ချင်းပြည်နယ်တွင် မြို့နယ် ၄ မြို့နယ်မှ ကျောင်း ၁၉၉ ကျောင်းဖွင့်လှစ်နိုင်ဟုဆို

ချင်းပြည်နယ်တွင် နိုဝင်ဘာ ၁ ရက်ကစပြီး တီးတိန်၊ တွန်းဇံ၊ ပလက်ဝ၊ မတူပီမြို့နယ်များတွင် ကျောင်းပေါင်း ၁၉၉ ကျောင်းတွင် ကျောင်းဖွင့်လှစ်ခဲ့တယ်လို့ ပြည်နယ် ပညာရေးမှူးရုံးထံမှသတင်းရရှိပါတယ်။

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၉၈ ကျောင်းရှိတဲ့အနက် ကျောင်းအားလုံးဖွင့်လှစ်နိုင်တယ်လို့လည်းသိရတယ်။

မြို့နယ်အလိုက် ကျောင်းဖွင့်လှစ်စာရင်းမှာ တီးတိန်မြို့နယ်တွင် ၁၉ ကျောင်း၊ တွန်းဇံမြို့နယ်တွင် ၉၈ ကျောင်း၊ ပလက်ဝမြို့နယ်တွင် ၈၁ ကျောင်း၊ မတူပီမြို့နယ်တွင် ၁ ကျောင်း စုစုပေါင်း ၁၉၉ ကျောင်းဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုမြင့်မားခြင်းကြောင့် ဟားခါးမြို့နယ် နဲ့ ဖလမ်းမြို့နယ်တွင် ကျောင်းဖွင့်လှစ်ခြင်းမပြုရန် အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး PDF-Zoland က ချင်းပြည်နယ်နေရာအချို့တွင်ကျောင်းများအတင်းအဓမ္မ ဖွင့်လှစ်နေနဲ့ ပတ်သက်၍ နိုဝင်ဘာ ၂ ရက်နေ့တွင် အထူးသတိပေးကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်သူ့သစ္စာဖောက် Non CDM ဆရာ၊မများမှ အကူအညီအပြည့်အဝပေးလိုက်နာကာ နေရာတချို့တွင် စာသင်ကျောင်းများဖွင့်လှစ်ထားသည်ကို ဝမ်းနည်းစွာသိရှိရကြောင်း၊ အမိမြေရှိ စာသင်ကျောင်းများကို လုံးဝအနှောက်အယှက်ပေးမည်မဟုတ်ပဲ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုရှိလာပါက ရာနှုန်းပြည့် စစ်ကောင်စီရဲ့လက်ချက်သာဖြစ်ကြောင်း သတိပေးလိုက်တယ်လို့ယနေ့ နိုဝင်ဘာလ ၉ ရက် နေ့စွဲနဲ့ သတိပေးအကြောင်းကြားစာထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့ အ.ထ.က ၁ ကျောင်းတွင် နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက လက်လုပ်ဗုံးတွေ့ရှိတာကြောင့် ကျောင်းသားမိဘများ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။

Zawgyi

ခ်င္းျပည္နယ္တြင္ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွ ေက်ာင္း ၁၉၉ ေက်ာင္းဖြင့္လွစ္ႏိုင္ဟုဆို

ခ်င္းျပည္နယ္တြင္ ႏိုဝင္ဘာ ၁ ရက္ကစၿပီး တီးတိန္၊ တြန္းဇံ၊ ပလက္ဝ၊ မတူပီၿမိဳ႕နယ္မ်ားတြင္ ေက်ာင္းေပါင္း ၁၉၉ ေက်ာင္းတြင္ ေက်ာင္းဖြင့္လွစ္ခဲ့တယ္လုိ႔ ျပည္နယ္ ပညာေရးမွဴးရံုးထံမွသတင္းရရွိပါတယ္။

တြန္းဇံၿမိဳ႕နယ္တြင္ အေျခခံပညာေက်ာင္းေပါင္း ၉၈ ေက်ာင္းရွိတဲ့အနက္ ေက်ာင္းအားလံုးဖြင့္လွစ္ႏိုင္တယ္လုိ႔လည္းသိရတယ္။

ၿမိဳ႕နယ္အလုိက္ ေက်ာင္းဖြင့္လွစ္စာရင္းမွာ တီးတိန္ၿမိဳ႕နယ္တြင္ ၁၉ ေက်ာင္း၊ တြန္းဇံၿမိဳ႕နယ္တြင္ ၉၈ ေက်ာင္း၊ ပလက္ဝၿမိဳ႕နယ္တြင္ ၈၁ ေက်ာင္း၊ မတူပီၿမိဳ႕နယ္တြင္ ၁ ေက်ာင္း စုစုေပါင္း ၁၉၉ ေက်ာင္းျဖစ္ပါတယ္။

ကိုဗစ္ေရာဂါကူးစက္မႈျမင့္မားျခင္းေၾကာင့္ ဟားခါးၿမိဳ႕နယ္ နဲ႔ ဖလမ္းၿမိဳ႕နယ္တြင္ ေက်ာင္းဖြင့္လွစ္ျခင္းမျပဳရန္ အာဏာသိမ္း စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး PDF-Zoland က ခ်င္းျပည္နယ္ေနရာအခ်ဳိ႕တြင္ေက်ာင္းမ်ားအတင္းအဓမၼ ဖြင့္လွစ္ေနနဲ႔ ပတ္သက္၍ ႏိုဝင္ဘာ ၂ ရက္ေန႔တြင္ အထူးသတိေပးေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း၊ ျပည္သူ႔သစၥာေဖာက္ Non CDM ဆရာ၊မမ်ားမွ အကူအညီအျပည့္အဝေပးလုိက္နာကာ ေနရာတခ်ဳိ႕တြင္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္ထားသည္ကို ဝမ္းနည္းစြာသိရွိရေၾကာင္း၊ အမိေျမရွိ စာသင္ေက်ာင္းမ်ားကို လံုးဝအေႏွာက္အယွက္ေပးမည္မဟုတ္ပဲ အသက္အိုးအိမ္ ထိခုိက္ပ်က္စီးမႈရွိလာပါက ရာႏႈန္းျပည့္ စစ္ေကာင္စီရဲ႕လက္ခ်က္သာျဖစ္ေၾကာင္း သတိေပးလိုက္တယ္လုိ႔ယေန႔ ႏိုဝင္ဘာလ ၉ ရက္ ေန႔စြဲနဲ႔ သတိေပးအေၾကာင္းၾကားစာထုတ္ျပန္ထားပါတယ္။

ပလက္ဝၿမိဳ႕ အ.ထ.က ၁ ေက်ာင္းတြင္ ႏိုဝင္ဘာလ ၅ ရက္ေန႔ မနက္ပိုင္းက လက္လုပ္ဗံုးေတြ႔ရွိတာေၾကာင့္ ေက်ာင္းသားမိဘမ်ား အထိတ္တလန္႔ျဖစ္ခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်