ကိုဗစ်ကာကွယ်ဆေးများအကြောင်း သိကောင်းစရာ

ဇလပ်သွေး (ချင်းမြေ)
07/27/2021

အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ
MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်။

PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ ရောဂါကို ၈၁.၈ – ၉၅ ရာခိုင်နှုန်ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်လို့သိရပါတယ်။ ဒါပေမယ့် ကျန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး။

အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ
COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်။

ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။

COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။

ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမဝတာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။

သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ဝမ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။

SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်းဝင် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါဝင်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။

အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။

ဒီကာကွယ်ဆေးမှာပါတဲ့ ပါဝင် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။

SINOVAC
ဒီကာကွယ်ဆေးက ဇူလိုင်လအတွင်း မြန်မာပြည်ကိုတစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အဝလွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။

ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ – ၅၀.၇ ရာခိုင်နှုန်းရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ ရာခိုင်နှုန်း၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။

ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်းဝယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။

SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန္ဒာကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၅ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -ပင်ပန်း နွမ်းနယ်တာ၊အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ချမ်းတုန်တာ၊ အဖျားရှိတာ၊ ပျို့အန်တာတွေ ရှိပါတယ်။

SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

(Zawgyi)
ကိုဗစ္ကာကြယ္ေဆးမ်ားအေၾကာင္း သိေကာင္းစရာ

ဇလပ္ေသြး (ခ်င္းေျမ)
07/27/2021

အေမရီကန္ႏိုင္ငံထုတ္ ကာကြယ္ေဆးမ်ား
MODERNA
Moderna ကာကြယ္ေဆးဟာ Vanderbilt University က ၉၄.၁ ရာခိုင္ႏႈန္းအထိကာကြယ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ဒီေဆးက ေလာေလာဆယ္ ကမာၻမွာ အေကာင္းဆုံး ကာကြယ္ေဆး ဆိုၿပီး သတ္မွတ္ထားပါတယ္။

PFIZER
Moderna ထက္တစ္ပတ္ေစာကာ ေၾကညာခဲ့တဲ့ ပထမဆုံး COVID ကာကြယ္ေဆး ျဖစ္ပါတယ္။ Pfizer ကာကြယ္ေဆးကေတာ့ ေရာဂါကို ၈၁.၈ – ၉၅ ရာခိုင္ႏႈန္ကာကြယ္ႏိုင္စြမ္းရွိပါတယ္။

ေဆးထိုးၿပီးရင္ ဘာေတြ ခံစားရေလ့ရွိလဲ?
Pfizer နဲ႔ Moderna က ဒုတိယ အလုံးထိုးၿပီးရင္ပိုျဖစ္တယ္လို႔ေတြ႕ရွိရပါတယ္ ။ ထိုးတဲ့ေနရာမွာ နာတာ ႏုံးတာ ေခါင္းကိုက္ ႂကြက္သားနာတာေတြက အျဖစ္မ်ားပါတယ္ ။ ရွားရွားပါပါး ႏွလုံးႂကြက္သားေရာင္တာ ႏွလုံးအေျမႇးေရာင္တာကို Pfizer နဲ႔ Moderna မွာေတြ႕ရပါတယ္လို႔သိရပါတယ္။ ဒါေပမယ့္ က်န္ေတာ္ကေတာ့ ဘာမွ မျဖစ္ပါဘူး။

အိႏၵိယႏိုင္ငံထုတ္ ကာကြယ္ေဆးမ်ား
COVISHIELD
ၿဗိတိန္ နည္းပညာကို အိႏၵိယ မွာ ထုတ္ခြင့္ေပးတာပါ ။ ၿဗိတိန္ မွာထုတ္တာကိုေတာ့ AstraZeneca နာမည္ေပးထားပါတယ္ ။ ဒီႏိုင္ငံမွာ ဇန္နဝါရီလကတည္းက Covishield ကာကြယ္ေဆးကို စတင္ထိုးႏွံေပးခဲ့ပါတယ္။ တစ္ဦးကို ႏွစ္ႀကိမ္ႏႈန္းနဲ႔ လူဦးေရတစ္သန္းခြဲစာကို သက္တမ္းကုန္ဆုံးရက္ မတိုင္ခင္ ဇြန္လအထိ ထိုးေပးႏိုင္ခဲ့ပါတယ္။ ဒီ Covishield ကာကြယ္ေဆးဟာ သက္တမ္းေျခာက္လသာ ရွိပါတယ္။

ဒီေဆးကို ပထမတစ္ႀကိမ္ထိုးထားရင္ ေရာဂါမျဖစ္ေအာင္ ၇၀.၄ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္ၿပီး ဒုတိယအႀကိမ္ ထိုးၿပီးခ်ိန္မွာေတာ့ ၈၂.၄ ရာခိုင္ႏႈန္းအထိ ကာကြယ္ႏိုင္ပါတယ္။ ေရာဂါေၾကာင့္ ေသဆုံးႏႈန္းကို အသက္ ၆၅ ႏွစ္ေက်ာ္အ႐ြယ္ေတြမွာ ၉၄ ရာခိုင္ႏႈန္းအထိ ကာကြယ္ႏိုင္တယ္လို႔ သိရပါတယ္။
ဒီေဆးထိုးထားသူေတြက မိမိမွတစ္ဆင့္ တျခားသူကို ေရာဂါျပန္ျဖန္႔ႏိုင္ႏႈန္း ၆၇ ရာခိုင္ႏႈန္း ေလ်ာ့က်သြားႏိုင္ပါတယ္။

COVAXIN
အခုလက္ရွိ အျပင္ေဆးခန္းတခ်ိဳ႕မွာ ထိုးေပးေနတဲ့ ကာကြယ္ေဆးက အိႏၵိယႏိုင္ငံထုတ္ Covaxin အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီေဆးကိုေတာ့ BBV152 လို႔လည္း သိၾကၿပီး ေသဆုံးေနတဲ့ဗိုင္းရပ္စ္ကို ျပဳျပင္ကာ ျပဳလုပ္ထားတဲ့ကာကြယ္ေဆးျဖစ္ပါတယ္။ သူက ခႏၶာကိုယ္ထဲကိုေရာက္ရင္ antibody ေတြ ထြက္လာၿပီး ခုခံအားစနစ္ကို လႈံ႕ေဆာ္ကာ ေရာဂါကို တိုက္ထုတ္ပစ္ႏိုင္ ပါတယ္။ ဒီေဆးက အိႏၵိယ ႏိုင္ငံအျပင္ အီရန္၊ မကၠဆီကို၊ နီေပါ၊ ဖိလစ္ပိုင္၊ ပါရာေဂြး၊ ဇင္ဘာေဘြနဲ႔ ေမာရစ္ရွားႏိုင္ ငံေတြမွာပါ အသုံးျပဳေနၿပီျဖစ္ပါတယ္။ ဒီေဆးကို တစ္ႀကိမ္နဲ႔ တစ္ႀကိမ္ ၄-၆ ပတ္ျခားၿပီး ႏွစ္ႀကိမ္ ထိုးရမွာျဖစ္ပါတယ္။ ေဆးကို ႏွစ္ႀကိမ္ထိုး ၿပီးရင္ ေရာဂါကို ကာကြယ္ႏိုင္စြမ္း ၇၈ ရာခိုင္ႏႈန္းရွိတယ္လို႔ သိရပါတယ္။
ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အဖ်ား ရွိတာ၊ ေခါင္းကိုက္တာ၊ စိတ္တိုတာ၊ ေဆးထိုးတဲ့ေနရာမွာ ေရာင္ရမ္းၿပီး နာက်င္တာေတြျဖစ္တတ္ပါတယ္။ ကာကြယ္ေဆးထိုးအၿပီး ပါရာစီတေမာလို မ်ိဳး အကိုက္အခဲေပ်ာက္ေဆးကို ေသာက္ထားသင့္ပါတယ္။

ေဆးနဲ႔ ျပင္းထန္ဓာတ္မတည့္မႈ ျဖစ္တာကေတာ့ အလြန္ရွားပါတယ္။ ဓာတ္မတည့္မႈျဖစ္ရင္ လည္ေခ်ာင္းေရာင္ရမ္းၿပီး အသက္ရႉမ၀တာ၊ ပ်ိဳ႕တာ၊ အန္တာ၊ အဖုအပိမ့္ေပါက္တာ၊ အဖ်ားရွိတာ၊ ေခါင္းကိုက္တာ၊ ခႏ္ၶာကိုယ္အႏွံ႔ကိုက္ခဲတာနဲ႔ ေဆးထိုးထားတဲ့လက္တစ္ဖက္ ေတာင့္တင္းေနတာေတြျဖစ္တတ္ပါတယ္။

ေသြးယိုစီးမႈျပႆနာရွိသူေတြ၊ ကိုယ္၀န္ေဆာင္မိခင္ေတြ ဒါမွမဟုတ္ ႏို႔တိုက္မိခင္ေတြက ဒီကာကြယ္ေဆးကို မထိုးသင့္ပါဘူး။

တ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးမ်ား
တ႐ုတ္ႏိုင္ငံထုတ္ကာကြယ္ေဆး ေတြျဖစ္တဲ့ Sinopharm ကို WHOက ယခုႏွစ္ ေမလအတြင္း အေရးေပၚအသုံး ျပဳခြင့္ေပးထားခဲ့ၿပီး Sinovac ကို ဇြန္လမွာ ခြင့္ျပဳထားခဲ့ၿပီး ျဖစ္ပါတယ္။ ဒီေဆးေတြကို လက္ရွိမွာ ႏိုင္ငံေပါင္း ၈၀ ေက်ာ္ အသုံးျပဳေနၾကၿပီလို႔ သိရပါတယ္။
ဒီကာကြယ္ေဆးႏွစ္မ်ိဳးစလုံး ေၾကာင့္ ရရွိႏိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြ က တျခားကာကြယ္ေဆးေတြေလာက္ အျဖစ္မမ်ားဘူးလို႔ သိရပါတယ္။ ေဆး ထိုးတဲ့ေနရာမွာ နာက်င္တာ၊ ပင္ပန္းႏြမ္း နယ္တာ၊ ၀မ္းပ်က္တာနဲ႔ ႂကြက္သားနာ က်င္တာေလာက္သာျဖစ္ၿပီး ႏွစ္ရက္အ တြင္း ျပန္လည္ေပ်ာက္ကင္းသြားတတ္ပါ တယ္။

SINOPHARM
ဒီကာကြယ္ေဆးက တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို လႉဒါန္းခဲ့တဲ့ကာကြယ္ ေဆးျဖစ္ပါတယ္။ တ႐ုတ္ကုန္သည္ မ်ားအသင္းခ်ဳပ္ကလည္း အသင္း၀င္ ေတြကို ဒီေဆးထိုးေပးဖို႔ စီစဥ္ေနတယ္လို႔ ၾကားသိရပါတယ္။ ဒီကာကြယ္ေဆးက SARS-CoV-2 ကို Beta-propiolactone ေခၚတဲ့ ဓာတုပစၥည္းနဲ႔ ကုသမႈျပဳလုပ္ထား တာျဖစ္ပါတယ္။ ဒီဓာတုပစၥည္းက ကိုဗစ္ဗိုင္းရပ္စ္နဲ႔ေပါင္းၿပီး COVID-19 ျဖစ္ ေစတဲ့ ဗိုင္းရပ္စ္ပြားမ်ားမႈကို ရပ္တန္႔ေပးလိုက္တာျဖစ္ပါတယ္။ ဒါ့ျပင္ သူ႔မွာ ပါ၀င္တဲ့ အလူမီနီယမ္ဟိုက္ဒေရာ ဆိုက္ေၾကာင့္ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က ပိုမိုျမင့္တက္လာပါတယ္။

အသက္ ၁၈ ႏွစ္အထက္ရွိသူေတြ ထိုးဖို႔သတ္မွတ္ေပးထားၿပီး တစ္ႀကိမ္နဲ႔ တစ္ႀကိမ္ၾကား သုံးပတ္ကေန ေလးပတ္ ျခားကာ ႏွစ္ႀကိမ္စီ ထိုးေပးရမွာျဖစ္ကာ ေရာဂါကာကြယ္ႏိုင္စြမ္းမွာ ၇၉.၃ ရာ ခိုင္ႏႈန္းရွိတယ္လို႔ သိရပါတယ္။ ဒီေဆး ကို ကိုယ္၀န္ေဆာင္မိခင္နဲ႔ ႏို႔တိုက္မိခင္ ေတြအတြက္ ထိုးေပးႏိုင္ပါတယ္။

ဒီကာကြယ္ေဆးမွာပါတဲ့ ပါ၀င္ ပစၥည္းေတြနဲ႔ ဓာတ္မတည့္မႈျဖစ္ဖူးသူ၊ အပူခ်ိန္ ၃၈.၅ ဒီဂရီထက္ ျမင့္မားသူ ေတြက ဒီေဆးကို မထိုးသင့္ပါဘူး။

ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ကာ ကြယ္ေဆးထိုးတဲ့ေနရာမွာ နာက်င္တာ၊ အဖ်ားရွိတာေတြအျပင္ ေခါင္းကိုက္တာ နဲ႔ ပင္ပန္းႏြမ္းနယ္တာေတြျဖစ္တတ္ပါ တယ္။

SINOVAC
ဒီကာကြယ္ေဆးက ဇူလုိင္လအတြင္း ျမန္မာျပည္ကိုတစ္သန္းေရာက္ရွိမွာျဖစ္ၿပီး အသက္ ႀကီးသူ၊ ေရာဂါအခံရွိသူ၊ ကာကြယ္ေဆး မထိုးရေသးတဲ့ က်န္းမာေရး၀န္ထမ္းေတြ၊ ပုဂၢလိက က်န္းမေရးေစာင့္ေရွာက္မႈေပး ေနသူေတြကို ဦးစားေပးထိုးႏွံေပးသြားမယ္လို႔ သိရပါတယ္။

ဒီေဆးက ဓာတ္ခြဲခန္းကေန ထုတ္ လုပ္ထားတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစားနဲ႔ ျပဳ လုပ္ထားတဲ့ Inactivated Virus Vaccine အမ်ိဳးအစားျဖစ္ပါတယ္။ ကာကြယ္ေဆးမွာ ပါ၀င္တဲ့ မ်ားစြာေသာ ပ႐ိုတင္းေတြကို ခုခံအားနစ္က တုံ႔ျပန္ၿပီး ကိုဗစ္ေရာဂါကို တိုက္ထုတ္မယ့္ Antibody ေတြထြက္လာေအာင္ လႈံ႕ေဆာ္ေပးမွာ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အထက္ရွိ သူ၊ ႏို႔တိုက္မိခင္၊ ကိုဗစ္ျဖစ္ႏိုင္ေျခ ျမင့္ မားတဲ့ အ၀လြန္သူ၊ ႏွလုံးေသြးေၾကာေရာဂါရွိသူနဲ႔ အဆုတ္ေရာဂါရွိသူေတြထိုးဖို႔ သတ္မွတ္ထားၿပီး တစ္ႀကိမ္နဲ႔ တစ္ႀကိမ္ ၾကား ၂-၄ ပတ္ျခားၿပီး ႏွစ္ႀကိမ္ထိုးရမွာ ျဖစ္ပါတယ္။

ေရာဂါကာကြယ္ႏိုင္စြမ္းက ႏိုင္ငံအ ေပၚလိုက္ၿပီး ၄၉.၆ – ၅၀.၇ ရာခိုင္ႏႈန္းရွိကာ ကိုဗစ္ ဆိုး ဆိုး႐ြား႐ြား အေျခအေနမေရာက္ေအာင္ ၈၅-၁၀၀ ရာခုိင္ႏႈန္း၊ ကိုဗစ္ေၾကာင့္ ေဆး႐ုံတက္ ရတာမ်ိဳးမျဖစ္ေအာင္ ၈၀-၁၀၀ ရာခုိင္ႏႈန္း ကာကြယ္ႏိုင္ပါတယ္။

႐ုရွားႏိုင္ငံထုတ္ကာကြယ္ေဆးမ်ား
႐ုရွားႏိုင္ငံကထုတ္တဲ့ ကာကြယ္ ေဆး ႏွစ္မ်ိဳးျဖစ္တဲ့ Sputnik V နဲ႔ Sputnik Light ေတြကို ျမန္မာႏိုင္ငံအ တြက္ ခုနစ္သန္း၀ယ္ဖို႔ မွာယူထားကာ မၾကာမီ အလုံးေရ ႏွစ္သန္းေရာက္ရွိမယ္လို႔ သိရပါတယ္။

SPUTNIK V
ဒီကာကြယ္ေဆးက တုပ္ ေကြးေရာဂါျဖစ္ေစတဲ့ Adenovirus အမ်ိဳးအစားႏွစ္မ်ိဳးကို ေရာဂါသယ္ေဆာင္ တဲ့အေနနဲ႔ ထည့္သြင္းအသုံးျပဳထားတာ ျဖစ္ပါတယ္။ ေရာဂါသယ္ေဆာင္တဲ့ဗိုင္း ရပ္စ္ေတြက ျပဳျပင္ထားတာေၾကာင့္ ခႏၵာကိုယ္ထဲမွာ ပိုးထပ္မံပြားမ်ားတာ၊ ေရာဂါ ျဖစ္တာေတြ မရွိေတာ့ပါဘူး။
ဒီေဆးကို အိႏ္ၵိယ၊ အာဂ်င္တီးနား၊ မြန္တီနီဂ႐ိုး၊ ႐ုရွား၊ ဗင္နီဇြဲလား၊ ဘီလာ ႐ုစ္၊ ဆားဗီးယား၊ ယူေအအီးနဲ႔ Europe တိုင္းျပည္ထဲက ဟန္ေဂရီအပါအ၀င္ ႏိုင္ငံေပါင္း ၆၄ ႏိုင္ငံမွာ အသုံးျပဳေနၾက ၿပီျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အထက္ရွိသူေတြ ထိုးႏိုင္ၿပီး ေရာဂါကာကြယ္ႏိုင္စြမ္းက ၉၁.၅ ရာခိုင္ႏႈန္းရွိကာ ကာကြယ္ ပထမအႀကိမ္ထိုးၿပီး သုံးပတ္အၾကာမွာ ဒုတိယအႀကိမ္ ထပ္မံထိုးရမွာျဖစ္ပါ တယ္။
ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ -ပင္ပန္း ႏြမ္းနယ္တာ၊အဆစ္နာတာ၊ ေခါင္းကိုက္တာ၊ ႂကြက္သားနာက်င္တာ၊ ခ်မ္းတုန္တာ၊ အဖ်ားရွိတာ၊ ပ်ိဳ႕အန္တာေတြ ရွိပါတယ္။

SPUTNIK LIGHT
ဒီကာကြယ္ေဆးက COVID-19 ေရာဂါကိုျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ကို ခုခံအားတည္ေဆာက္ ေပးတာျဖစ္ၿပီး ကာကြယ္ႏိုင္စြမ္း ၇၉.၄ ရာခိုင္ ႏႈန္းရွိတယ္လို႔ သိရပါတယ္။ သူရဲ႕ အား သာခ်က္က ေဆးတစ္ႀကိမ္သာ ထိုးရမွာျဖစ္ၿပီး ေဆးထိုးအၿပီး ေလးပတ္အၾကာမွာ ဗိုင္းရပ္စ္ပိုးကို အားေပ်ာ့ေစတဲ့ anti-body ထြက္လာႏိုင္ႏႈန္း ၉၁.၆၇ ရာခိုင္ ႏႈန္းအထိ ရွိတယ္လို႔ သိရပါတယ္။
႐ုရွားႏိုင္ငံမွာ ယခုႏွစ္ ေမလအတြင္း က အေရးေပၚအသုံးျပဳခြင့္ရရွိထားတာ ျဖစ္ပါတယ္။ ဒီေဆးကို ႐ုရွား၊ ဗင္နီဇြဲလား၊ အင္ဂိုရာ၊ ဘာရိန္း၊ နီကာရဂူး၊ ေမာလစ္ရွ၊ ပါလက္စတိုင္း၊ အာဂ်င္တီးနား၊ ဘီလာ ႐ုစ္၊ ကြန္ဂို၊ မြန္ဂိုလီးယား ေတာင္ကိုရီး ယားအပါအ၀င္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံမွာ ရရွိႏိုင္ၿပီျဖစ္ပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်