ကသည်းသူပုန်တွေနဲ့ ချင်းပူးပေါင်းရေးတပ်ဖွဲ့တွေ တွန်းဇံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်အခြေစိုက် ကသည်းသူပုန်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ယနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် စဲနမ် (Senam khua) အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ Chinland Joint Defense Committee အဖွဲ့ဝင်တွေလို့သာ ကနဦးသတင်းရရှိထားပြီး အဖွဲ့နာမည်အတိအကျကိုတော့ ၄င်းတို့ကိုယ်တိုင် နောက်ပိုင်းမှာထုတ်ပြန်ကြပါမယ်လို့သိရတယ်။

အခုလို ကသည်းသူပုန်တွေကိုတိုက်ခိုက်တာဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့သဘောဆန္ဒအတိုင်းလုပ်ဆောင်ခဲ့တာလို့ Chinland Joint Defense Committee ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။

အခုလိုပစ်ခတ်တာဟာ “စစ်ကောင်စီနဲပနီးစပ်တဲ့အဖွဲ့အစည်းတွေကို ကြိုတင်ဟန့်တားတဲ့သဘောပါ” တီးတိန်မြို့နယ်က PDF တပ်ဖွဲ့တစ်ဖွဲ့ရဲ့တာဝန်ရှိသူက Zalen သတင်းကိုပြောပါတယ်။

ချင်းပြည်နယ် အချို့နေရာမှာ ဖုန်းလိုင်းဖြတ်ထားတဲ့အပြင် ဖုန်းလိုင်းရရှိတဲ့နေရာမှာလည်း အသံကြည်လင်ပြတ်သားမှုမရှိတာကြောင့် သတင်းစီးဆင်းမှုအခက်အခဲဖြစ်နေပါတယ်။

ကသည်းသူပုန်တွေဟာ မြန်မာစစ်တပ်အဆက်ဆက်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ခေါင်းဆောင်ပိုင်းတွေဟာ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ မုံရွာတွေမှာ လွတ်လွတ်လပ်လပ်နေထိုင်ကြပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းကလည်း တွန်းဇံမြို့နယ်က ကျောင်းဆရာမတစ်ဦးကို ကသည်းသူပုန်အဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်သတ်ပြီး မဏီပူရ်ဘက်ထွက်ပြေးတာကြောင့် ခုထိ အရေးယူနိုင်ခြင်းမရှိသေးပါ။

၂၀၂၁ ခုနှစ် ဧပြီလက ကလေးမြို့ တာဟန်းသပိတ်စခန်းကို လက်နက်အင်အားနဲ့ အာဏာသိမ်းစစ်တပ်ကဖြိုခွင်းတုန်းကလည်း ကသည်းသူပုန်းတွေ စစ်တပ်နဲ့အတူပါဝင်တယ်လို့ နိုင်ငံခြားသတင်းစာတွေမှာဖော်ပြထားပါတယ်။ ဒါ့ပြင် တမူးမြို့က PDF တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေနိင်နှင်စဉ် ကသည်းသူပုန်တွေက စကစတပ်ဝတ်စုံဝတ်ဆင်ပြီး PDF တွေကိုတိုက်ခိုက်တယ်လို့ PDF Tamu က ၂၀၂၁ ခုနှစ် မေလတုန်းကထုတ်ပြန်ထားပါတယ်။

Zawgyi

ကသည္းသူပုန္ေတြနဲ႔ ခ်င္းပူးေပါင္းေရးတပ္ဖြဲ႔ေတြ တြန္းဇံၿမိဳ႕နယ္မွာ တုိက္ပြဲျဖစ္ပြား

အိႏိၵယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္အေျခစိုက္ ကသည္းသူပုန္ေတြနဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြဟာ ယေန႔ ဇန္နဝါရီ ၁၃ ရက္ မနက္ပိုင္းက ခ်င္းျပည္နယ္၊ တြန္းဇံျမိဳ႕နယ္ စဲနမ္ (Senam khua) အနီးမွာ တုိက္ပြဲျဖစ္ပြားခဲ့ၾကတယ္လုိ႔ ကနဦးသတင္းရရွိပါတယ္။

ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြဟာ Chinland Joint Defense Committee အဖြဲ႔ဝင္ေတြလို႔သာ ကနဦးသတင္းရရွိထားၿပီး အဖြဲ႔နာမည္အတိအက်ကိုေတာ့ ၄င္းတုိ႔ကိုယ္တုိင္ ေနာက္ပိုင္းမွာထုတ္ျပန္ၾကပါမယ္လို႔သိရတယ္။

အခုလို ကသည္းသူပုန္ေတြကိုတုိက္ခိုက္တာဟာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြရဲ႕သေဘာဆႏၵအတုိင္းလုပ္ေဆာင္ခဲ့တာလုိ႔ Chinland Joint Defense Committee ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ကဆိုပါတယ္။

အခုလိုပစ္ခတ္တာဟာ “စစ္ေကာင္စီနဲပနီးစပ္တဲ့အဖြဲ႔အစည္းေတြကို ၾကိဳတင္ဟန္႔တားတဲ့သေဘာပါ” တီးတိန္ၿမိဳ႕နယ္က PDF တပ္ဖြဲ႔တစ္ဖြဲ႔ရဲ႕တာဝန္ရွိသူက Zalen သတင္းကိုေျပာပါတယ္။

ခ်င္းျပည္နယ္ အခ်ဳိ႕ေနရာမွာ ဖုန္းလုိင္းျဖတ္ထားတဲ့အျပင္ ဖုန္းလုိင္းရရွိတဲ့ေနရာမွာလည္း အသံၾကည္လင္ျပတ္သားမႈမရွိတာေၾကာင့္ သတင္းစီးဆင္းမႈအခက္အခဲျဖစ္ေနပါတယ္။

ကသည္းသူပုန္ေတြဟာ ျမန္မာစစ္တပ္အဆက္ဆက္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိၿပီး ေခါင္းေဆာင္ပိုင္းေတြဟာ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္၊ စစ္ကိုင္းတုိင္း တမူး၊ ကေလး၊ မံုရြာေတြမွာ လြတ္လြတ္လပ္လပ္ေနထုိင္ၾကပါတယ္။

၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလတုန္းကလည္း တြန္းဇံၿမိဳ႕နယ္က ေက်ာင္းဆရာမတစ္ဦးကို ကသည္းသူပုန္အဖြဲ႔ဝင္တစ္ဦးက ေသနတ္နဲ႔ပစ္သတ္ၿပီး မဏီပူရ္ဘက္ထြက္ေျပးတာေၾကာင့္ ခုထိ အေရးယူႏိုင္ျခင္းမရွိေသးပါ။

၂၀၂၁ ခုႏွစ္ ဧၿပီလက ကေလးၿမိဳ႕ တာဟန္းသပိတ္စခန္းကို လက္နက္အင္အားနဲ႔ အာဏာသိမ္းစစ္တပ္ကျဖိဳခြင္းတုန္းကလည္း ကသည္းသူပုန္းေတြ စစ္တပ္နဲ႔အတူပါဝင္တယ္လုိ႔ ႏိုင္ငံျခားသတင္းစာေတြမွာေဖာ္ျပထားပါတယ္။ ဒါ့ျပင္ တမူးၿမိဳ႕က PDF ေတြကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြနိင္ႏွင္စဥ္ ကသည္းသူပုန္ေတြက စကစတပ္ဝတ္စံုဝတ္ဆင္ၿပီး PDF ေတြကိုတုိက္ခိုက္တယ္လုိ႔ PDF Tamu က ၂၀၂၁ ခုႏွစ္ ေမလတုန္းကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်