ချင်းဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဟားခါးမြို့မှာကျင်းပမယ်

ချင်းဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၂ ရက်ကနေ ၂၄ ရက်ထိ ဟားခါးမြို့ CACC ခန်းမမှာ ကျင်းပမယ်လို့သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ချင်းလူ့အခွင့်အရေးအဖွဲ့၊ ချယ်ရီဖောင်ဒေးရှင်းနဲ့ NINU အဖွဲ့က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တစ်မြို့နယ်မှ ကိုယ်စားလှယ် လေးဦးဆီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ အရှိုချင်းတွေအပါအဝင် ကိုယ်စားလှယ်(၅ဝ)တက်ရောက်ဖို့စီစဉ်ထားပါတယ်။

“အခုအလုပ်ရုံဆွေးနွေးပွဲမှာဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ အမွေဆက်ခံခြင်း၊ မြေယာနဲ့သဘာဝသံယံဇာတ၊ လက်ထက်ထိမ်းမြားခြင်းနဲ့ကွာရှင်းခြင်း၊ တရားစီရင်ရေးနဲ့ ပြဿနာဖြေရှင်းခြင်းတွေဖြစ်တယ်။ ဒီဆွေးနွေးပွဲရဲ့ဆုံးဖြတ်ချက်နဲ့ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာလည်းဆိုတာဆုံးဖြတ်မယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ချင်းဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားသူ ဆလိုင်းမိုဆက်ကပြောပါတယ်။

ချင်းအက်ဥပဒေကို ၁၈၉၆ ခုနှစ်မှာထုတ်ဝေပြီး ၁၉၄၈ ခုနှစ်မှာပြန်လည်ပြင်ဆင်ရေးသားခဲ့တယ်။

ချင်းအက်ဥပဒေမှာ ချင်းလူမျိုးအားလုံးရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို လွှမ်းခြုံနိုင်မှုမရှိတဲ့အပြင် တချို့ပြဌာန်းချက်တွေဟာ ချင်းလူမျိုးတွေရဲ့ မျက်မှောက်ခေတ် အလေ့အထတွေနဲ့ ဆီလျှော်မှုရှိစေဖို့ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လာတဲ့အတွက် ချင်းပြည်နယ်လွှတ်တော်က “ချင်းဝိသေသတိုင်းအက်ဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ”ကို ၂၀၁၃ ခုနှစ်မှာဖွဲ့စည်းခဲ့တယ်။

ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းတဲ့ ဥပဒေတွေဟာ အထူးသဖြင့် မြေယာပိုင်ဆိုင်မှုနဲ့ အမွေဆက်ခံမှုဆိုင်ရာကိစ္စမှာ ချင်းလူမျိုးများရဲ့ဓလေ့ထုံးတမ်းတွေနဲ့ ဆန့်ကျင်နေလေ့ရှိရာ ယခုအလုပ်ရုံဆွေးနွေးပွဲဟာ ချင်းဝိသေသတိုင်း အက်ဥပဒေကို အလုံးစုံလွှမ်းခြုံပြင်ဆင်နိုင်ရန်အတွက် အခြေခံဆောင်ရွက်ချက်တစ်ရပ်ဖြစ်လာမှာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်