ခိုင်ကမ်းမြို့တွင် မူးယစ်ဆေးဝါး ခုနစ်သိန်းကျော်ဖိုး ဖမ်းဆီးရမိ

ခိုင်ကမ်းမြို့ အမှတ်(၁)ရပ်ကွက်မှာ အိမ်ငှားရမ်းနေထိုင်တဲ့ မောင်မောင်သန့်နေအိမ်မှာ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၇၇၆,၀၀၀)ဖိုးကို ကလေးမြို့ မြို့မရဲစခန်းနဲ့ ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်(၁၈)ရက် နံနက် (၅)နာရီခန့်မှာဖမ်းဆီးရမိတယ်လို့ ခိုင်ကမ်းမြို့ ပြန်၊ဆက်ကရေးသားထားပါတယ်။

ခိုင်ကမ်းမြို့ ၊ အမှတ် ( ၁ ) ရပ်ကွက်၌ အိမ်ငှားရမ်းနေထိုင်တဲ့ မောင်မောင်သန့်နေအိမ်ကို ကလေးမြို့ မြို့မရဲစခန်းနဲ့ ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်ပူးပေါင်းပြီး ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ်အချိန်တွင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ရာ မောင်မောင်သန့် ( ၂၅ နှစ် ၊ အဘ ဦးကံဖေ )နဲ့ ၎င်းရဲ့ရည်းစားဖြစ်သူ မနန်ဆန်းကိမ် ( ၁၈ နှစ် ၊ အဘ ဦးကျပ့်ဇလိလ် ) တို့အား အိပ်လျက်တွေ့ရှိရပါတယ်။ ၎င်းတို့အား ဆက်လက်ရှာဖွေရာ မောင်မောင်သန့်က သူ၏လက်ထဲကိုင်ထားသော ပလပ်စတစ်ဗူးငယ်ကို အိမ်ရှေ့သို့လွှင့်ပစ်လိုက်သဖြင့် သက်သေများရှေ့မှောက်တွင် ကောက်ယူ စစ်ဆေးရာ ၁ ဒသမ ၆ လက်မခန့်ရှိ အဖြူရောင်ကော်ဗူးငယ်အတွင်း ဘိန်းဖြူ သုညဒသမ ၀၂ ဂရမ်ကို လည်း ကောင်း ၊ မောင်မောင်သန့်နေအိမ်ရှေ့ ဧည့်ခန်းအောက် ( ၄ ) ပေခန့်အကွာရှိ မြေပြင်ပေါ်ပုံထားသော သစ်သား တုံးငယ်များအောက်တွင် ဝှက်ထားသော RED RUBBY စီးကရက်ဗူးခွံအတွင်း ထည့်ထားသည့် 88 / 1 စာတမ်းပါ ပန်းရင့်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၆၀) ပြားနှင့် အဖြူရောင်ကော်ဗူးငယ်အတွင်း ထည့်ထားသည့် ( ၉၈ ) ပြား စုစုပေါင်း ( ၂၅၈ ) ပြားကို ရှာဖွေတွေ့ရှိပါတယ်။

သိမ်းဆည်းရမိတဲ့ ဘိန်းဖြူ သုညဒသမ ၀၂ ဂရမ်ရဲ့ ကလေးမြို့ ဒေသပေါက်ဈေးမှာ ၂၀၀၀ ကျပ် ဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၅၈ ပြားရဲ့ ကလေးမြို့ ဒေသပေါက်ဈေးမှာ ၇၇၄၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုတရားခံ ( ၂ ) ဦးအား မှုလအမှုဖွင့်ထားသည့် ကလေးမြို့ မြို့မရဲစခန်း မယ ( ပ ) ၈၁ / ၂၀၁၈ ၊ မူး / စိတ် ပုဒ်မ ၁၉ ( က ) / ၂၁ အမှုဖြင့် ဆက်လက်စစ်ဆေးရန် ကလေးမြို့ မြို့မရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး တရားခံ ( ၂ ) ဦးအား ကလေးမြို့ မြို့မရဲစခန်းမှ အမှုဖွင့်ချုပ်ရမန်တောင်းခံမည်ဖြစ်ရာ ဆေးစစ်ခြင်း များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်