ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်ဟာ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူအများဆုံးဖြစ်နေ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ပထမဆုံးနေ့တွင် ပလက်ဝမြို့နယ်မှာ ပျက်ကွက်သူ (၄၇၅) ဦးရှိတာကြောင့် ချင်းပြည်နယ်တွင် အများဆုံးပျက်ကွက်တဲ့မြို့နယ်ဖြစ်ပါတယ်။

ပလက်ဝမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် စာရင်းရှိ (၂၆၉၀)ဦးရှိပေမယ့် ဖြေဆိုသူ (၂၂၁၆)ဦးရှိပြီး (၁၇)ရာခိုင်နှုန်းပျက်ကွက်ကြပါတယ်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “အခြေအနေအမျိုးမျိုးကြောင့်ပျက်ကွက်ကြတာဖြစ်မယ်။ အခု ပျက်ကွက်သူအများဆုံးက အပြင်ဖြေ နှစ်ကျတွေများတယ်” လို့ပြောပါတယ်။

အရင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၂၅၀)ကျော် ရှိတယ်လို့ ၎င်းကပြောပါတယ်။

ဒုတိယပျက်ကွက်သူအများဆုံးမြို့နယ်မှာ မတူပီမြို့နယ်ဖြစ်ပြီး စာရင်းရှိ (၁၈၂၈)ဦးထဲတွင် (၁၅၂၉)ဦးရှိ၍ (၂၉၉)ဦးပျက်ကွက်ပါတယ်။

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့်သူ စာရင်းရှိ (၁၂၃၇၄) ဦးရှိပြီး (၁၈၀၃)ဦးပျက်ကွက်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ ပလက္ဝၿမိဳ႕နယ္ဟာ တကၠသိုလ္ဝင္စာေမးပြဲ ပ်က္ကြက္သူအမ်ားဆုံးျဖစ္ေန

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုတဲ့ ပထမဆုံးေန႔တြင္ ပလက္ဝၿမိဳ႕နယ္မွာ ပ်က္ကြက္သူ (၄၇၅) ဦးရွိတာေၾကာင့္ ခ်င္းျပည္နယ္တြင္ အမ်ားဆုံးပ်က္ကြက္တဲ့ၿမိဳ႕နယ္ျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမယ့္ စာရင္းရွိ (၂၆၉၀)ဦးရွိေပမယ့္ ေျဖဆိုသူ (၂၂၁၆)ဦးရွိၿပီး (၁၇)ရာခိုင္ႏႈန္းပ်က္ကြက္ၾကပါတယ္။

ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းက “အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ပ်က္ကြက္ၾကတာျဖစ္မယ္။ အခု ပ်က္ကြက္သူအမ်ားဆုံးက အျပင္ေျဖ ႏွစ္က်ေတြမ်ားတယ္” လို႔ေျပာပါတယ္။

အရင္ႏွစ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ပ်က္ကြက္သူ (၂၅၀)ေက်ာ္ ရွိတယ္လို႔ ၎ကေျပာပါတယ္။

ဒုတိယပ်က္ကြက္သူအမ်ားဆံုးၿမိဳ႕နယ္မွာ မတူပီၿမိဳ႕နယ္ျဖစ္ၿပီး စာရင္းရွိ (၁၈၂၈)ဦးထဲတြင္ (၁၅၂၉)ဦးရွိ၍ (၂၉၉)ဦးပ်က္ကြက္ပါတယ္။

ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုမယ့္သူ စာရင္းရွိ (၁၂၃၇၄) ဦးရွိၿပီး (၁၈၀၃)ဦးပ်က္ကြက္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်