ချင်းပြည်နယ်တွင် ဆယ်တန်းစာမေးပွဲဖြေဆိုမယ့်သူ ယခင်နှစ်ကထက် ပိုများ

ယခုနှစ် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသား (၁၄,၁၆၄)ဦးရှိပြီး ယခင်နှစ်ကထက် (၂၅၀၀)ကျော်နဲ့ပိုများနေတယ်လို့သတင်းရရှိပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်မှ (၂၀)ရက်ထိကျင်းပပါမယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဆယ်တန်းစာမေးပွဲတွင် ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းသွင်းထားတဲ့ ကျောင်းသူကျောင်းသား (၁၂,၁၁၄)ဦးရှိပြီး စာမေးပွဲပထမနေ့တွင် လာရောက်ဖြေဆိုသူ (၁၀,၇၇၁)ဦသာရှိပါတယ်။

ချင်းပြည်နယ်တွင် စာစစ်ဌာန (၃၂)ခုရှိပြီး ဟားခါးခရိုင်တွင် စာစစစ်ဌာန (၆)ခု၊ ဖလမ်းခရိုင်တွင် စာစစ်ဌာန (၁၁)ခု၊ မင်းတပ်ခရိုင်တွင် စာစစ်ဌာန(၁၅)ခုရှိပါတယ်။

ချင်းပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဆယ်တန်းဖြေဆိုသူ(၉၇၂၅)ဦးရှိတဲ့အနက် (၁၈၅၂)အောင်မြင်ခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်း (၁၉ ဒသမ ၀၄) ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တွင် ဆယ်တန်းဖြေဆိုသူ (၁၀၁၆၈)ရှိတဲ့အနက် (၁၆၉၂) ယောက်အောင်မြင်သဖြင့် အောင်ချက် ရာခိုင်နှုန်းက(၁၆ ဒသမ ၆၄) ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဆယ်တန်းဖြေဆိုသူ (၁၀၇၇၁)ဦးရှိတဲ့အနက် (၂၁၁၀)အောင်မြင်သဖြင့် အောင်ချက် ရာခိုင်နှုန်း (၁၉ ဒသမ ၅၆)ဖြစ်ပါတယ်။

(Zawgyi)









နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်