ချင်းပါတီနဲ့ ရန်ကုန်မြို့ရှိ ချင်းလူထုတွေ့ဆုံပွဲ ပြုလုပ်မယ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ နဲ့ ရန်ကုန်မြို့ရှိ ချင်းလူထုတွေ့ဆုံပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။

တွေ့ဆုံပွဲကို နေ့လည် (၁)နာရီကနေ (၅)နာရီထိပြုလုပ်မှာဖြစ်ပြီး လူ (၁၀၀)ခန့်ဖတ်ကြားဖို့စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ အလှည့်ကျ အတွင်းရေးမှူး ဆလိုင်းပီပီက “ဘာကြောင့် ဒီတွေ့ဆုံပွဲပြုလုပ်ဖို့စီစဉ်တာလဲဆိုရင် ချင်းပါတီကိုမိတ်ဆက်မယ်၊ ပါတီရဲ့ ပေါ်လစီကိုချပြမယ်။ တွေ့ဆုံမယ့်နေရာကတော့ ခဝဲခြံမျက်မမြင်ကျောင်းကိုလျာထားတယ်။ အတည်တော့မပြုနိုင်သေးဘူး” လို့ပြောပါတယ်။

ယင်းတွေ့ဆုံပွဲတွင် မြို့နယ်အသင်း လူကြီးများ၊ အခြားချင်းပါတီမှ အတွင်းရေးမှူးနဲ့ ဥက္ကဌများ၊ ဂုဏ်သရေရှိလူကြီးများကို ဖိတ်ကြားသွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်