ခိုင်ကမ်းမြို့တွင် ၂၄ နာရီအတွင်း မီးလောင်မှုနဲ့ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၄ နာရီအတွင်း လူနေအိမ်မီးလောင်မှုနဲ့ အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ဒီဇင်ဘာလ (၂၀)ရက် ည ၉ နာရီခန့်တွင် ခိုင်ကမ်းမြို့ အမှတ် (၂)ရပ်ကွက်က ဒေါက်တာ ကမ်းကျင့်ဒါလ်နေအိမ် မီးလောင်သွားလို့ အမျိုးသားတစ်ဦး (၃၆ နှစ်ခန့်) သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဒီဇင်ဘာလ (၂၁)ရက် ညနေ ၃ နာရီ နဲ့ ၄ နာရီကြားတွင် ခိုင်ကမ်းမြို့ အမှတ် (၄)ရက် ရပ်ကွက်က အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားလို့ အလောင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကြတယ်လို့ ခိုင်ကမ်းလူမှုကူညီရေးအဖွဲ့အတွင်းရေးမှူး ကိုကျော်ဇော်လင်းထံမှသတင်းရရှိပါတယ်။

ခိုင်ကမ်းလူမှုကူညီရေးအဖွဲ့အတွင်းရေးမှူး ကိုကျော်ဇော်လင်းက “အဖွားကြီးကတော့ သူ့မိသားစုဝင်တွေက တခါတလေ စိတ်မနှံ့ဘူးလို့ပြောတယ်။ လျှောက်သွားတတ်တယ်လို့ပြောတယ်။ သူတို့မိသားစုက အဆင်ပြေတဲ့ထဲမှာတော့မပါဘူးထင်တယ်။ ကျူးကျော်ရပ်ကွက်မှာနေတယ်” လို့ပြောပါတယ်။

(Zawgyi)

ခိုင္ကမ္းၿမိဳ႕တြင္ ၂၄ နာရီအတြင္း မီးေလာင္မႈနဲ႔ ၾကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား

တီးတိန္ၿမိဳ႕နယ္ ခုိင္ကမ္းၿမိဳ႕တြင္ ၂၄ နာရီအတြင္း လူေနအိမ္မီးေလာင္မႈနဲ႔ အမ်ဳိးသမီးတစ္ဦးၾကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားတယ္လို႔သတင္းရရွိပါတယ္။

ဒီဇင္ဘာလ (၂၀)ရက္ ည ၉ နာရီခန္႔တြင္ ခိုင္ကမ္းၿမိဳ႕ အမွတ္ (၂)ရပ္ကြက္က ေဒါက္တာ ကမ္းက်င့္ဒါလ္ေနအိမ္ မီးေလာင္သြားလို႔ အမ်ဳိးသားတစ္ဦး (၃၆ ႏွစ္ခန္႔) ေသဆံုးသြားတယ္လုိ႔သတင္းရရွိပါတယ္။

ဒီဇင္ဘာလ (၂၁)ရက္ ညေန ၃ နာရီ နဲ႔ ၄ နာရီၾကားတြင္ ခုိင္ကမ္းၿမိဳ႕ အမွတ္ (၄)ရက္ ရပ္ကြက္က အသက္ ၆၄ ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး ၾကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားလို႔ အေလာင္းကို ကေလးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ၾကတယ္လို႔ ခိုင္ကမ္းလူမႈကူညီေရးအဖြဲ႔အတြင္းေရးမွဴး ကိုေက်ာ္ေဇာ္လင္းထံမွသတင္းရရွိပါတယ္။

ခိုင္ကမ္းလူမႈကူညီေရးအဖြဲ႔အတြင္းေရးမွဴး ကိုေက်ာ္ေဇာ္လင္းက “အဖြားၾကီးကေတာ့ သူ႔မိသားစုဝင္ေတြက တခါတေလ စိတ္မႏွံ႔ဘူးလို႔ေၿပာတယ္။ ေလွ်ာက္သြားတတ္တယ္လုိ႔ေျပာတယ္။ သူတို႔မိသားစုက အဆင္ေျပတဲ့ထဲမွာေတာ့မပါဘူးထင္တယ္။ က်ဴးေက်ာ္ရပ္ကြက္မွာေနတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်