ကလေးမြို့ ဖုန်းဆိုင်တစ်ဆိုင်တွင် သေနတ်နဲ့ ဓားမြတိုက်မှုဖြစ်ပွား

ကလေးမြို့ မြို့သာရပ်ကွက် နယ်မြေ (၃) နတ်ချောင်းလမ်း ဦးအဲသွင်နေအိမ် လရောင်ဖုန်းဆိုင်တွင် ဒီနေ့ နေ့လည်း ၁၂ နာရီ မိနစ် ၅၀ ခန့်က အမည်မသိ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်ဦးက ဓားမြတိုက်မှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းက “လူကတော့ ၁ ယောက်ထဲဗျ။ မျက်နှာဖုံးဆို မစ်တပ်ထားတယ်။ ဆိုင်ကယ်ဦးထုပ်ကို ကာဗာချထားတယ်လို့ပြောတယ်။ တောင်ဘက်ကနေ 125 ဆိုင်ကယ်လာပြီးတော့ ပိုက်ဆံသိန်း ၅၀ တောင်းတယ်။ အထဲမှာဝင်လာတဲ့ချိန် ဆိုင်ထဲမှာ ဆိုင်ပိုင်ရှင်ရဲ့ ဝမ်းကွဲအစ်ကို ဝင်လာတယ်။ အဲ့ချိန်မှာ အခြေအတင်ဖြစ်သွားတော့ အခြေအနေမဟန်တာကြောင့် သူ့ကိုသေနတ်နဲ့ရိုက်ထည့်ပြီးတော့ မြို့ထဲဘက်ကိုထွက်သွားတယ်။ အရိုက်ခံတဲ့သူက ပါးမှာ ပေါက်ပြဲဒဏ်ရာရသွားတယ်။ သေနတ်ကတော့ ပစ္စတိုလို့ပြောတယ်။ အတုလာ အစစ်လာတော့မသိဘူးပေါ့နော်။ လူကတော့ လူလတ်ပိုင်းပါပဲ။ မြို့နယ်နဲ့ ခရိုင်ရဲတွေလာပြီးတော့ သူတို့စစ်ဆေးတွေ့ရှိချက်တွေဆက်လက်ဆောင်ရွက်နေတယ်” လို့ပြောပါတယ်။

ဓားမြတိုက်သူဟာ ပိုက်ဆံကိုတော့ မရလိုက်ဘူးလို့သိရပါတယ်။

(Zawgyi)
ကေလးၿမိဳ႕ ဖုန္းဆိုင္တစ္ဆိုင္တြင္ ေသနတ္နဲ႔ ဓားျမတိုက္မႈျဖစ္ပြား

ကေလးၿမိဳ႕ ၿမိဳ႕သာရပ္ကြက္ နယ္ေျမ (၃) နတ္ေခ်ာင္းလမ္း ဦးအဲသြင္ေနအိမ္ လေရာင္ဖုန္းဆိုင္တြင္ ဒီေန႔ ေန႔လည္း ၁၂ နာရီ မိနစ္ ၅၀ ခန႔္က အမည္မသိ ေသနတ္ကိုင္ေဆာင္ထားတဲ့ လူတစ္ဦးက ဓားျမတိုက္မႈျဖစ္ပြားတယ္လို႔သတင္းရရွိပါတယ္။

ၿမိဳ႕သာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းမင္းက “လူကေတာ့ ၁ ေယာက္ထဲဗ်။ မ်က္ႏွာဖုံးဆို မစ္တပ္ထားတယ္။ ဆိုင္ကယ္ဦးထုပ္ကို ကာဗာခ်ထားတယ္လို႔ေျပာတယ္။ ေတာင္ဘက္ကေန 125 ဆိုင္ကယ္လာၿပီးေတာ့ ပိုက္ဆံသိန္း ၅၀ ေတာင္းတယ္။ အထဲမွာဝင္လာတဲ့ခ်ိန္ ဆိုင္ထဲမွာ ဆိုင္ပိုင္ရွင္ရဲ႕ ဝမ္းကြဲအစ္ကို ဝင္လာတယ္။ အဲ့ခ်ိန္မွာ အေျခအတင္ျဖစ္သြားေတာ့ အေျခအေနမဟန္တာေၾကာင့္ သူ႔ကိုေသနတ္နဲ႔႐ိုက္ထည့္ၿပီးေတာ့ ၿမိဳ႕ထဲဘက္ကိုထြက္သြားတယ္။ အ႐ိုက္ခံတဲ့သူက ပါးမွာ ေပါက္ၿပဲဒဏ္ရာရသြားတယ္။ ေသနတ္ကေတာ့ ပစၥတိုလို႔ေျပာတယ္။ အတုလာ အစစ္လာေတာ့မသိဘူးေပါ့ေနာ္။ လူကေတာ့ လူလတ္ပိုင္းပါပဲ။ ၿမိဳ႕နယ္နဲ႔ ခ႐ိုင္ရဲေတြလာၿပီးေတာ့ သူတို႔စစ္ေဆးေတြ႕ရွိခ်က္ေတြဆက္လက္ေဆာင္႐ြက္ေနတယ္” လို႔ေျပာပါတယ္။

ဓားျမတိုက္သူဟာ ပိုက္ဆံကိုေတာ့ မရလိုက္ဘူးလို႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်