ချင်းတိုင်းရင်းသူ အိမ်ဖော်သတ်ဖြတ်မှု နဲ့ ထောင်နှစ် ၃၀ ချမှတ်ခံထားရတဲ့ စင်ကာပူနိုင်ငံသူ အိမ်ရှင်ရဲ့ အယူခံဝင်မှုကို တရားရုံး ပယ်ချ

ချင်းတိုင်းရင်းသူ အိမ်ဖော်ကို သတ်ဖြတ်မှု နဲ့ ပြီးခဲ့တဲ့ နှစ် က ထောင် နှစ် ၃၀ ချမှတ်ခံရတဲ့ စင်ကာပူ နိုင်ငံသူ အိမ်ရှင် အမျိုးသမီး ရဲ့ အယူခံ အတွက် အထောက်အထား အသစ်များ တင်ပြရန်ကြိုးပမ်းမှုကို စင်ကာပူ တရား ရုံး ကပယ်ချလိုက်ပါတယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

အိမ်ရှင် ဂိုင်ယာသီရိ မူရူဂါယံ က သူ့ရဲ့ အယူခံ ကို အထောက်အကူ ပြုပေးမယ့် အထောက်အထား အသစ်တွေ ကို တင်ပြရန် ကြိုးပမ်းမှု ဟာအယူခံနဲ့ ဆက်စပ်မှု မရှိဘူးလို့ စင်ကာပူ အယူခံ တရားရုံး က ဆုံးဖြတ်ခဲ့ပါတယ်။

ရဲအရာရှိရဲ့ ဇနီး ဂိုယာသီရိ က သူ့ရဲ့ ရာဇဝတ်မှုများ အတွက် ချမှတ်ခံရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်မှုအား တရားရုံး က စစ်ဆေးကြားနာခြင်းလည်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ဂိုင်ယာသီရိ က သူနဲ့ သေဆုံးသွားတဲ့ အသက် (၂၄ နှစ်)အရွယ် ချင်းတိုင်းရင်းသူ ဒေါ်ပြောင်ငိုက်ဒွန်ရဲ့ ဆွေမျိုး များကြား WhatsApp နဲ့ဆက်သွယ်ပြီး သူ့ကို ၎င်းတို့ကခွင့်လွှတ်ပါကြောင်း ပြောဆိုထားပုံရတဲ့ ဗီဒီယို ဖိုင် အပါအဝင် အထောက်အထား အသစ်များ ကို တင်ပြရန်ကြိုးပမ်းခဲ့ သလို စိတ်ရောဂါ ပညာရှင် တစ်ဦးရဲ့ အစီရင်ခံချက်ကိုလည်း တင်ပြရန် ကြိုးပမ်းခဲ့ပါတယ်။

ချင်းတိုင်းရင်းသူ အိမ်ဖော်မိန်းကလေး ဟာ ၁၄ လ ကြာ ကာလအတွင်း အကြိမ်ကြိမ် စော်ကားနှိပ်စက် ခံခဲ့ရပြီး ၂၀၁၆ ဇူလိုင်၂၆ ရက်က သေဆုံးသွားခဲ့ပါတယ်။ ဒီအမှု ဟာ အဆိုးရွားဆုံး လူသတ်မှု တွေ ထဲက တစ်ခု ဖြစ်ကြောင်း စင်ကာပူ တရားရုံ ကပြောကြား ခဲ့ပါတယ်။

ဒေါ်ပြောင်ငိုက်ဒွန်ရဲ့လည်ပင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာများ ဦးနှောက် ထိခိုက် ဒဏ်ရာများ နဲ့ သေဆုံးချိန် က မြန်မာ တိုင်းရင်းသူ အိမ်ဖော်မိန်းကလေး ဟာ ကိုယ်အလေးချိန် ၂၄ ကီလို ပဲ ရှိကြောင်း သိရပါတယ်။

သူမသေဆုံးခင် ရက်တွေ က မြန်မာ အိမ်ဖော် မိန်းကလေး ဟာ အစာရေစာ ငတ်မွတ်နေခဲ့ပြီး ညပိုင်း မှာ ပြတင်းပေါက် တန်း နဲ့ ကြိုးချည် ခံထားရပြီး အမှိုက်ပုံး က အစားအစာ တွေ ကို ယူစားရန် ကြိုးပမ်းချိန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း ဂိုင်ယာသီရိ ဟာ လူသတ်မှု အပါအဝင် စွဲချက် ၂၈ ခု အတွက်အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ထပ် စွဲချက် ၈၇ ခုအတွက် ပြစ်ဒဏ်ချမှတ်ရန် လည်း တရား ရုံး ကစဉ်းစား ခဲ့ပါ တယ်။

သူဟာ ပြီးခဲ့တဲ့ နှစ်ဇွန်လ က ထောင် နှစ်၃၀ ချမှတ်ခံခဲ့ရပြီး သူ့ရဲ့ မိခင် နဲ့ သူ့ အမျိုးသားတို့ လည်း အိမ်ဖော် မိန်းကလေး ကို စော်ကားမှု နဲ့ စွဲချက်တင်ခံထားရပါတယ်။ဂိုင်ယာသီရိ က အထောက်အထား အသစ်များ တင်ပြရန် ကြိုးပမ်းခဲ့ သလို ထောင်ထဲမှာ ခြိမ်းခြောက်ခံနေရကြောင်း လည်း တရားသူကြီးများ ကို ပြောကြားခဲ့ပေမယ့် ဒီအမှု နဲ့ ဆက်စပ်ခြင်းမရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ်။

အကျည်းထောင်ထဲမှာ ခြိမ်းခြောက် ခံနေရတယ်ဆိုတဲ့ ဂိုင်ယာသီရိ ရဲ့ပြောဆိုမှု ကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း တရားသူကြီး များ ကပြောကြား ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်