ကလေးမြို့ တက္ကသိုလ်ကျောင်း (၃)ကျောင်းတွင် စစ်တပ်နဲ့ ရဲတွေ လာရောက်တပ်စွဲထားဟုဆို

ကလေးမြို့မှာတဲ့ ကလေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွင် ဒီနေ့ နေ့လည်လောက်ကစပြီး စစ်သားနဲ့ ရဲတပ်သားတွေ လာရောက်တပ်စွဲထားကြတယ်လို့ သတင်းရရှိပါတယ်။

ကလေးတက္ကသိုလ်တွင် ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က တပ်မတော်သား (၂၀) နဲ့ ရဲတပ်သား (၅)ဦးတို့လာရောက်ပြီး ဗန္ဓလဆောင်တွင်နေကြပါတယ်။

ကလေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးက “လမ်းသွားရင်းပါချုပ်နဲ့တွေ့တော့ ဝန်ထမ်းအိမ်ယာက ဆရာ၊မတွေရွေ့ချင်တဲသူတွေရှိတော့ကူပေးပါအုံးဆိုလို့ ကျတော်လည်းဆရာကြီးနဲ့အတူလိုက်သွားတယ်။ ဆရာကြီးပြောသလိုဆိုရင် သူတို့က ကျောင်းကို ဗုံးထောင်ပြီး ဖောက်ခွဲမယ်ဆိုတဲ့သတင်းကြားလို့ ၂ ရက် ၃ ရက်လောက်လစောင့်ပေးမယ်လို့ ပြောတယ်တဲ့။ ဒါပေမယ့် ပါချုပ်က ကျနော့်ကျောင်းကို ကျနော်တာဝန်ယူနိုင်တယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ရဲ့အထက်ကိုဖုန်းဆက်တော့ အဲ့လိုလုပ်လို့မရဘူးဆိုလို့ပါချုပ်ကလည်း ဗန္ဓလဆောင်မှာနေခိုင်းတယ်။ အပြင်လုံးဝမထွက်ကြနဲ့လို့ပြောတယ်။ ဆရာ၊မတွေကတော့ မနက်ကစပြီး ရုံးတက်ခိုင်းတယ်ဆိုတော့ သူတို့က အတင်းအဓမ္မရုံးတက်ခိုင်းချင်လို့ပဲဖြစ်မယ်လို့ယူဆကြတယ်။ တခြားကျောင်းတွေလည်း ကျတော်တို့ကျောင်းအင်အားလောက် တပ်မတော်သားနဲ့ ရဲတွေ ဒီနေ့ပဲလာကြတယ်လို့သတင်းကြားတယ်” လို့ပြောပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ တကၠသိုလ္ေက်ာင္း (၃)ေက်ာင္းတြင္ စစ္တပ္နဲ႔ ရဲေတြ လာေရာက္တပ္စြဲထားဟုဆို

ကေလးၿမိဳ႕မွာတဲ့ ကေလးတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္နဲ႔ နည္းပညာတကၠသိုလ္တြင္ ဒီေန႔ ေန႔လည္ေလာက္ကစၿပီး စစ္သားနဲ႔ ရဲတပ္သားေတြ လာေရာက္တပ္စြဲထားၾကတယ္လုိ႔ သတင္းရရွိပါတယ္။

ကေလးတကၠသိုလ္တြင္ ဒီေန႔ မြန္းလြဲ ၂ နာရီေလာက္က တပ္မေတာ္သား (၂၀) နဲ႔ ရဲတပ္သား (၅)ဦးတို႔လာေရာက္ၿပီး ဗႏၶလေဆာင္တြင္ေနၾကပါတယ္။

ကေလးတကၠသိုလ္ေက်ာင္းသားေဟာင္းတစ္ဦးက “လမ္းသြားရင္းပါခ်ဳပ္နဲ႔ေတြ႔ေတာ့ ဝန္ထမ္းအိမ္ယာက ဆရာ၊မေတြေရြ႕ခ်င္တဲသူေတြရွိေတာ့ကူေပးပါအံုးဆိုလို႔ က်ေတာ္လည္းဆရာၾကီးနဲ႔အတူလိုက္သြားတယ္။ ဆရာၾကီးေျပာသလိုဆိုရင္ သူတို႔က ေက်ာင္းကို ဗံုးေထာင္ၿပီး ေဖာက္ခြဲမယ္ဆိုတဲ့သတင္းၾကားလို႔ ၂ ရက္ ၃ ရက္ေလာက္လေစာင့္ေပးမယ္လုိ႔ ေျပာတယ္တဲ့။ ဒါေပမယ့္ ပါခ်ဳပ္က က်ေနာ့္ေက်ာင္းကို က်ေနာ္တာဝန္ယူႏိုင္တယ္လုိ႔ေျပာတယ္။ ဒါေပမယ့္ သူတို႔ရဲ႕အထက္ကိုဖုန္းဆက္ေတာ့ အဲ့လိုလုပ္လို႔မရဘူးဆိုလုိ႔ပါခ်ဳပ္ကလည္း ဗႏၶလေဆာင္မွာေနခိုင္းတယ္။ အျပင္လံုးဝမထြက္ၾကနဲ႔လို႔ေျပာတယ္။ ဆရာ၊မေတြကေတာ့ မနက္ကစၿပီး ရံုးတက္ခုိင္းတယ္ဆိုေတာ့ သူတို႔က အတင္းအဓမၼရံုးတက္ခိုင္းခ်င္လို႔ပဲျဖစ္မယ္လို႔ယူဆၾကတယ္။ တျခားေက်ာင္းေတြလည္း က်ေတာ္တုိ႔ေက်ာင္းအင္အားေလာက္ တပ္မေတာ္သားနဲ႔ ရဲေတြ ဒီေန႔ပဲလာၾကတယ္လုိ႔သတင္းၾကားတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်