ကလေးမြို့ ရပ်ကွက် (၅)ရပ်ကွက်ကို Stay at Home သတ်မှတ်လိုက်ပြီ

ကလေးမြို့ မြို့တွင် ရပ်ကွက်(၅)ရပ်ကွက်ကို ဒီနေ့ကစပြီး တိုင်းအစိုးရက Stay at Home သတ်မှတ်ဖို့အတည်ပြုလိုက်ပြီလို့ သတင်းရရှိပါတယ်။

Stay at Home သတ်မှတ်ဖို့ ဒေသန္တရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်စာဆက်လက်ထုတ်ပြန်မှာဖြစ်ပါတယ်။

ကလေးမြို့ကိုဗစ်ကော်မတီသတင်းနျင့်ပြန်ကြားရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူ ကိုသန့်စင်က “တိုင်းအစိုးရကတော့ ဒီနေ့ကစပြီး Stay at Home သတ်မှတ်ဖို့အတည်ပြုလိုက်ပြီ။ အခုက မြို့နယ်ကနေ ဒေသန္တရအမိန့်ထုတ်ပြန်ဖို့ပဲကျန်တော့တယ်။ ဘယ်ရက်ထိ ဖြစ်မလဲဆိုတာလည်း မသိရသေးဘူး” လို့ပြောပါတယ်။

Stay at Home သတ်မှတ်တဲ့ရပ်ကွက်ကတော့ အောင်သစ္စာ၊ တပ်ဦးသီတာ၊ ချမ်းမြေ့အောင်စည်၊ အောင်မင်္ဂလာ၊ မြို့သာရပ်ကွက်တွေဖြစ်ပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာစုစုပေါင်း (၂၃၈)ဦးရှိပြီး ယင်းရောဂါနဲ့ သေဆုံးသူ ၂ ဦးရှိပါတယ်။

ဒီဇင်ဘာလ (၈)ရက်နေ့တွင် Stay at Home သတ်မှတ်ဖို့ မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက တိုင်းအစိုးရထံတင်ပြခဲ့ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ ရပ္ကြက္ (၅)ရပ္ကြက္ကို Stay at Home သတ္မွတ္လိုက္ၿပီ

ကေလးၿမိဳ႕ ၿမိဳ႕တြင္ ရပ္ကြက္(၅)ရပ္ကြက္ကို ဒီေန႔ကစၿပီး တိုင္းအစိုးရက Stay at Home သတ္မွတ္ဖို႔အတည္ျပဳလိုက္ၿပီလို႔ သတင္းရရွိပါတယ္။

Stay at Home သတ္မွတ္ဖို႔ ေဒသႏၱရအမိန္႔ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက အမိန္႔စာဆက္လက္ထုတ္ျပန္မွာျဖစ္ပါတယ္။

ကေလးၿမိဳ႕ကိုဗစ္ေကာ္မတီသတင္းႏ်င့္ျပန္ၾကားေရးေကာ္မတီက ေျပာေရးဆိုခြင့္ရွိသူ ကိုသန္႔စင္က “တုိင္းအစိုးရကေတာ့ ဒီေန႔ကစၿပီး Stay at Home သတ္မွတ္ဖို႔အတည္ျပဳလုိက္ၿပီ။ အခုက ၿမိဳ႕နယ္ကေန ေဒသႏၱရအမိန္႔ထုတ္ျပန္ဖို႔ပဲက်န္ေတာ့တယ္။ ဘယ္ရက္ထိ ျဖစ္မလဲဆိုတာလည္း မသိရေသးဘူး” လို႔ေျပာပါတယ္။

Stay at Home သတ္မွတ္တဲ့ရပ္ကြက္ကေတာ့ ေအာင္သစၥာ၊ တပ္ဦးသီတာ၊ ခ်မ္းေျမ့ေအာင္စည္၊ ေအာင္မဂၤလာ၊ ၿမိဳ႕သာရပ္ကြက္ေတြျဖစ္ပါတယ္။

ကိုဗစ္ ဒုတိယလႈိင္းမွာ ပိုးေတြ႔လူနာစုစုေပါင္း (၂၃၈)ဦးရွိၿပီး ယင္းေရာဂါနဲ႔ ေသဆံုးသူ ၂ ဦးရွိပါတယ္။

ဒီဇင္ဘာလ (၈)ရက္ေန႔တြင္ Stay at Home သတ္မွတ္ဖို႔ ၿမိဳ႕နယ္အဆင့္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီက တိုင္းအစိုးရထံတင္ျပခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်