ကျောက်ထုမြို့က မင်းတပ်စစ်ဘေးရှောင်တွေရဲ့ဖုန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေး

ချင်းပြည်နယ် မင်းတပ်မြို့မှ မကွေးတိုင်း ကျောက်ထုမြို့ ကက်သလစ်ဘုရားကျောင်း စစ်ဘေးရှောင်စခန်းသို့ထွက်ပြေးလာတဲ့ပြည်သူတွေရဲ့ ဖုန်းကို ဒီနေ့အောက်တိုဘာ ၃ ရက်မနက် ၁ဝနာရီခွဲလောက်က စစ်ကောင်စီအဖွဲ့ ၂၅ လောက်ကဝင်ရောက်စစ်ဆေးသွားတယ်လို့သတင်းရရှိပါတယ်။

မြို့နယ်ရဲစခန်းမှူး၊ စစ်တပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၂၀ လောက်ဟာ ကက်သလစ်ဘုရားကျောင်းထဲသို့ဝင်လာပြီး ယင်းနေရာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလူစုခိုင်းကာ ဖုန်း ၁၈ လုံးကိုစစ်ဆေးကြတယ်လို့သိရတယ်။

စစ်ကောင်စီဖွဲ့ဝင်တွေဟာ ဖုန်းထဲက Facebook, messenger, Video file, SMS တွေစစ်ဆေးပြီး ဖုန်းထဲက အပြန်အလှန်စကားပြောထားတဲ့လူရဲ့တည်နေရာ၊ ပြောတဲ့အကြောင်းအရာတွေ စစ်ဆေးမေးမြန်းတယ်လို့သိရတယ်။

ကက်သလစ်ဘုရားကျောင်းထဲက စစ်ဘေးရှောင်စခန်းတွင် လူ ၂၀၀ လောက်ရှိပြီး ထပ်မံတိုးချဲ့ဖို့စီစဉ်နေကြပါတယ်။ ကျောက်ထုမြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်း ၆ ခုရှိပြီး စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော်ရှိပါတယ်။

စစ်ကောင်စီကလည်း ပခုက္ကုမြို့ကနေ ယောနယ်နဲ့ မင်းတပ်ဘက်သို့ ကုန်ပစ္စည်းတင်ပို့တဲ့ယာဉ်တွေကို တားမြစ်ထားတာကြောင့် စစ်ဘေးရှောင်ကူညီရေးမှာအခက်အခဲဖြစ်စေပါတယ်။

ကျောက်ထုမြို့က မင်းတပ်စစ်ဘေးရှောင်တွေအတွက် အလှူငွေထည့်ဝင်လိုပါက ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီရဲ့ Facebook page Inbox ကတဆင့် ဆက်သွယ်နိုင်ပါတယ်။
Page Link
https://www.facebook.com/Kyauk-Htu-IDPs-Management-Committee-101180965665508

Zawgyi

ေက်ာက္ထုၿမိဳ႕က မင္းတပ္စစ္ေဘးေရွာင္ေတြရဲ႕ဖုန္းကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စစ္ေဆး

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွ မေကြးတုိင္း ေက်ာက္ထုၿမိဳ႕ ကက္သလစ္ဘုရားေက်ာင္း စစ္ေဘးေရွာင္စခန္းသို႔ထြက္ေျပးလာတဲ့ျပည္သူေတြရဲ႕ ဖုန္းကို ဒီေန႔ေအာက္တိုဘာ ၃ ရက္မနက္ ၁၀နာရီခြဲေလာက္က စစ္ေကာင္စီအဖြဲ႔ ၂၅ ေလာက္ကဝင္ေရာက္စစ္ေဆးသြားတယ္လို႔သတင္းရရွိပါတယ္။

ၿမိဳ႕နယ္ရဲစခန္းမွဴး၊ စစ္တပ္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးတုိ႔အပါအဝင္ စစ္ေကာင္စီအဖြဲ႔ဝင္ ၂၀ ေလာက္ဟာ ကက္သလစ္ဘုရားေက်ာင္းထဲသို႔ဝင္လာၿပီး ယင္းေနရာမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြကိုလူစုခုိင္းကာ ဖုန္း ၁၈ လံုးကိုစစ္ေဆးၾကတယ္လုိ႔သိရတယ္။

စစ္ေကာင္စီဖြဲ႔ဝင္ေတြဟာ ဖုန္းထဲက Facebook, messenger, Video file, SMS ေတြစစ္ေဆးၿပီး ဖုန္းထဲက အျပန္အလွန္စကားေျပာထားတဲ့လူရဲ႕တည္ေနရာ၊ ေျပာတဲ့အေၾကာင္းအရာေတြ စစ္ေဆးေမးျမန္းတယ္လုိ႔သိရတယ္။

ကက္သလစ္ဘုရားေက်ာင္းထဲက စစ္ေဘးေရွာင္စခန္းတြင္ လူ ၂၀၀ ေလာက္ရွိၿပီး ထပ္မံတိုးခ်ဲ႕ဖို႔စီစဥ္ေနၾကပါတယ္။ ေက်ာက္ထုၿမိဳ႕နယ္ထဲမွာ စစ္ေဘးေရွာင္စခန္း ၆ ခုရွိၿပီး စစ္ေဘးေရွာင္စုစုေပါင္း ၂ ေထာင္ေက်ာ္ရွိပါတယ္။

စစ္ေကာင္စီကလည္း ပခုကၠဳၿမိဳ႕ကေန ေယာနယ္နဲ႔ မင္းတပ္ဘက္သို႔ ကုန္ပစၥည္းတင္ပို႔တဲ့ယာဥ္ေတြကို တားျမစ္ထားတာေၾကာင့္ စစ္ေဘးေရွာင္ကူညီေရးမွာအခက္အခဲျဖစ္ေစပါတယ္။

ေက်ာက္ထုၿမိဳ႕က မင္းတပ္စစ္ေဘးေရွာင္ေတြအတြက္ အလွဴေငြထည့္ဝင္လုိပါက ေက်ာက္ထုစစ္ေဘးေရွာင္စီမံခန္႔ခြဲေရးေကာ္မတီရဲ႕ Facebook page Inbox ကတဆင့္ ဆက္သြယ္ႏိုင္ပါတယ္။
Page Link
https://www.facebook.com/Kyauk-Htu-IDPs-Management-Committee-101180965665508

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်