ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တောင်ထိပ်ပေါ် လက်ဝါးကားတိုင်တည်ဆောက်မှု နေပြည်တော်သို့တင်ပြ

အာဆီယံအမွေအနှစ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တောင်ထိပ်တွင် လက်ဝါးကားတိုင်တည်ဆောက်ခြင်းနဲ့ပတ်သက်ပြီး ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးက နေပြည်တော်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထားတယ်လို့သတင်းရရှိပါတယ်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက “အဲ့ကိစ္စကို သက်ဆိုင်ရာ အထက်ဌာနတွေကို တင်ပြထားတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်တင်ပေမယ့် ခွင့်ပြုမိန့်မရခင်မှာ သွားလုပ်တယ်။ သွားလုပ်တော့ တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အထက်ဌာနတွေကိုတင်ပြထားတယ်။ ဒါပဲ။ နောက်ဆို အထက်က လမ်းညွှန်ချက်အတိုင်းဆောင်ရွက်တော့မယ်လေ။ ကျနော်တို့ကတော့ သူတို့ လမ်းညွှန်ချက်အတိုင်းလုပ်ရမှာပေါ့။ ဒါက ဘာသာ သာသနာကိစ္စတွေဆိုတော့ ခက်ခဲတယ်။ ဒေသခံတိုင်းရင်းသားတွေရဲ့ အမြင်နဲ့ ခံယူချက်တွေနဲ့ပတ်သက်ပြီးတော့ သုံးသပ်ဖို့ခက်ခဲတယ်။ ကျနော်တို့လည်း ထိန်းသိမ်းရေးလုပ်ငန်းကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့တယ်လေ။ ဒေသခံပြည်သူတွေက ထိန်းသိမ်းရေးမှာ မပါတဲ့သဘောသက်ရောက်တာပေါ့နော်။ ကိုယ့်ရဲ့ အာဆီယံအမွေအနှစ်ဒေသမှာ ခွင့်ပြုချက်မကျသေးပဲနဲ့ လုပ်တာဆိုတော့ ဒါက ပူးပေါင်းဆောင်ရွက်မှုမရှိတာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လာတုန်းကလည်း ရှိပြီးသားအဆောက်အအုံတွေလျော့ကျသွားအောင်လမ်းညွှန် မှာကြားထားတယ်” လို့ပြောပါတယ်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ခေါ်နူးစုမ်တောင်ထိပ်မှာ ဆယ်ပေခန့်မြင့်တဲ့ လက်ဝါးကားတိုင်တည်ဆောက်ပြီး အခုတည်ဆောက်နေတဲ့လက်ဝါးကားတိုင်ဟာ ရှိပြီးသားအဟောင်းကို ပြုပြင်မွမ်းမံဖို့ စာတင်ထားတာဖြစ်ပါတယ်။

ခေါ်နူးစုမ်တောင်ထိပ်တွင် လက်ဝါးကားတိုင်တည်ဆောက်တဲ့ ကန်ပက်လက်ခရစ်ယာန်ဂိုဏ်းပေါင်းချုပ်အသင်း (KCC-Kanpalet Christian Council)က အတွင်းရေးမှူး ဆရာတော်မနားလှေ့ က “ခွင့်ပြုမိန့်မရဘူးဆိုတာကတော့ တကယ်တော့ ခွင့်ပြုမိန့်တောင်းထားတဲ့ဟာတွေလည်းပဲ အများကြီးပေါ့နော်။ ဒီနှစ်တစ်နှစ်ထဲမဟုတ်ဘဲနဲ့ အရင်နှစ်တွေကလည်း ခွင့်ပြုမိန့်တွေလိုက်တောင်းတယ်။ ဒါပေမယ့် ခွင့်ပြုမိန့်က မရနိုင်တဲ့အနေအထားရှိတယ်။ ခွင့်ပြုမိန့်တောင်းရင်လည်း စာပြန်တာမရှိဘူး။ အဲ့ဒါမျိုးဆိုတော့ ဒီနှစ်က ခွင့်ပြုပေးပါရန်ဆိုတဲ့စာပဲတင်တော့တယ်။ ဒါနဲ့တစ်ခါထဲလုပ်ချလိုက်တော့တယ်။ အခု တောင်ပေါ်မှာ ကြွေပြားတွေလိုက်ကပ်နေတယ်။ မနေ့က ကျနော်ရယ်၊ ဆရာတော်မနားနိုင် အသင်းဥက္ကဌ၊ သတင်းကောင်းနှစ်ခြင်းအသင်းတော်က ဆရာတော်ဇိုခွဲ ကျနော်တို့သုံးယောက်သွားပြီးတော့ ထွေအုပ်ကနေပြီးတော့ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နေပြည်တော်ရုံးချုပ်ကို ကျနော်တို့ကိုတိုင်တယ်ဆိုတဲ့အကြောင်း စာဖတ်ပြတယ်။ ထွေအုပ်ကထပ်မလုပ်ဖို့ ကျနော်တို့ကိုတားတယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက်ဆိုတော့ ကျနော်တို့ဆက်လုပ်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အမိန့်ကို နာမခံဘူးပေါ့ဗျာ” လို့ပြောပါတယ်။

ယင်းလက်ဝါးကားတိုင်ကို ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စတင်တည်ဆောက်ပြီး (၂၄)ရက်မှာ အပြီးတည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ အသစ်တည်ဆောက်ထားတဲ့ လက်ဝါးကားတိုင်ဟာ အမြင့် ပေ ၂၀ အကျယ် ၄ ပေခန့်ရှိပြီး သိန်း ၇၀ ခန့်အကုန်အကျခံတည်ဆောက်ထားတာဖြစ်တယ်။

ဆက်လက်ပြီး ဆရာတော်မနားလှေ့ က “အဟောင်းဆောက်တုန်းကလည်း ခွင့်ပြုမိန့်မရဘဲ ကမန်းကတန်းဆောက်ထားတာဆိုတော့ ပုံမကျ ပန်းမကျဖြစ်နေတယ်။ ကြည့်ရတဲ့လူတွေတွက်လည်း ရယ်စရာလိုလိုပေါ့နော်။ စာတင်တဲ့ခါမှာလည်း လက်ဝါးကားတိုင်အဟောင်းကိုပြန်လည်ပြုပြင်မွမ်းမံခွင့်ပြုရန်လို့ ရေးထားတယ်။ အဟောင်းကို အပေါ်နားလေးမှာရွှေ့ပြီးတော့ ပြန်ဖျက်အုံးမှာ။ ကန်ပက်လက်မြို့နယ်မှာ လူဦးရေ နှစ်သောင်းမှာ တစ်သောင်းခြောက်ထောင်က ခရစ်ယာန်တွေဖြစ်တယ်။ အခုက ပြဿနာကို ရင်ဆိုင်ရမယ့်အနေအထားမှာရှိတယ်။ ထွေအုပ်ကတော့ သတိပေးလိုက်ပြီ။ သူတို့တိုင်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကလည်း တစ်ခေါက်လာအုံးမယ်ထင်တယ်။ ဘာကြောင်း လက်ဝါးကားတိုင်တည်ဆောက်တာလဲဆိုရင် ဗုဒ္ဓဘာသာဘက်ကလည်း ထင်ထင်ရှားရှားစေတီရှိတယ်။ ပြီးရင် ဘေးဝဲယာမှာ ရုပ်တုကလည်း အကြီးကြီးရှိတယ်။ ကျနော်တို့က ဘာမှမလုပ်ပဲ အကြာကြီးကြည့်နေတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာတောင်မှာ စေတီတွေ ရုပ်တုတွေထားတော့ ကျနော်တို့ခရစ်ယာန်တွေကလည်း လက်ဝါးကားတိုင်တော့ရှိသင့်တယ်။ တောင်ပေါ်သွားတဲ့ခါမှာ ဘုရားသခင်ထံမှာဆုတောင်းဖို့ လက်ဝါးကားတိုင်တစ်တိုင်လောက်တော့ထူထားသင့်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲပါ” လို့ပြောပါတယ်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တောင်ထိပ်ပေါ်တွင် စေတီတစ်ဆူ၊ ဗုဒ္ဓရုပ်တုတစ်ဆူ၊ ဇရပ်တစ်လုံး နဲ့ လက်ဝါးကားတိုင် တစ်ခုရှိပါတယ်။ တောင်ထိပ်ပေါ်က စေတီဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင်တည်ဆောက်ထားပြီး ဗုဒ္ဓရုပ်တုဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတည်ဆောက်ထားတာဖြစ်ပါတယ်။

အာဆီယံအမွေအနှစ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဟာ ၁၉၃၆ သစ်တောဥပဒေရ ဥတုထိန်းသစ်တောကြိုးဝိုင်းဝိတိုရိယတောင်အဖြစ်သော်လည် းကောင်း၊၁၉၉၇ခုနှစ်ဇူလိုင်လတွင် အမျိုးသားဥယျာဉ်၊၂၀၁၀ခုနှစ်ဒီဇင်ဘာလတွင် နတ်မတောင်အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ကြပြီ ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် အာဆီယံ အမွေအနှစ် ဥယျဉ်အဖြစ်လည်းသမိုင်းဝင်သတ်မှတ်ခဲ့ကြသည်၊ ၂၀၁၃ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အမျိုးသားဥယျဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာ တောင်ထိပ်ကားလမ်းဖောက်လုပ်ခြင်းတခုကြောင့်ရှုံးနိမ့်ခဲ့တယ်။

(Zawgyi)

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ေတာင္ထိပ္ေပၚ လက္ဝါးကားတိုင္တည္ေဆာက္မႈ ေနျပည္ေတာ္သို႔တင္ျပ

အာဆီယံအေမြအႏွစ္ ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ေတာင္ထိပ္တြင္ လက္ဝါးကားတိုင္တည္ေဆာက္ျခင္းနဲ႔ပတ္သက္ၿပီး ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရး႐ုံးက ေနျပည္ေတာ္ရွိ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနသို႔ တင္ျပထားတယ္လို႔သတင္းရရွိပါတယ္။

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရးမႉး ဦးတင္ျမစိုးက “အဲ့ကိစၥကို သက္ဆိုင္ရာ အထက္ဌာနေတြကို တင္ျပထားတယ္။ သက္ဆိုင္ရာ အာဏာပိုင္ေတြဆီမွာ ခြင့္ျပဳခ်က္တင္ေပမယ့္ ခြင့္ျပဳမိန႔္မရခင္မွာ သြားလုပ္တယ္။ သြားလုပ္ေတာ့ ေတြ႕ရွိခ်က္ေတြကို သက္ဆိုင္ရာ အထက္ဌာနေတြကိုတင္ျပထားတယ္။ ဒါပဲ။ ေနာက္ဆို အထက္က လမ္းၫႊန္ခ်က္အတိုင္းေဆာင္႐ြက္ေတာ့မယ္ေလ။ က်ေနာ္တို႔ကေတာ့ သူတို႔ လမ္းၫႊန္ခ်က္အတိုင္းလုပ္ရမွာေပါ့။ ဒါက ဘာသာ သာသနာကိစၥေတြဆိုေတာ့ ခက္ခဲတယ္။ ေဒသခံတိုင္းရင္းသားေတြရဲ႕ အျမင္နဲ႔ ခံယူခ်က္ေတြနဲ႔ပတ္သက္ၿပီးေတာ့ သုံးသပ္ဖို႔ခက္ခဲတယ္။ က်ေနာ္တို႔လည္း ထိန္းသိမ္းေရးလုပ္ငန္းကို တစ္စိုက္မတ္မတ္ေဆာင္႐ြက္ခဲ့တယ္ေလ။ ေဒသခံျပည္သူေတြက ထိန္းသိမ္းေရးမွာ မပါတဲ့သေဘာသက္ေရာက္တာေပါ့ေနာ္။ ကိုယ့္ရဲ႕ အာဆီယံအေမြအႏွစ္ေဒသမွာ ခြင့္ျပဳခ်က္မက်ေသးပဲနဲ႔ လုပ္တာဆိုေတာ့ ဒါက ပူးေပါင္းေဆာင္႐ြက္မႈမရွိတာေပါ့။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္လာတုန္းကလည္း ရွိၿပီးသားအေဆာက္အအုံေတြေလ်ာ့က်သြားေအာင္လမ္းၫႊန္ မွာၾကားထားတယ္” လို႔ေျပာပါတယ္။

၂၀၀၀ ခုႏွစ္ဝန္းက်င္တြင္ ေခၚႏူးစုမ္ေတာင္ထိပ္မွာ ဆယ္ေပခန႔္ျမင့္တဲ့ လက္ဝါးကားတိုင္တည္ေဆာက္ၿပီး အခုတည္ေဆာက္ေနတဲ့လက္ဝါးကားတိုင္ဟာ ရွိၿပီးသားအေဟာင္းကို ျပဳျပင္မြမ္းမံဖို႔ စာတင္ထားတာျဖစ္ပါတယ္။

ေခၚႏူးစုမ္ေတာင္ထိပ္တြင္ လက္ဝါးကားတိုင္တည္ေဆာက္တဲ့ ကန္ပက္လက္ခရစ္ယာန္ဂိုဏ္းေပါင္းခ်ဳပ္အသင္း (KCC-Kanpalet Christian Council)က အတြင္းေရးမႉး ဆရာေတာ္မနားေလွ႔ က “ခြင့္ျပဳမိန႔္မရဘူးဆိုတာကေတာ့ တကယ္ေတာ့ ခြင့္ျပဳမိန႔္ေတာင္းထားတဲ့ဟာေတြလည္းပဲ အမ်ားႀကီးေပါ့ေနာ္။ ဒီႏွစ္တစ္ႏွစ္ထဲမဟုတ္ဘဲနဲ႔ အရင္ႏွစ္ေတြကလည္း ခြင့္ျပဳမိန႔္ေတြလိုက္ေတာင္းတယ္။ ဒါေပမယ့္ ခြင့္ျပဳမိန႔္က မရႏိုင္တဲ့အေနအထားရွိတယ္။ ခြင့္ျပဳမိန႔္ေတာင္းရင္လည္း စာျပန္တာမရွိဘူး။ အဲ့ဒါမ်ိဳးဆိုေတာ့ ဒီႏွစ္က ခြင့္ျပဳေပးပါရန္ဆိုတဲ့စာပဲတင္ေတာ့တယ္။ ဒါနဲ႔တစ္ခါထဲလုပ္ခ်လိုက္ေတာ့တယ္။ အခု ေတာင္ေပၚမွာ ေႂကြျပားေတြလိုက္ကပ္ေနတယ္။ မေန႔က က်ေနာ္ရယ္၊ ဆရာေတာ္မနားႏိုင္ အသင္းဥကၠဌ၊ သတင္းေကာင္းႏွစ္ျခင္းအသင္းေတာ္က ဆရာေတာ္ဇိုခြဲ က်ေနာ္တို႔သုံးေယာက္သြားၿပီးေတာ့ ေထြအုပ္ကေနၿပီးေတာ့ အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရး႐ုံးက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေနျပည္ေတာ္႐ုံးခ်ဳပ္ကို က်ေနာ္တို႔ကိုတိုင္တယ္ဆိုတဲ့အေၾကာင္း စာဖတ္ျပတယ္။ ေထြအုပ္ကထပ္မလုပ္ဖို႔ က်ေနာ္တို႔ကိုတားတယ္။ ဒါေပမယ့္ တစ္ဝက္တစ္ပ်က္ဆိုေတာ့ က်ေနာ္တို႔ဆက္လုပ္ေနတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အမိန႔္ကို နာမခံဘူးေပါ့ဗ်ာ” လို႔ေျပာပါတယ္။

ယင္းလက္ဝါးကားတိုင္ကို ဇန္နဝါရီလ (၂၀)ရက္ေန႔တြင္ စတင္တည္ေဆာက္ၿပီး (၂၄)ရက္မွာ အၿပီးတည္ေဆာက္ဖို႔ ရည္မွန္းထားပါတယ္။ အသစ္တည္ေဆာက္ထားတဲ့ လက္ဝါးကားတိုင္ဟာ အျမင့္ ေပ ၂၀ အက်ယ္ ၄ ေပခန႔္ရွိၿပီး သိန္း ၇၀ ခန႔္အကုန္အက်ခံတည္ေဆာက္ထားတာျဖစ္တယ္။

ဆက္လက္ၿပီး ဆရာေတာ္မနားေလွ႔ က “အေဟာင္းေဆာက္တုန္းကလည္း ခြင့္ျပဳမိန႔္မရဘဲ ကမန္းကတန္းေဆာက္ထားတာဆိုေတာ့ ပုံမက် ပန္းမက်ျဖစ္ေနတယ္။ ၾကည့္ရတဲ့လူေတြတြက္လည္း ရယ္စရာလိုလိုေပါ့ေနာ္။ စာတင္တဲ့ခါမွာလည္း လက္ဝါးကားတိုင္အေဟာင္းကိုျပန္လည္ျပဳျပင္မြမ္းမံခြင့္ျပဳရန္လို႔ ေရးထားတယ္။ အေဟာင္းကို အေပၚနားေလးမွာေ႐ႊ႕ၿပီးေတာ့ ျပန္ဖ်က္အုံးမွာ။ ကန္ပက္လက္ၿမိဳ႕နယ္မွာ လူဦးေရ ႏွစ္ေသာင္းမွာ တစ္ေသာင္းေျခာက္ေထာင္က ခရစ္ယာန္ေတြျဖစ္တယ္။ အခုက ျပႆနာကို ရင္ဆိုင္ရမယ့္အေနအထားမွာရွိတယ္။ ေထြအုပ္ကေတာ့ သတိေပးလိုက္ၿပီ။ သူတို႔တိုင္ထားတဲ့ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာနကလည္း တစ္ေခါက္လာအုံးမယ္ထင္တယ္။ ဘာေၾကာင္း လက္ဝါးကားတိုင္တည္ေဆာက္တာလဲဆိုရင္ ဗုဒၶဘာသာဘက္ကလည္း ထင္ထင္ရွားရွားေစတီရွိတယ္။ ၿပီးရင္ ေဘးဝဲယာမွာ ႐ုပ္တုကလည္း အႀကီးႀကီးရွိတယ္။ က်ေနာ္တို႔က ဘာမွမလုပ္ပဲ အၾကာႀကီးၾကည့္ေနတယ္။ ဒါေပမယ့္ ဗုဒၶဘာသာေတာင္မွာ ေစတီေတြ ႐ုပ္တုေတြထားေတာ့ က်ေနာ္တို႔ခရစ္ယာန္ေတြကလည္း လက္ဝါးကားတိုင္ေတာ့ရွိသင့္တယ္။ ေတာင္ေပၚသြားတဲ့ခါမွာ ဘုရားသခင္ထံမွာဆုေတာင္းဖို႔ လက္ဝါးကားတိုင္တစ္တိုင္ေလာက္ေတာ့ထူထားသင့္ပါတယ္ဆိုတဲ့ ရည္႐ြယ္ခ်က္တစ္ခုထဲပါ” လို႔ေျပာပါတယ္။

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ေတာင္ထိပ္ေပၚတြင္ ေစတီတစ္ဆူ၊ ဗုဒၶ႐ုပ္တုတစ္ဆူ၊ ဇရပ္တစ္လုံး နဲ႔ လက္ဝါးကားတိုင္ တစ္ခုရွိပါတယ္။ ေတာင္ထိပ္ေပၚက ေစတီဟာ ၁၉၇၀ ခုႏွစ္ဝန္းက်င္တြင္တည္ေဆာက္ထားၿပီး ဗုဒၶ႐ုပ္တုဟာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွာတည္ေဆာက္ထားတာျဖစ္ပါတယ္။

အာဆီယံအေမြအႏွစ္ ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ဟာ ၁၉၃၆ သစ္ေတာဥပေဒရ ဥတုထိန္းသစ္ေတာႀကိဳးဝိုင္းဝိတိုရိယေတာင္အျဖစ္ေသာ္လည္ းေကာင္း၊၁၉၉၇ခုႏွစ္ဇူလိုင္လတြင္ အမ်ိဳးသားဥယ်ာဥ္၊၂၀၁၀ခုႏွစ္ဒီဇင္ဘာလတြင္ နတ္မေတာင္အမ်ိဳးသားဥယ်ာဥ္အျဖစ္သတ္မွတ္ခဲ့ၾကၿပီ ၂၀၁၂ ခုႏွစ္စက္တင္ဘာလတြင္ အာဆီယံ အေမြအႏွစ္ ဥယ်ဥ္အျဖစ္လည္းသမိုင္းဝင္သတ္မွတ္ခဲ့ၾကသည္၊ ၂၀၁၃ခုႏွစ္တြင္ ကမာၻ႔အေမြအႏွစ္အမ်ိဳးသားဥယ်ဥ္အျဖစ္ယွဥ္ၿပိဳင္ခဲ့ရာ ေတာင္ထိပ္ကားလမ္းေဖာက္လုပ္ျခင္းတခုေၾကာင့္ရႈံးနိမ့္ခဲ့တယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်