ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တမူးနဲ့ ရိနယ်စပ်ဂိတ်ကို အိန္ဒိယက ရက်အကန့်အသတ်မရှိပိတ်ထား

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် အိန္ဒိယနဲ့ မြန်မာနယ်စပ်ဂိတ်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ မတ်လ (၉)ရက်နေ့က အိန္ဒိယနိုင်ငံအစိုးရကထုတ်ပြန်ကြေညာသွားပါတယ်။
အခုလို နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် အိန္ဒိယကိုမှီခိုပြီးဖွင့်လှစ်တဲ့ နန်းဖာလုံဈေးလည်း ဈေးဝယ်တဲ့သူမရှိလို့ ပိတ်ထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နန်းဖာလုံဈေးမှာ ဈေးရောင်းသူ ကိုအောင်ကျော်က “အခုပိတ်တာက အိန္ဒိယ အာဆမ်တပ်ကပိတ်တာ။ ဗဟိုအစိုးရက အိန္ဒိယနဲ့ဆက်တဲ့က နယ်စပ်ဂိတ်တွေပိတ်ထားဖို့ပြောတာတယ်တဲ့။ ဒီနေ့တော့ဟိုဘက်ဒီဘက်လူအဝင်အထွက်မရှိတော့ဘူး။ နန်းဖာလုံဈေးကို မြန်မာပြည်အနေနဲ့မပိတ်ဘူး။ ဟိုဘက်ကိုမှီခိုနေတော့ ကိုယ့်သဘောကိုယ် ပိတ်ကြတယ်။ ဈေးပိတ်တဲ့တွက် ဆိုင်ရှင်တွေတွက်အများကြီးမထိဘူး။ ဒေါ်လာဈေးကျတာကြောင့် မြန်မာကျပ်မာနေတော့ ရောင်းရင်လည်း ရှုံးနေတယ်လေ။ ဒါပေမယ့် မြောက်ငိုသီးသမားတွေ၊ သစ်သီးသမားတွေ ကုန်စိမ်းသမားတွေ ဟိုဘက်ကို မဝင်နိုင်တော့ နယ်စပ်ဂိတ်တစ်လျှောက်မှာ ဒီတိုင်းထိုင်စောင့်နေတော့ အရမ်းစာနာမိတယ်။ အခြေခံလူတန်းစားတွေတော်တော်အထိနာတယ်။ ဒီနေ့လည်း ကလေးကနေ မြောက်ငိုသီးတင်တဲ့ ကားတွေလာနေတာ တွေ့နေသေးတယ်” လို့ပြောပါတယ်။

တမူးနဲ့ မိုးရေး နယ်စပ်တွင် အဝင်အထွက်ဂိတ် နံပတ် (၁) နဲ့ နံပတ် (၂)ရှိပြီး ယင်းဂိတ်အပြင် ကြားဂိတ်တွေပါပိတ်တယ်လို့သိရပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်ဖြစ်တဲ့ ရိခေါ်ဒါရ်မြို့ လ.ဝ.က ဦးစီးမှူး ဦးမောင်မောင်က “အိန္ဒိယဘက်က သူ့နိုင်ငံသားတွေကို မြန်မာဘက်မဝင်ဖို့ကြေညာထားတယ်လို့သိရတယ်။ အရင်ကဆို ဟိုဘက်ကနေ လူမှုရေး၊ သာရေးနာရေးကြောင့် ဒီဘက်ကိုလာတဲ့သူကတော်တော်များတယ်။ ဒီဘက်ကနေလည်း ဟိုဘက်ကိုဝင်သွားတာ သိပ်မရှိတော့ဘူး။ ကုန်ပစ္စည်းတွေလည်း စားကုန်လောက်ပဲသွားတယ်။ ကျနော်တို့ နိုင်ငံဘက်ကတော့ဂိတ်ပိတ်ဖို့ အထက်ကအမိန့်မကျလာသေးဘူး” လို့ပြောပါတယ်။

(Zawgyi)

ကိုရိုနာဗုိင္းရပ္စ္ေရာဂါေၾကာင့္ တမူးနဲ႔ ရိနယ္စပ္ဂိတ္ကို အိႏိၵယက ရက္အကန္႔အသတ္မရွိပိတ္ထား

ကိုရိုနာ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ အိႏိၵယနဲ႔ ျမန္မာနယ္စပ္ဂိတ္အားလံုးကို ရက္အကန္႔အသတ္မရွိ ပိတ္ထားတယ္လို႔ မတ္လ (၉)ရက္ေန႔က အိႏိၵယႏိုင္ငံအစိုးရကထုတ္ျပန္ေၾကညာသြားပါတယ္။
အခုလို နယ္စပ္ဂိတ္ပိတ္ထားျခင္းေၾကာင့္ အိႏိၵယကိုမီွခိုၿပီးဖြင့္လွစ္တဲ့ နန္းဖာလံုေစ်းလည္း ေစ်းဝယ္တဲ့သူမရွိလို႔ ပိတ္ထားၾကပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး နန္းဖာလံုေစ်းမွာ ေစ်းေရာင္းသူ ကိုေအာင္ေက်ာ္က “အခုပိတ္တာက အိႏိၵယ အာဆမ္တပ္ကပိတ္တာ။ ဗဟိုအစိုးရက အိႏိၵယနဲ႔ဆက္တဲ့က နယ္စပ္ဂိတ္ေတြပိတ္ထားဖို႔ေျပာတာတယ္တဲ့။ ဒီေန႔ေတာ့ဟိုဘက္ဒီဘက္လူအဝင္အထြက္မရွိေတာ့ဘူး။ နန္းဖာလံုေစ်းကို ျမန္မာျပည္အေနနဲ႔မပိတ္ဘူး။ ဟိုဘက္ကိုမွီခိုေနေတာ့ ကိုယ့္သေဘာကိုယ္ ပိတ္ၾကတယ္။ ေစ်းပိတ္တဲ့တြက္ ဆုိင္ရွင္ေတြတြက္အမ်ားၾကီးမထိဘူး။ ေဒၚလာေစ်းက်တာေၾကာင့္ ျမန္မာက်ပ္မာေနေတာ့ ေရာင္းရင္လည္း ရံႈးေနတယ္ေလ။ ဒါေပမယ့္ ေျမာက္ငိုသီးသမားေတြ၊ သစ္သီးသမားေတြ ကုန္စိမ္းသမားေတြ ဟိုဘက္ကို မဝင္ႏိုင္ေတာ့ နယ္စပ္ဂိတ္တစ္ေလွ်ာက္မွာ ဒီတုိင္းထုိင္ေစာင့္ေနေတာ့ အရမ္းစာနာမိတယ္။ အေျခခံလူတန္းစားေတြေတာ္ေတာ္အထိနာတယ္။ ဒီေန႔လည္း ကေလးကေန ေျမာက္ငိုသီးတင္တဲ့ ကားေတြလာေနတာ ေတြ႔ေနေသးတယ္” လို႔ေျပာပါတယ္။

တမူးနဲ႔ မိုးေရး နယ္စပ္တြင္ အဝင္အထြက္ဂိတ္ နံပတ္ (၁) နဲ႔ နံပတ္ (၂)ရွိၿပီး ယင္းဂိတ္အျပင္ ၾကားဂိတ္ေတြပါပိတ္တယ္လို႔သိရပါတယ္။

ဒါ့ျပင္ ခ်င္းျပည္နယ္နဲ႔ အိႏိၵယနယ္စပ္ျဖစ္တဲ့ ရိေခၚဒါရ္ၿမိဳ႕ လ.ဝ.က ဦးစီးမွဴး ဦးေမာင္ေမာင္က “အိႏိၵယဘက္က သူ႔ႏိုင္ငံသားေတြကို ျမန္မာဘက္မဝင္ဖို႔ေၾကညာထားတယ္လို႔သိရတယ္။ အရင္ကဆို ဟိုဘက္ကေန လူမႈေရး၊ သာေရးနာေရးေၾကာင့္ ဒီဘက္ကိုလာတဲ့သူကေတာ္ေတာ္မ်ားတယ္။ ဒီဘက္ကေနလည္း ဟိုဘက္ကိုဝင္သြားတာ သိပ္မရွိေတာ့ဘူး။ ကုန္ပစၥည္းေတြလည္း စားကုန္ေလာက္ပဲသြားတယ္။ က်ေနာ္တို႔ ႏိုင္ငံဘက္ကေတာ့ဂိတ္ပိတ္ဖို႔ အထက္ကအမိန္႔မက်လာေသးဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်