ကိုဗစ်ရောဂါကြောင့် တစ်ဦးသေဆုံးတဲ့ တွီးထန်ကျေးရွာတွင် ကိုဗစ်လူနာသစ် ၈ ဦးထပ်တွေ့

တီးတိန်မြို့နယ် တွီးထန်ကျေးရွာတွင် ဒီနေ့ ကိုဗစ်-၁၉ လူနာ သစ် (၈)ဦးတွေ့ရှိတာကြောင့် ယင်းကျေးရွာမှ ကိုဗစ်လူနာ စုစုပေါင်း (၁၉)ဦးရှိတယ်လို့သတင်းရရှိပါတယ်။

ဒီဇင်ဘာလ (၂၇) ရက်တွင် ကိုဗစ်လူနာ (၁၂)ဦးတွေ့ရှိပြီး ၎င်းတို့ထဲမှ အသက် (၆၅)နှစ်အရွယ် နှလုံးရောဂါအခံရှိသူအမျိုးသားတစ်ဦးသေဆုံးပါတယ်။

ဒီဇင်ဘာလ (၁၉) ရက်တွင် ကိုဗစ်ရောဂါလက္ခာဏာရှိသူ တွီးထန်ရွာသား ၂ ဦးကို စစ်ဆေးရာ ရောဂါပိုး စတင်တွေ့ရှိပါတယ်။ ၂၁ ရက်နေ့တွင် contact အားလုံးစစ်ဆေးရာ ပိုးတွေ့လူနာ ၉ ယောက်တွေ့ရှိပါတယ်။ Covid-19 လူနာအားလုံးကို တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကုသကြပါတယ်။

တွီးထန်ကျေးရွာ ကျေးလက်ကျန်းမာရေးမှူး ဦးလမ်ကိမ်းခိုင်က “သားဖွားဆရာမတစ်ယောက် ပိုးတွေ့ပြီး ဆေးဝန်ထမ်းအားလုံး စင်တာဝင်ရတယ်။ ဒါကြောင့် တီးတိန်မြို့ကနေ ကျနော်တို့ဌာနနဲ့ဆက်စပ်တဲ့ဝန်ထမ်းတွေလွတ်လာတယ်။ ရွာလည်းအဝင်အထွက်ကန့်သတ်ထား။ ခုချိန်ရွာသားတွေ တောင်ယာအသစ်ခုတ်တဲ့ချိန်ဆိုတော့ ကြာလာရင်တော့ စားနပ်ရိက္ခာအခက်အခဲဖြစ်လာနိုင်တယ်” လို့ပြောပါတယ်။

တွီးထန်ကျေးရွာတွင် အိမ်ခြေ ၅၈၆ အိမ်ရှိပါတယ်။ တီးတိန်မြို့ကနေ ၁၈ မိုင်ကွာဝေးပြီး အနောက်မြောက်တွင်ရှိပါတယ်။ လက်ရှိ တွီးထန်ကျေးရွာတွင် HQ ၂၃ ယောက်၊ FQ ၂၆ ယောက်ရှိပါတယ်။

(Zawgyi)

ကိုဗစ္ေရာဂါေၾကာင့္ တစ္ဦးေသဆံုးတဲ့ တြီးထန္ေက်းရြာတြင္ ကိုဗစ္လူနာသစ္ ၈ ဦးထပ္ေတြ႔

တီးတိန္ၿမိဳ႕နယ္ တြီးထန္ေက်းရြာတြင္ ဒီေန႔ ကိုဗစ္-၁၉ လူနာ သစ္ (၈)ဦးေတြ႔ရွိတာေၾကာင့္ ယင္းေက်းရြာမွ ကိုဗစ္လူနာ စုစုေပါင္း (၁၉)ဦးရွိတယ္လို႔သတင္းရရွိပါတယ္။

ဒီဇင္ဘာလ (၂၇) ရက္တြင္ ကိုဗစ္လူနာ (၁၂)ဦးေတြ႔ရွိၿပီး ၄င္းတို႔ထဲမွ အသက္ (၆၅)ႏွစ္အရြယ္ ႏွလံုးေရာဂါအခံရွိသူအမ်ဳိးသားတစ္ဦးေသဆံုးပါတယ္။

ဒီဇင္ဘာလ (၁၉) ရက္တြင္ ကိုဗစ္ေရာဂါလကၡာဏာရွိသူ တြီးထန္ရြာသား ၂ ဦးကို စစ္ေဆးရာ ေရာဂါပိုး စတင္ေတြ႔ရွိပါတယ္။ ၂၁ ရက္ေန႔တြင္ contact အားလံုးစစ္ေဆးရာ ပိုးေတြ႔လူနာ ၉ ေယာက္ေတြ႔ရွိပါတယ္။ Covid-19 လူနာအားလံုးကို တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ကုသၾကပါတယ္။

တြီးထန္ေက်းရြာ ေက်းလက္က်န္းမာေရးမွဴး ဦးလမ္ကိမ္းခုိင္က “သားဖြားဆရာမတစ္ေယာက္ ပိုးေတြ႔ၿပီး ေဆးဝန္ထမ္းအားလံုး စင္တာဝင္ရတယ္။ ဒါေၾကာင့္ တီးတိန္ၿမိဳ႕ကေန က်ေနာ္တို႔ဌာနနဲ႔ဆက္စပ္တဲ့ဝန္ထမ္းေတြလြတ္လာတယ္။ ရြာလည္းအဝင္အထြက္ကန္႔သတ္ထား။ ခုခ်ိန္ရြာသားေတြ ေတာင္ယာအသစ္ခုတ္တဲ့ခ်ိန္ဆိုေတာ့ ၾကာလာရင္ေတာ့ စားနပ္ရိကၡာအခက္အခဲျဖစ္လာႏိုင္တယ္” လို႔ေျပာပါတယ္။

တြီးထန္ေက်းရြာတြင္ အိမ္ေျခ ၅၈၆ အိမ္ရွိပါတယ္။ တီးတိန္ၿမိဳ႕ကေန ၁၈ မိုင္ကြာေဝးၿပီး အေနာက္ေျမာက္တြင္ရွိပါတယ္။ လက္ရွိ တြီးထန္ေက်းရြာတြင္ HQ ၂၃ ေယာက္၊ FQ ၂၆ ေယာက္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်