ချင်းပြည်နယ်စစ်ဘေးရှောင်ပြည်သူများတွင် ငှက်ဖျားရောဂါခံစားသူများပြားပြီး ဆေးစိမ်ခြင်ထောင်အလှူရှင်လိုအပ်

ချင်းပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေထံ သာမန်ငှက်ဖျားအပြင် ပြင်းထန်ငှက်ဖျားရောဂါများပါတွေ့ရှိလာတာကြောင့် ဆေးစိမ်ခြင်ထောင်တွေ အရေးတကြီးလိုအပ်နေတယ်လို့ Chin Health Organization ကထုတ်ပြန်ထားပါတယ်။

အရင်နှစ်တုန်းက ချင်းပြည်နယ်မှာ တစ်မြို့နယ်တွင် တစ်နှစ်ပတ်လုံးမှာ ငှက်ဖျားရောဂါလူနာ ၃ ယောက်ကနေ ၁၅ ယောက်သာတွေ့ရှိတာကြောင့် ၂၀၂၅ ခုနှစ်တွင် ငှက်ဖျားပပျောက်မယ့်ဧရိယာလို့မှန်းထားတဲ့ပြည်နယ်ဖြစ်ပါတယ်။

Chin Health Organization တာဝန်ရှိသူတစ်ဦးက “အခု ကျနော်တို့စာရင်းရနိုင်တာ ကန်ပက်လ၊ မတူပီ၊ မင်းတပ်နယ်တွေပေါ့။ စာရင်းကောက်တာလည်း ဧပြီလကနေ ဇွန်လထိပါ။ အဲ့ဒီ ၃လအတွင်းမှာ ငှက်ဖျားလူနာ ၄၀ လောက်ရှိပြီ။ အရင်က တစ်နှစ်လုံးမှာ တစ်မြို့နယ်မှာ ငှက်ဖျားလူနာ အများဆုံး ၁၉ ယောက်ပဲရှိတယ်။ ငှက်ဖျားများလာတဲ့ အဓိကအကြောင်းရင်းကတော့ ပြေးရလွှားရဆိုတော့ ခြင်ထောင်မရှိကြလို့ဘဲ။ ငှက်ဖျားဖြစ်ပြီဆို ဆေးဝါးကလည်း လုံလုံလောက်လောက်မရှိဘူး။ ဆေးစိမ်ခြင်ထောင်အလှူရှင်အရမ်းလိုတယ်။ မဟုတ်ဘူးဆိုရင် အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်မယ်” လို့ပြောပါတယ်။

ဒီနှစ်ထဲမှာ မတူပီကနေ မင်းတပ်ကိုစစ်ဘေးရှောင်လာတဲ့ပြည်သူတစ်ဦး ငှက်ဖျားရောဂါနဲ့ သေဆုံးပြီလို့လည်းသိရတယ်။

အခုဆို စစ်ဘေးရှောင်များထံမှာ ငှက်ဖျားဦးနှောက်ပိုးဝင်တဲ့ရောဂါတွေပါတွေ့ရပြီး ယင်းပိုးဟာ လူကိုပါသေဆုံးစေနိုင်တဲ့အထိ ပြင်းထန်တဲ့ရောဂါပိုးဖြစ်ပါတယ်။

အရင်ကတော့ ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်သာ ငှက်ဖျားရောဂါအများဆုံးတွေ့ရတဲ့နေရာဖြစ်ပြီး အခုဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်မြို့နယ်တွေများမှာလည်း တွေ့ရှိလာကြပါတယ်။ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်ဘက်က ငှက်ဖျားလူနာ စာရင်းတွေ အခုထိမရသေးပါ။

Zawgyi

ခ်င္းျပည္နယ္စစ္ေဘးေရွာင္ျပည္သူမ်ားတြင္ ငွက္ဖ်ားေရာဂါခံစားသူမ်ားျပားၿပီး ေဆးစိမ္ျခင္ေထာင္အလႉရွင္လိုအပ္

ခ်င္းျပည္နယ္မွာ စစ္ေဘးေရွာင္ျပည္သူေတြထံ သာမန္ငွက္ဖ်ားအျပင္ ျပင္းထန္ငွက္ဖ်ားေရာဂါမ်ားပါေတြ႕ရွိလာတာေၾကာင့္ ေဆးစိမ္ျခင္ေထာင္ေတြ အေရးတႀကီးလိုအပ္ေနတယ္လို႔ Chin Health Organization ကထုတ္ျပန္ထားပါတယ္။

အရင္ႏွစ္တုန္းက ခ်င္းျပည္နယ္မွာ တစ္ၿမိဳ႕နယ္တြင္ တစ္ႏွစ္ပတ္လံုးမွာ ငွက္ဖ်ားေရာဂါလူနာ ၃ ေယာက္ကေန ၁၅ ေယာက္သာေတြ႔ရွိတာေၾကာင့္ ၂၀၂၅ ခုႏွစ္တြင္ ငွက္ဖ်ားပေပ်ာက္မယ့္ဧရိယာလို႔မွန္းထားတဲ့ျပည္နယ္ျဖစ္ပါတယ္။

Chin Health Organization တာဝန္ရွိသူတစ္ဦးက “အခု က်ေနာ္တို႔စာရင္းရႏိုင္တာ ကန္ပက္လ၊ မတူပီ၊ မင္းတပ္နယ္ေတြေပါ့။ စာရင္းေကာက္တာလည္း ဧၿပီလကေန ဇြန္လထိပါ။ အဲ့ဒီ ၃လအတြင္းမွာ ငွက္ဖ်ားလူနာ ၄၀ ေလာက္ရွိၿပီ။ အရင္က တစ္ႏွစ္လံုးမွာ တစ္ၿမိဳ႕နယ္မွာ ငွက္ဖ်ားလူနာ အမ်ားဆံုး ၁၉ ေယာက္ပဲရွိတယ္။ ငွက္ဖ်ားမ်ားလာတဲ့ အဓိကအေၾကာင္းရင္းကေတာ့ ေျပးရလႊားရဆိုေတာ့ ျခင္ေထာင္မရွိၾကလို႔ဘဲ။ ငွက္ဖ်ားျဖစ္ၿပီဆို ေဆးဝါးကလည္း လံုလံုေလာက္ေလာက္မရွိဘူး။ ေဆးစိမ္ျခင္ေထာင္အလွဴရွင္အရမ္းလိုတယ္။ မဟုတ္ဘူးဆိုရင္ အိတ္ေပါက္နဲ႔ဖားေကာက္သလုိျဖစ္မယ္” လို႔ေျပာပါတယ္။

ဒီႏွစ္ထဲမွာ မတူပီကေန မင္းတပ္ကိုစစ္ေဘးေရွာင္လာတဲ့ျပည္သူတစ္ဦး ငွက္ဖ်ားေရာဂါနဲ႔ ေသဆံုးၿပီလို႔လည္းသိရတယ္။

အခုဆို စစ္ေဘးေရွာင္မ်ားထံမွာ ငွက္ဖ်ားဦးေႏွာက္ပိုးဝင္တဲ့ေရာဂါေတြပါေတြ႔ရၿပီး ယင္းပိုးဟာ လူကိုပါေသဆံုးေစႏိုင္တဲ့အထိ ျပင္းထန္တဲ့ေရာဂါပိုးျဖစ္ပါတယ္။

အရင္ကေတာ့ ခ်င္းျပည္နယ္မွာ ပလက္ဝၿမိဳ႕နယ္သာ ငွက္ဖ်ားေရာဂါအမ်ားဆံုးေတြ႔ရတဲ့ေနရာျဖစ္ၿပီး အခုဆိုရင္ မင္းတပ္၊ မတူပီ၊ ကန္ပက္လက္၊ ထန္တလန္ၿမိဳ႕နယ္ေတြမ်ားမွာလည္း ေတြ႔ရွိလာၾကပါတယ္။ ဖလမ္း၊ တီးတိန္နဲ႔ တြန္းဇံၿမိဳ႕နယ္ဘက္က ငွက္ဖ်ားလူနာ စာရင္းေတြ အခုထိမရေသးပါ။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်