ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီက ဆန်ရိက္ခာ သယ်ယူခွင့် ပိတ်ပင်ဟုဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုက ချင်းတိုင်းရင်းသားတွေအများစုနေထိုင်တဲ့ ကျေးရွာပေါင်း ၅ဝ ကျော်မှာ မေလ ၆ရက်ကစပြီး စစ်ကောင်စီက ရေလမ်းနဲ့ ကုန်းလမ်းကနေ ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့သတင်းရရှိပါတယ်။

အမ်း ဒေသခံ ကိုမျိုးလွင်က “သူတို့က ၂၀၂၀ တုန်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ပဋိပက္ခဖြစ်တုန်းက တစ်ခါပိတ်ထားသေးတယ်။ ကားလမ်းရော၊ ရေကြောင်းရော။ အဲ့တုန်းကလည်း ရွာသားတွေ ထမင်းမစားရလို့ အသီးအရွက်ကိုပဲ စားရတယ်။ အခုလည်း ထပ်ပိတ်ခံလိုက်ရတယ်။ အဲ့ထဲမှာ မကြာသေးခင်က နေရပ်ပြန်ပို့တဲ့ စစ်ဘေးရှောင်တွေလည်းပါတယ်။ ဒီလိုလုပ်ရပ်က ပြည်သူတွေ အငတ်ဘေးနဲ့ကြုံတွေ့ပြီး အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တယ်။ အရင်တုန်းက အဲ့လိုပိတ်ထားလို့ ညဘက်တွေ ရွာသားတွေ ဆန်တွေကိုသူတို့မသိအောင် သယ်ယူပို့ဆောင်တာတွေရှိတယ်။ သူတို့သိသွားလို့ သေနတ်နဲ့ပစ်သတ်ခံရတာတွေလည်းရှိတယ်” လို့ပြောပါတယ်။

ယခု စားနပ်ရိက္ခာဖြတ်တောက်ခံရတဲ့ ကျေးရွာပေါင်း ၅၀ ကျော်တွင် ချင်းလူမျိုး ၇၀ ရာခိုင်နှုန်းနဲ့ ရခိုင်လူမျိုး ၃၀ ရာခိုင်နှုန်း နေထိုင်လျက်ရှိပါတယ်။

Zawgyi

ခ်င္းတိုင္းရင္းသားအမ်ားစုေနထိုင္တဲ့ အမ္းၿမိဳ႕နယ္မွာ စစ္ေကာင္စီက ဆန္ရိကၡာ သယ္ယူခြင့္ ပိတ္ပင္ဟုဆို

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းအုပ္စုက ခ်င္းတိုင္းရင္းသားေတြအမ်ားစုေနထိုင္တဲ့ ေက်း႐ြာေပါင္း ၅ဝ ေက်ာ္မွာ ေမလ ၆ရက္ကစၿပီး စစ္ေကာင္စီက ေရလမ္းနဲ႔ ကုန္းလမ္းကေန ဆန္ရိကၡာသယ္ယူခြင့္ ပိတ္ပင္ထားတယ္လို႔သတင္းရရွိပါတယ္။

အမ္း ေဒသခံ ကိုမ်ိဳးလြင္က “သူတို႔က ၂၀၂၀ တုန္း စစ္တပ္နဲ႔ ရကၡိဳင့္တပ္ေတာ္တို႔ပဋိပကၡျဖစ္တုန္းက တစ္ခါပိတ္ထားေသးတယ္။ ကားလမ္းေရာ၊ ေရေၾကာင္းေရာ။ အဲ့တုန္းကလည္း ႐ြာသားေတြ ထမင္းမစားရလို႔ အသီးအ႐ြက္ကိုပဲ စားရတယ္။ အခုလည္း ထပ္ပိတ္ခံလိုက္ရတယ္။ အဲ့ထဲမွာ မၾကာေသးခင္က ေနရပ္ျပန္ပို႔တဲ့ စစ္ေဘးေရွာင္ေတြလည္းပါတယ္။ ဒီလိုလုပ္ရပ္က ျပည္သူေတြ အငတ္ေဘးနဲ႔ႀကဳံေတြ႕ၿပီး အသက္အႏၲရာယ္ပါ ထိခိုက္လာႏိုင္တယ္။ အရင္တုန္းက အဲ့လိုပိတ္ထားလို႔ ညဘက္ေတြ ႐ြာသားေတြ ဆန္ေတြကိုသူတို႔မသိေအာင္ သယ္ယူပို႔ေဆာင္တာေတြရွိတယ္။ သူတို႔သိသြားလို႔ ေသနတ္နဲ႔ပစ္သတ္ခံရတာေတြလည္းရွိတယ္” လို႔ေျပာပါတယ္။

ယခု စားနပ္ရိကၡာျဖတ္ေတာက္ခံရတဲ့ ေက်း႐ြာေပါင္း ၅၀ ေက်ာ္တြင္ ခ်င္းလူမ်ိဳး ၇၀ ရာခိုင္ႏႈန္းနဲ႔ ရခိုင္လူမ်ိဳး ၃၀ ရာခိုင္ႏႈန္း ေနထိုင္လ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်