ချင်းတောင်ကော်ဖီကို အမေရိကန် ကုမ္ပဏီတစ်ခုက ပထမအကြိမ် ဝယ်ယူလိုက်ပြီ

မင်းတပ်မြို့ Hornbill Chin Coffee ကထုတ်လုပ်တဲ့ ချင်းတောင်ကော်ဖီကို အမေရိကန်နိုင်ငံ Sounder Coffee & Tea ကုမ္ပဏီက ပထမဆုံးအကြိမ် ဝယ်ယူဖို့သဘောတူလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒီနေ့ပဲ Sounder Coffee & Tea ကုမ္ပဏီက ချင်းတောင်ကော်ဖီကို ၎င်းတို့ကြိုက်နှစ်သက်တဲ့အကြောင်းကို Hornbill Chin Coffee ပိုင်ရှင် ဆလိုင်းမာဟုန်းထံအကြောင်းကြားလာပါတယ်။

Hornbill Chin Coffee က ချင်းတောင်ကော်ဖီ ၂ တန်ပို့ထားတဲ့ဟာကို ၎င်းတို့က ဝယ်ယူဖို့သဘောတူတာဖြစ်ပါတယ်။

Hornbill Chin Coffee ပိုင်ရှင် ဆလိုင်းမာဟုန်းက ယင်းအကြောင်းနဲ့ပတ်သက်ပြီး “သူတို့က အရသာ၊ အရည်သွေး၊ ထုတ်လုပ်နည်းတွေကို သူတို့ကိုယ်တိုင်လာပြီးတော့ ၃ ကြိမ်စစ်ဆေးပြီးတော့ အခု ၄ ကြိမ်မြောက်မှာ သူတို့ကလက်ခံတာ။ သူတို့က လုံးဝအကြိုက်တွေ့တယ်။ ဒါကြောင့် နောက်နှစ်ကိုဗစ်မဖြစ်ရင် အခြေအနေကောင်းရင် ၅ တန်လောက်ယူမယ်ပေါ့။ မျှော်လင့်ချက်လေးရှိလာတယ်ပေါ့။ အမေရိကမှာလည်း Hornbill Chin Coffee နဲ့ပဲထုတ်ဖို့ဆွေးနွေးထားတယ်။ ဈေးနှုန်းကတော့ တစ်ပေါင်ကို ၃ ဒသမ ၈ ဒေါ်လာနဲ့ဖြတ်ထားတယ်။ ၂ တန်ကို ဒေါ်လာ ၁၂၀၀၀ ကျော်လောက်ရှိမယ်။ မြန်မာငွေနဲ့တော့ သိန်း ၁၉၅ လောက်ရှိမယ်။ ကျနော်တို့ ပို့ထားတဲ့ကော်ဖီကို တစ်နေ့က သင်္ဘောကနေထုတ်တယ်။ အကျိုးအကြေတွေကြည့်တယ်။ လမ်းမှာကြာတော့ နည်းနည်းစိုးရိမ်သွားတယ်။ သူတို့က စာနဲ့ပုံနဲ့ အဆင်ပြေတယ်လို့ပို့လာတယ်။ နောက်နှစ်ဆိုရင် ၅ တန်လောက်ပို့နိုင်မယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်က ထွက်တဲ့ကော်ဖီကို ပထမဆုံးအကြိမ် နိုင်ငံခြားကို တင်ပို့နိုင်တာဖြစ်ပါတယ်။
ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် တစ်နှစ်တွင် ကော်ဖီအနည်းဆုံး တန်ချိန် ၂၀ ထွက်နိုင်မယ်လို့ယူဆရပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်