ ကြက်ခြေထောက်တွေ၊ ဝမ်းတွင်းကလီစာတွေ၊ ဓားတွေလည်းရှိတယ်။ ပိုက်ဆံအိတ်ထဲက ပိုက်ဆံလည်း ယူမသွားကြဘူး။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာတော့ မသိရဘူး” လို့ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၂၀- ၂၅ နှစ်ကြားအရွယ်ဖြစ်ပြီး အမျိုးသမီးကတော့ အသက် ၅၀ လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။

Zawgyi

ကေလးၿမိဳ႕ ဆည္ႀကီးေခ်ာင္းတြင္ သားအမိ ၂ ဦးအေလာင္းေတြ႕ရွိ

ကေလးၿမိဳ႕နယ္၊ ဆည္ႀကီး႐ြာအနီး ဆည္ႀကီးေခ်ာင္းတြင္ ယမန္ေန႔ ဇူလိုင္ ၉ ရက္ေန႔က သဖန္းအိမ္႐ြာက သားအမိ ၂ ဦးရဲ႕ အေလာင္းေတြ႕ရွိတယ္လို႔သတင္းရရွိပါတယ္။

ေသဆုံးသူေတြဟာ ပ်ဥ္ေတာဦး႐ြာ ေက်းလက္ေဈးမွာ မနက္တိုင္း ၾကက္သားေရာင္းတဲ့သားအမိျဖစ္တယ္လို႔သိရတယ္။

အေလာင္းေပၚမွာ ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာ ၂ ခ်က္စီရွိၿပီး အမ်ိဳးသားရဲ႕ ဦးေခါင္းတြင္ ၄ လက္မအက်ယ္ ဓားဒဏ္ရာလည္းေတြ႕ရေၾကာင့္ အေလာင္းသြားသယ္တဲ့ လူမႈေရးကူညီေရးအသင္းထံကသိရတယ္။

အေလာင္းသယ္ေဆာင္တဲ့ လူမႈကူညီေရးအသင္းက “က်ေနာ္တို႔ဆီမွာ ညေန ၅ နာရီေလာက္က ဖုန္းဆက္အေၾကာင္းၾကားလာတယ္။ အေလာင္းက တျခားေနရာမွာ အသတ္ခံရၿပီး ဒီမွာလာပစ္ထားတဲ့ပုံေပၚတယ္။ ျပည္သူ႔ေဆး႐ုံမွာ မေန႔ညက ပို႔ၿပီးေတာ့ အေလာင္းကိုစစ္ေဆးတယ္။ ဒီမနက္ပိုင္းမွာ သၿဂိဳလ္ၾကတယ္။ အေလာင္းေဘးခ်ထားတဲ့ ဆြဲျခင္းေတာင္းထဲမွာ ၾကက္ေျခေထာက္ေတြ၊ ဝမ္းတြင္းကလီစာေတြ၊ ဓားေတြလည္းရွိတယ္။ ပိုက္ဆံအိတ္ထဲက ပိုက္ဆံလည္း ယူမသြားၾကဘူး။ ဘယ္သူက ဘာေၾကာင့္သတ္တယ္ဆိုတာေတာ့ မသိရဘူး” လို႔ေျပာပါတယ္။

ေသဆုံးသြားတဲ့ အမ်ိဳးသားဟာ အသက္ ၂၀- ၂၅ ႏွစ္ၾကားအ႐ြယ္ျဖစ္ၿပီး အမ်ိဳးသမီးကေတာ့ အသက္ ၅၀ ေလာက္ရွိမယ္လို႔ခန႔္မွန္းရပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်