ချင်းပြည်နယ်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ (၂၆)ဦးတွေ့ရှိပြီး တီးတိန်မြို့မှ (၂၂)ဦးပါဝင်

ချင်းပြည်နယ်တွင် ဒီနေ့ ဇန်နဝါရီ (၁၁)ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၆)ဦးတွေ့ရှိပြီး ၎င်းတို့ထဲတွင် တီးတိန်မြို့မှ (၂၂)ဦးပါဝင်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာထားပါတယ်။

ဒါ့ပြင် အခြားမြို့နယ်များမှ တီးတိန်မြို့သို့ခရီးသွားလာခြင်းမပြုကြပါရန် တိုက်တွန်းထားပါတယ်။

ယနေ့ မြို့နယ်အလိုက် ပိုးတွေ့လူနာတွေကတော့ တီးတိန်မြို့တွင် (၂၂)ဦး၊ တွန်းဇံမြို့တွင် တီးတိန်မြို့မှ ပြန်လာတဲ့ အမျိုးသမီးတစ်ဦး၊ ဖလမ်းမြို့တွင် အလုပ်လုပ်ကိုင်နေသူ (တီးတိန်မြို့သို့ 7/1/2021တွင် သွားရောက်ခဲ့သူ) နဲ့ အတူနေအိမ်သား တစ်ဦး၊ စုစုပေါင်း (၂) ဦး၊ ထန်တလန်မြို့တွင် ကလေးဝမြို့ အလုပ်လာလုပ်သူ တစ်ဦး စသည်တို့ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း ယနေ့အထိ စုစုပေါင်း ပိုးတွေ့လူနာဦးရေ – (၃၃၇)ဦး ရှိပြီ။

ယခုကာလအတွင်း တီးတိန်မြို့တွင် ပိုးတွေ့လူနာဦးရေ မြင့်တက်လျက် ရှိပါသဖြင့် တီးတိန်မြို့နေ ပြည်သူများအနေဖြင့် ဖျားခြင်း/ချောင်းဆိုးခြင်း/မောခြင်း/ ရင်ကြပ်ခြင်း/ လည်ချောင်းနာခြင်း စသည့် လက္ခဏာများ ခံစားရပါက အနီးစပ်ဆုံးကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးမှု ခံယူသင့်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ တစ္ရက္အတြင္း ကိုဗစ္လူနာ (၂၆)ဦးေတြ႔ရွိၿပီး တီးတိန္ၿမိဳ႕မွ (၂၂)ဦးပါဝင္

ခ်င္းျပည္နယ္တြင္ ဒီေန႔ ဇန္နဝါရီ (၁၁)ရက္အတြင္း ကိုဗစ္-၁၉ ပိုးေတြ႔လူနာ (၂၆)ဦးေတြ႔ရွိၿပီး ၄င္းတို႔ထဲတြင္ တီးတိန္ၿမိဳ႕မွ (၂၂)ဦးပါဝင္တယ္လို႔ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေၾကညာထားပါတယ္။

ဒါ့ျပင္ အျခားၿမိဳ႕နယ္မ်ားမွ တီးတိန္ၿမိဳ႕သို႔ခရီးသြားလာျခင္းမျပဳၾကပါရန္ တိုက္တြန္းထားပါတယ္။

ယေန႔ ၿမိဳ႕နယ္အလိုက္ ပိုးေတြ႔လူနာေတြကေတာ့ တီးတိန္ၿမိဳ႕တြင္ (၂၂)ဦး၊ တြန္းဇံၿမိဳ႕တြင္ တီးတိန္ၿမိဳ႕မွ ျပန္လာတဲ့ အမ်ိဳးသမီးတစ္ဦး၊ ဖလမ္းၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ေနသူ (တီးတိန္ၿမိဳ႕သို႔ 7/1/2021တြင္ သြားေရာက္ခဲ့သူ) နဲ႔ အတူေနအိမ္သား တစ္ဦး၊ စုစုေပါင္း (၂) ဦး၊ ထန္တလန္ၿမိဳ႕တြင္ ကေလးဝၿမိဳ႕ အလုပ္လာလုပ္သူ တစ္ဦး စသည္တုိ႔ျဖစ္ပါတယ္။

ခ်င္းျပည္နယ္အတြင္း ယေန႔အထိ စုစုေပါင္း ပိုးေတြ႕လူနာဦးေရ – (၃၃၇)ဦး ရွိၿပီ။

ယခုကာလအတြင္း တီးတိန္ၿမိဳ႕တြင္ ပိုးေတြ႕လူနာဦးေရ ျမင့္တက္လ်က္ ရွိပါသျဖင့္ တီးတိန္ၿမိဳ႕ေန ျပည္သူမ်ားအေနျဖင့္ ဖ်ားျခင္း/ေခ်ာင္းဆိုးျခင္း/ေမာျခင္း/ ရင္ၾကပ္ျခင္း/ လည္ေခ်ာင္းနာျခင္း စသည့္ လကၡဏာမ်ား ခံစားရပါက အနီးစပ္ဆုံးက်န္းမာေရးဌာနသို႔ သြားေရာက္စစ္ေဆးမႈ ခံယူသင့္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်