ချင်းပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို ဒီလ (၂၇)ရက်ကနေ စတင်ထိုးနှံ့မယ်

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ကို ဇန်နဝါရီလ (၂၇)ရက်တွင် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံးအကြိမ် စတင်ထိုးနှံ့တော့မယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှသတင်းရရှိပါတယ်။
ပြီးနောက် ဇန်နဝါရီလ (၂၈)ရက်တွင် အစိုးရအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများနဲ့ အတွင်းရေးမှူးကို ဆက်လက်ထိုးနှံ့မယ်လို့သိရပါတယ်။

ဝန်ကြီးဦးစိုးထက်က “ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ဒီလ (၂၇)ရက်နေ့ စထိုးမယ်။ (၂၈)ရက်ကျရင် ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေ ညွှန်မှူးတွေ၊ အတွင်းရေးမှူးတွေ ထိုးမယ်။ အဲ့ဒါပြီးရင် ကျန်တဲ့ဟာတွေကို သူတို့သတ်မှတ်ချက်အတိုင်းဆက်ထိုးသွားမှာပါ။ ကျန်မာရေးဝန်ထမ်း ၃ ထောင် ၄ ထောင်လောက်ရှိတယ်။ ကျေးရွာဘက် ကားမရောက်နိုင်တဲ့နေရာက ကျန်းမာရေးဝန်ထမ်းတွေကျတော့ သတ်မှတ်ချက်တစ်ခုအနေနဲ့ မြို့ကိုခေါ်ပြီးမှထိုးရမယ်ထင်ပါတယ်။ သူက (၂၈)ရက်ခြားနဲ့ ၂ ကြိမ်ထိုးရမှာဆိုတော့။ တစ်ယောက်အတွက် ဆေး ၂ လုံးလိုမှာဆိုတော့ ခုတော့ တစ်ပြည်လုံးမထိုးရင်တောင် တစ်ဖြည်းဖြည်းနဲ့ရလာမှာပါ” လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ COVISHIELD ကာကွယ်ဆေးကို မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူ ၇သိန်းခွဲအတွက် ကာကွယ်ဆေး ၁၅ သိန်းရောက်ရှိလာပါတယ်။

ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက “ချင်းပြည်နယ်အတွက် ဆေး ဘယ်နလုံးရောက်လာမလဲဆိုတာ ခုမှ နေပြည်တော်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့နဲ့ ညို့နှိုင်းနေတုန်းပဲရှိသေးတယ်။ ဘယ်လောက် ပို့လာမလဲဆိုတာ မသိရသေးဘူး။ ဒီကစာရင်းတွေပို့ထားတယ်” လို့ပြောပါတယ်။

လက်ရှိ ချင်းပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်း အားလုံးစုစုပေါင်း ၃ ထောင်ကနေ ၄ ထောင်ကြားရှိပါတယ်။ယင်းကာကွယ်ဆေးဟာ အသက် (၁၈)နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင် မိခင်များထံ ထိုးနှံ့မှာမဟုတ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာ ခင်ခင်ကြီးကပြောပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက ” ကာကွယ်ဆေးတွေသည် အမြန်ထုတ်ရတာဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာထုတ်ရတဲ့အတွက်ကြောင့် မို့ စမ်းသပ်တဲ့ အခါမှာ ကလေးတွေကိုစမ်းသပ်တာ မရှိပါဘူး။ ကလေးတွေကို စမ်းသပ်ထားတဲ့ ဒေတာ လုံလုံလောက်လောက် မရှိပါဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေမှာ လည်း စမ်းသပ်ထားတာ မရှိပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးဟာ စိတ်ချစွာနဲ့ ကလေးတွေကို ထိုးနှံနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး ” လို့ပြောပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူများအနက် အသက် ၁၈နှစ်အောက် ပိုးကူးစက်ခံရမှုမှာ ၈ ရာခိုင်နှုန်းသာ ရှိပြီး အသက်သေဆုံးမှုမှာလည်း လက်ရှိအထိ ၇ ဦးသာ ရှိကြောင်းသိရပါတယ်။ သေဆုံး ကလေးငယ် ၇ ဦးမှာလည်း နောက်ခံရောဂါ အခံရှိသူများဖြစ်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ ကိုဗစ္ကာကြယ္ေဆးကို ဒီလ (၂၇)ရက္ကေန စတင္ထိုးႏွံ႔မယ္

ခ်င္းျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး COVISHIELD ကို ဇန္နဝါရီလ (၂၇)ရက္တြင္ က်န္းမာေရးဝန္ထမ္းေတြကို ပထမဆံုးအၾကိမ္ စတင္ထုိးႏွံ႔ေတာ့မယ္လုိ႔ စည္ပင္ဝန္ၾကီး ဦးစိုးထက္ထံမွသတင္းရရွိပါတယ္။

ၿပီးေနာက္ ဇန္နဝါရီလ (၂၈)ရက္တြင္ အစိုးရအဖြဲ႔ဝင္မ်ား၊ ညႊန္ၾကားေရးမွဴးမ်ားနဲ႔ အတြင္းေရးမွဴးကို ဆက္လက္ထိုးႏွံ႔မယ္လုိ႔သိရပါတယ္။

ဝန္ၾကီးဦးစိုးထက္က “က်န္းမာေရးဝန္ထမ္းေတြကို ပထမဦးစားေပးအေနနဲ႔ ဒီလ (၂၇)ရက္ေန႔ စထုိးမယ္။ (၂၈)ရက္က်ရင္ က်ေနာ္တို႔ အစိုးရအဖြဲ႔ဝင္ေတြ ညႊန္မွဴးေတြ၊ အတြင္းေရးမွဴးေတြ ထိုးမယ္။ အဲ့ဒါၿပီးရင္ က်န္တဲ့ဟာေတြကို သူတို႔သတ္မွတ္ခ်က္အတိုင္းဆက္ထုိးသြားမွာပါ။ က်န္မာေရးဝန္ထမ္း ၃ ေထာင္ ၄ ေထာင္ေလာက္ရွိတယ္။ ေက်းရြာဘက္ ကားမေရာက္ႏိုင္တဲ့ေနရာက က်န္းမာေရးဝန္ထမ္းေတြက်ေတာ့ သတ္မွတ္ခ်က္တစ္ခုအေနနဲ႔ ၿမိဳ႕ကိုေခၚၿပီးမွထိုးရမယ္ထင္ပါတယ္။ သူက (၂၈)ရက္ျခားနဲ႔ ၂ ၾကိမ္ထုိးရမွာဆိုေတာ့။ တစ္ေယာက္အတြက္ ေဆး ၂ လံုးလိုမွာဆိုေတာ့ ခုေတာ့ တစ္ျပည္လံုးမထုိးရင္ေတာင္ တစ္ျဖည္းျဖည္းနဲ႔ရလာမွာပါ” လုိ႔ေျပာပါတယ္။

အိႏိၵယႏိုင္ငံက ထုတ္လုပ္တဲ့ COVISHIELD ကာကြယ္ေဆးကို မေန႔က ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သို႔ လူ ၇သိန္းခြဲအတြက္ ကာကြယ္ေဆး ၁၅ သိန္းေရာက္ရွိလာပါတယ္။

ခ်င္းျပည္နယ္ျပည္သူ႔က်န္းမာ​ေရး/ကုသ​ေရးဦးစီးဌာနမႉး ေဒါက္တာေအာင္ေငြစံက “ခ်င္းျပည္နယ္အတြက္ ေဆး ဘယ္နလံုးေရာက္လာမလဲဆိုတာ ခုမွ ေနျပည္ေတာ္က က်န္းမာေရးနဲ႔ အားကစားဝန္ၾကီးဌာနတို႔နဲ႔ ညိဳ႕ႏႈိင္းေနတုန္းပဲရွိေသးတယ္။ ဘယ္ေလာက္ ပို႔လာမလဲဆိုတာ မသိရေသးဘူး။ ဒီကစာရင္းေတြပို႔ထားတယ္” လို႔ေျပာပါတယ္။

လက္ရွိ ခ်င္းျပည္နယ္တြင္ က်န္းမာေရးဝန္ထမ္း အားလံုးစုစုေပါင္း ၃ ေထာင္ကေန ၄ ေထာင္ၾကားရွိပါတယ္။
ယင္းကာကြယ္ေဆးဟာ အသက္ (၁၈)ႏွစ္ေအာက္ နဲ႔ ကိုယ္ဝန္ေဆာင္ မိခင္မ်ားထံ ထုိးႏွံ႔မွာမဟုတ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉးေဒါက္တာ ခင္ခင္ႀကီးကေျပာပါတယ္။

ေဒါက္တာ ခင္ခင္ၾကီးက ” ကာကြယ္ေဆးေတြသည္ အျမန္ထုတ္ရတာျဖစ္ပါတယ္။ တစ္ႏွစ္အတြင္းမွာထုတ္ရတဲ့အတြက္ေၾကာင့္ မို႔ စမ္းသပ္တဲ့ အခါမွာ ကေလးေတြကိုစမ္းသပ္တာ မရွိပါဘူး။ ကေလးေတြကို စမ္းသပ္ထားတဲ့ ေဒတာ လုံလုံေလာက္ေလာက္ မရွိပါဘူး။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ေတြမွာ လည္း စမ္းသပ္ထားတာ မရွိပါဘူး။ ဒါေၾကာင့္ ဒီကာကြယ္ေဆးဟာ စိတ္ခ်စြာနဲ႔ ကေလးေတြကို ထိုးႏွံႏိုင္ဖို႔ မျဖစ္ႏိုင္ေသးပါဘူး ” လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကူးစက္ခံရသူမ်ားအနက္ အသက္ ၁၈ႏွစ္ေအာက္ ပိုးကူးစက္ခံရမႈမွာ ၈ ရာခိုင္ႏႈန္းသာ ရွိၿပီး အသက္ေသဆုံးမႈမွာလည္း လက္ရွိအထိ ၇ ဦးသာ ရွိေၾကာင္းသိရပါတယ္။ ေသဆုံး ကေလးငယ္ ၇ ဦးမွာလည္း ေနာက္ခံေရာဂါ အခံရွိသူမ်ားျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်