ကျောက်တော်-ပလက်ဝကြား ရေကြောင်းလမ်း ပြန်ဖွင့်ပေမယ့် ကုန်စည်ပို့ဆောင်ခွင့်ပိတ်ပင်ထားဆဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့အတွက် အခြေခံစားသောက်ကုန်ကို အဓိက တင်သွင်းပို့ဆောင်ပေးနေတဲ့ ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို မနေ့ သြဂုတ် ၁၈ ရက်ကစပြီး စစ်ကောင်စီက ပြန်လည်အသုံးပြုခွင့်ပေးထားကြောင်း ပလက်ဝ ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီက သြဂုတ် ၁ ရက်ကစပြီး ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကိုပိတ်ထားပြီး အခုရေကြောင်းပြန်ဖွင့်ပေမယ့် အခြေခံစားသောက်ကုန်များသယ်ဆောင်ခွင့်ပိတ်ပင်ထားတယ်လို့သိရတယ်။

ပလက်ဝမြို့ခံတစ်ဦးက “မနေ့က ကျောက်တော်က ဇက်ယာဉ်တစ်စင်းတက်လာတယ်။ မနက်ဖြန်မှ ပြန်ဆင်းမယ် ကြားတယ်။ ဒီကနေ ထွက်ခွာတဲ့ ဇက်ယာဉ်တော့ မရှိသေးဘူး။ ပြီးတော့ မနေ့က တက်လာတဲ့ဟာကလည်း စားနပ်ရိက္ခာကို သယ်ဆောင်တာမဟုတ်ပဲ ခရီးသည်ကိုပဲ အဓိက တင်တာ။ အဲ့ကြောင့် ရေကြောင်း ပြန်ဖွင့်တယ် ဆိုပေမယ့်လည်း အခြေခံစားသောက်ကုန်ကတော့ ယခင်အတိုင်းတိုင်းပဲ ပျက်လပ်နေဆဲပဲ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဇက်ယာဉ်ကိုသာ ဖြတ်သန်းသွားခွင့် ရရှိထားတာဖြစ်ပြီး စက်လှေသွားလို့ မရသေးကြောင်းလည်း သိရပါတယ်။ အဲ့ဒီလို ကုန်စည်ပို့ဆောင်မှုပိတ်ပင်တာကြောင့် ပလက်ဝတွင် ဆန်တစ်အိတ်ကို တစ်သိန်းဝန်းကျင်၊ ဓာတ်ဆီတစ်လီတာကို ၇၅၀၀ နဲ့ဝယ်ယူနေကြကြောင်းသိရတယ်။

ထို့အပြင် ပလက်ဝမြို့တွင် ယခင်က ၂ ရက်တစ်ကြိမ် ၇ နာရီခန့် မီးအလှည့်အကျ ရရှိခဲ့သော်လည်း ခုတော့ ၂ ရက်တွင် ၃ နာရီသာ မီးရရှိတော့တယ်လို့ မြို့ခံများက ပြောပါတယ်။

“အရင်ကဆို ပလက်ဝမြို့ကို နှစ်ပိုင်းခွဲပြီး တစ်ရက်ကို ၇ နာရီစီ အလှည့်အကျမီးပေးတယ်။ ဆိုတော့ ဒီနေ့ ကျွန်မတို့ဆီမှာ မီး ၇ နာရီ ရတယ်ဆိုရင် နောက်နေ့ ကျွန်မတို့ မရတော့ဘူး အခြားတစ်ဖက်မှာ ၇ နာရီမီးရတယ်။ ခုနောက်ပိုင်းတော့ ၇ နာရီကနေ ၃ နာရီအထိပဲ ရတော့တယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်