ကိုဗစ်ချိန်ကစပြီးပိတ်ထားတဲ့ တမူး-မိုးလေးနယ်စပ်ဂိတ်ကို အိန္ဒိယကပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါကြောင့်စတင်ပိတ်ပင်ခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးလေး နယ်စပ်အမှတ် (၁)ဂိတ်ကို ဇွန် ၄ ရက်နေ့ကစပြီး အိန္ဒိယဘက်ကပြန်လည်ဖွင့်လှစ်တယ်လို့ မဏိပူရ်အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။

တမူး-မိုးလေးနယ်စပ်တွင် အမှတ် (၁)ဂိတ်နဲ့ အမှတ် (၂)ဂိတ်ဆိုပြီး နယ်စပ်ဂိတ်၂ခုရှိရာ ပြည်သူအများစုကတော့ နယ်စပ်ဂိတ် အမှတ် (၂)ကိုသာအသုံးပြုကြပါတယ်။

နယ်စပ်ဂိတ်ပိတ်တဲ့ချိန်မှာ ကြားပေါက်များကနေ ဖြတ်ကျော်သွားလာကြပါတယ်။
တမူးမြို့ဒေသခံတစ်ဦးက အမှတ် (၁)နယ်စပ်ဂိတ်ဖွင့်ခြင်းနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“အမှတ် ၁ ဖွင့်တာက ဂိတ်ဖွင့်တာနဲ့ မဖွင့်တာအတူတူပဲ။ အဲ့ဒီလမ်းက မြန်မာပြည်ဘက်က သံတံတားပိတ်ထားရင် အကျိုးမရှိဘူး။ အခုထိ သံတံတားပိတ်ထားတုန်း။ အခုလည်း ကြားပေါက်ကနေ ဝင်ထွက်ပြီးအလုပ်လုပ်ကြတာပဲ။ အမှတ် ၂ ဂိတ်ကိုဖွင့်ရင် ပြည်သူအတွက်ပိုအကျိုးရှိမယ်” လို့ပြောပါတယ်။

အမှတ် (၂) နယ်စပ်ဂိတ်အနီးက တမူးမြို့ပြည်သူအများစု အသက်မွေးဝမ်းကျောင်းမှုမှာအသုံးပြုတဲ့ နန်းဖာလုံဈေးဟာလည်း ကိုဗစ်ဖြစ်ပွားတဲ့ချိန်ကစပြီး အခုထိ ဈေးပိတ်ထားပါတယ်။

တမူးမြို့ဒေသခံတစ်ဦးက “နယ်စပ်ဂိတ်ကနေ အခွန်အခကို မြန်မာပြည်ဘက်က ကောက်တာများရင် အဆင်မပြေဘူး။ နယ်စပ်ဂိတ်ကို ပျူစောထီးတွေနဲ့ ရဲတွေက အကျိုးဖြစ်မှာစိုးရိမ်တယ်” လို့ပြောပါတယ်။

Zawgyi

ကိုဗစ္ခ်ိန္ကစၿပီးပိတ္ထားတဲ့ တမူး-မိုးေလးနယ္စပ္ဂိတ္ကို အိႏၵိယကျပန္လည္ဖြင့္လွစ္

ကိုဗစ္-၁၉ ေရာဂါေၾကာင့္စတင္ပိတ္ပင္ခဲ့တဲ့ အိႏၵိယ-ျမန္မာနယ္စပ္ တမူး-မိုးေလး နယ္စပ္အမွတ္ (၁)ဂိတ္ကို ဇြန္ ၄ ရက္ေန႔ကစၿပီး အိႏၵိယဘက္ကျပန္လည္ဖြင့္လွစ္တယ္လို႔ မဏိပူရ္အစိုးရကသတင္းထုတ္ျပန္ထားပါတယ္။

တမူး-မိုးေလးနယ္စပ္တြင္ အမွတ္ (၁)ဂိတ္နဲ႔ အမွတ္ (၂)ဂိတ္ဆိုၿပီး နယ္စပ္ဂိတ္၂ခုရွိရာ ျပည္သူအမ်ားစုကေတာ့ နယ္စပ္ဂိတ္ အမွတ္ (၂)ကိုသာအသံုးျပဳၾကပါတယ္။

နယ္စပ္ဂိတ္ပိတ္တဲ့ခ်ိန္မွာ ၾကားေပါက္မ်ားကေန ျဖတ္ေက်ာ္သြားလာၾကပါတယ္။
တမူးၿမိဳ႕ေဒသခံတစ္ဦးက အမွတ္ (၁)နယ္စပ္ဂိတ္ဖြင့္ျခင္းနဲ႔ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

“အမွတ္ ၁ ဖြင့္တာက ဂိတ္ဖြင့္တာနဲ႔ မဖြင့္တာအတူတူပဲ။ အဲ့ဒီလမ္းက ျမန္မာျပည္ဘက္က သံတံတားပိတ္ထားရင္ အက်ိဳးမရွိဘူး။ အခုထိ သံတံတားပိတ္ထားတုန္း။ အခုလည္း ၾကားေပါက္ကေန ဝင္ထြက္ၿပီးအလုပ္လုပ္ၾကတာပဲ။ အမွတ္ ၂ ဂိတ္ကိုဖြင့္ရင္ ျပည္သူအတြက္ပိုအက်ဳိးရွိမယ္” လုိ႔ေျပာပါတယ္။

အမွတ္ (၂) နယ္စပ္ဂိတ္အနီးက တမူးၿမိဳ႕ျပည္သူအမ်ားစု အသက္ေမြးဝမ္းေက်ာင္းမႈမွာအသံုးျပဳတဲ့ နန္းဖာလုံေစ်းဟာလည္း ကိုဗစ္ျဖစ္ပြားတဲ့ခ်ိန္ကစၿပီး အခုထိ ေစ်းပိတ္ထားပါတယ္။

တမူးၿမိဳ႕ေဒသခံတစ္ဦးက “နယ္စပ္ဂိတ္ကေန အခြန္အခကို ျမန္မာျပည္ဘက္က ေကာက္တာမ်ားရင္ အဆင္မေျပဘူး။ နယ္စပ္ဂိတ္ကို ပ်ဴေစာထီးေတြနဲ႔ ရဲေတြက အက်ိဳးျဖစ္မွာစိုးရိမ္တယ္” လုိ႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်