ချင်းပြည်နယ်ရဲ့ ပထမဆုံး လူထုအခြေပြု Heisa FM ရေဒီယိုကို မနက်ဖြန် အွန်လိုင်းပေါ်စလွှင့်မယ်

တီးတိန်မြို့နယ် Thuklai(ထုတ်လိုင်)ကျေးရွာမှ ချင်းပြည်နယ်ရဲ့ ပထမဆုံး လူထုအခြေပြု Heisa(ဟေဆား)FM ရေဒီယိုကို ဇွန်လ(၆)ရက်ညနေပိုင်းမှာ အွန်လိုင်းပေါ်စတင်လွှင့်တင်တော့မယ်လို့တာဝန်ရှိသူထံမှသတင်းရရှိပါတယ်။
စီးယင်းဘာသာစကားလိုအွန်လိုင်းပေါ်လွှင့်တင်မယ့်နေရာကတော့ Heisa FM ရဲ့တရားဝင် page ဖြစ်တဲ့ https://www.facebook.com/Heisa-FM-191293671591851/ ကနေထုတ်လွှင့်မှာဖြစ်ပါတယ်။

Heisa FM studio(Photo: Heisa FM)
Heisa FM ရဲ့တာဝန်ရှိသူ ဦးမိုက်ကယ်က “သတင်းတွေထက် စိုက်ပျိုးမွေးမြူးရေးအကြောင်းတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ မိုးလေဝသသတင်းတွေထုတ်လွှင့်မယ်။ ပြီးတော့ နောက်ပိုင်းမှာ နိုင်ငံခြားခရီးသွားတွေတိုးတက်လာမယ်ဆိုတော့ ဒေသခံတွေကြိုတင်ပြင်ဆင်နိုင်မယ့်အပိုင်းတွေလည်းထုတ်လွှင့်မယ်”လို့ပြောပါတယ်။

Heisa ဆိုတာ ပန်းတစ်မျိုးရဲ့နာမည်ဖြစ်ပါတယ်။ ဟေဆားရေဒီယိုဟာ ဆွေီဒင်နိုင်ငံခြေစိုက် IMS-Fojo Myanmar ကသင်တန်းပို့ချတာဖြစ်ပြီး မြန်မာနိုင်ငံအသံလွှင့်နည်းဥပဒေမထွက်နိုင်သေးတာကြောင့် အခုလို အွန်လိုင်းပေါ်မှာသာထုတ်လွှင့်နေရခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်