ကူကီးရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ မြေယာစီမံခန့်ခွဲမှုသုတေသနစာအုပ် မိတ်ဆက်ပွဲကို မိုးရေးမြို့တွင်ပြုလုပ်

ကူကီးလူငယ်ကွန်ရက်/ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ဦးစီးကျင်းပပြုလုပ်သော ကူကီးရိုးရာဓလေ့ထုံးတမ်းဆိုင်ရာမြေယာစီမံခန့်ခွဲမှု သုတေသနစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ် မိုးရေးမြို့၌ အောင်မြင်စွာပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် တော်လှန်ရေးကာလ ထွက်ပြေးတိမ်းရှောင်လာသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ CDM ဝန်ထမ်းများနှင့်အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲဖြင့် ရွေးကောက်ခံ မြို့နယ်အသီးသီးမှ လွတ်တော်ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ (၅၀)ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြသည်။

315322192_1197853667466887_146636676832904820_n

ကူကီးရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ မြေယာစီမံခန့်ခွဲမှု သုတေသနပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ သုတေသန၏ တွေ့ရှိချက်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခြင်းများနှင့်အတူ တက်ရောက်လာသည့် လွတ်ကိုယ်စားလှယ် အသီးသီးမှ မြေယာကဏ္ဍအရေးကြီးပုံ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များအား အလေးထားအသိအမှတ်ပြုရန်အရေးကြီးပုံနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီအစိုးရ လက်ထက်တွင် ယခု ကူကီးတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာ သုတေသနအချက်အလက်များသည် လွန်စွာအသုံးဝင်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလတွင် ပြည်သူလူထုမှာ တော်လှန်ရေးလုပ်ငန်းကိစ္စ များကိုသာ စိတ်ဝင်စားသည်ကိုတွေ့ရသည်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်၏ အရင်းခံအကြောင်းရင်းတစ်ရပ်မှာ မြေယာကဏ္ဍဖြစ်သည်ကို မီးမောင်းထိုးပြချင်ပါသည်။ အစိုးရအဆက်ဆက်မှ တောင်သူလယ်သမားများ၏ လယ်ယာမြေများကို စစ်တပ်၏ ဘားတိုက်များနှင့် အစိုးရ၏ မဟာစီးပွားရေး စီမံကိန်းအဖြစ်ပြောင်းလဲသွားသည်။ အထူးသဖြင့် ၂၀၁၀ ဦးသိန်းစိန်အစိုးရ ဒီမိုကရေစီအစိုးရ လက်ထက်မှ စတင်ကာ တိုင်းရင်းသားများ၏ မြေနေရာများကို သိမ်းပိုက်နိုင်ရန်အတွက် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေများကို လုပ်ငန်းရှင်များအကြိုက်ရေးဆွဲအတည်ပြု လာခဲ့သည်ကိုတွေ့ရသည်။

315205933_667980931460910_6029312274614678848_n

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ပြီး ကွဲပြားခြားနားသည့် ပထဝီအနေအထား၊ လူမျိုးရေးနောက်ခံသမိုင်းနှင့် ထူးခြားသည့် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ပုံစံရှိကြသည်။ ထိုနည်းတူ ကူကီးလူမျိုးများသည်လည်း အစဉ်လာအရ ရေ၊ မြေသစ်တော မြေနေရာများကို စနစ်တကျ စီမံအသုံးချလာခဲ့ကြသည်။ ကူကီးလူမျိုးများသည် အမဲလိုက်ခြင်းနှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ဆောင်ကြသော်လည်း စစ်အစိုးရအဆက်ဆက်၏ တားဆီးပိတ်ပင်မှုများ၊ ဥပဒေများကြောင့် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းများ မှေးမိန်ပျောက်ကွယ်လာပါတော့သည်။ ထို့ကြောင့် အနာဂတ်တိုင်းပြည် တည်ဆောက်ရာတွင် တိုင်းရင်းများ၏ ဓလေ့ထုံးတမ်း အမွေအနှစ်များကို အသိမှတ်ပြုကာ ဥပဒေအဖြစ် အတည်ပြု ပြဌာန်းမှသာ ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းကိုဖော်ဆောင်နိုင်မည်ဟု အပြည့်အဝယုံကြည်ပါသည်။

ကူကီးလူမျိုးများ၏ မြေယာဓလေ့ထုံးတမ်း အသုံးချမှုအချက်အလက်များကို ကူကီးလူမျိုးများနေထိုင်သည့် မြို့နယ်များဖြစ်သည့် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်းလွတ်မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်များတွင် သွားရောက်မှတ်တမ်းကောက်ယူ ပြုစုခဲ့သည်။

ဤစာအုပ်တွင် ကူကီးလူမျိုးများ ကျင့်သုံးသော မြေယာဓလေ့ထုံးတမ်း ပုံစံအမျိုးမျိုးအား ကျင့်သုံးမှုပုံစံအလိုက် ဖော်ပြထားပါသည်။ထိုမြေယာဓလေ့ကို ကူကီးလူမျိုးများ လွန်စွာမြတ်နိုးတန်ဖိုးထားကြောင်း ၎င်းတို့ထံမှရရှိလာသော သတင်းအချက်အလက်အတိုင်း ထင်ရှားစွာရေးသားဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်