ချင်းပြည်နယ်ထွက်ကော်ဖီတွေဈေးကျဆင်းပေမယ့် ဝယ်ယူမယ့်သူမရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကော်ဖီတွေဟာ အရင်နှစ်တွေကထက် ဈေးနှုန်းကျဆင်းပေမယ့် ဝယ်ယူမယ့်သူမရှိတာကြောင့် တောင်သူတွေက ကြာရှည်ခံအောင်ထိန်းသိမ်းထားတယ်လို့သတင်းရရှိပါတယ်။

အရင်နှစ်တွေတုန်းက ကော်ဖီ တစ်ပိဿာကို ၅ ထောင်နဲ့ရောင်းချကြပြီး ဒီနှစ်မှာတော့ တစ်ပိဿာ ၄ ထောင်နဲ့လည်း ဝယ်ယူမယ့်သူမရှိဘူးလို့သိရတယ်။

ဒေသခံကော်ဖီစိုက်တောင်သူတစ်ဦးက “ကုန်ချောကို ဖလမ်း၊ ဟားခါးဘက်က လူကြီးတွေလာရင်လက်ဆောင်ပေးဖို့အဓိက ဝယ်ကြတယ်။ ဒါပေမယ့်ခုက နိုင်ငံရေးအခြေအနေမကောင်းတော့ အဲ့ဒါတွေလည်းမရှိတော့ဘူး။ ဒါကြောင့် အခု ကိုယ့်ဘာသာ ကော်ဖီစမ်းလှော်ကြည့်မလို့” လို့ပြောပါတယ်။

တီးတိန်မြို့နယ်ကထွက်တဲ့ ကော်ဖီကုန်ချောတွေဟာ ဖလမ်း၊ ဟားခါးဘက်မှာ အဓိကတင်ပို့ရောင်းချကြပေမယ့် အရင်နှစ်ကစပြီး လမ်းအခြေအနေမကောင်းတော့တာကြောင့် ဝယ်ယူမယ့်သူလည်းမရှိတော့ဘူးလို့သတင်းရရှိပါတယ်။

ဒါကြောင့် ကော်ဖီစိုက်တောင်သူတွေဟာ ကော်ဖီကိုနောက်နှစ်ထိထားလို့ရအောင် နှစ်ရှည်ခံအောင်ထိန်းသိမ်းထားကြပါတယ်။ ဒါပေမယ့် နောက်နှစ်တွင်လည်း ဝယ်ယူမယ့်သူမရှိပါက ကော်ဖီရဲ့မူလအရသာပျက်တော့မှာမို့ တောင်သူတွေက စိုးရိမ်းနေကြပါတယ်။

ကော်ဖီကို ချင်းပြည်နယ်မှာ အဓိက မင်းတပ်မြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ စိုက်ပျိုးကြပြီး တခြားမြို့နယ်မှာတော့ အခုမှပြန်လည်စိုက်ပျိုးလာကြပါတယ်။

Zawgyi

ခ်င္းျပည္နယ္ထြက္ေကာ္ဖီေတြေစ်းက်ဆင္းေပမယ့္ ဝယ္ယူမယ့္သူမရွိ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္က ေကာ္ဖီေတြဟာ အရင္ႏွစ္ေတြကထက္ ေဈးႏႈန္းက်ဆင္းေပမယ့္ ဝယ္ယူမယ့္သူမရွိတာေၾကာင့္ ေတာင္သူေတြက ၾကာရွည္ခံေအာင္ထိန္းသိမ္းထားတယ္လို႔သတင္းရရွိပါတယ္။

အရင္ႏွစ္ေတြတုန္းက ေကာ္ဖီ တစ္ပိႆာကို ၅ ေထာင္နဲ႔ေရာင္းခ်ၾကၿပီး ဒီႏွစ္မွာေတာ့ တစ္ပိႆာ ၄ ေထာင္နဲ႔လည္း ဝယ္ယူမယ့္သူမရွိဘူးလို႔သိရတယ္။

ေဒသခံေကာ္ဖီစိုက္ေတာင္သူတစ္ဦးက “ကုန္ေခ်ာကို ဖလမ္း၊ ဟားခါးဘက္က လူၾကီးေတြလာရင္လက္ေဆာင္ေပးဖို႔အဓိက ဝယ္ၾကတယ္။ ဒါေပမယ့္ခုက ႏိုင္ငံေရးအေျခအေနမေကာင္းေတာ့ အဲ့ဒါေတြလည္းမရွိေတာ့ဘူး။ ဒါေၾကာင့္ အခု ကုိယ့္ဘာသာ ေကာ္ဖီစမ္းေလွာ္ၾကည့္မလုိ႔” လုိ႔ေျပာပါတယ္။

တီးတိန္ၿမိဳ႕နယ္ကထြက္တဲ့ ေကာ္ဖီကုန္ေခ်ာေတြဟာ ဖလမ္း၊ ဟားခါးဘက္မွာ အဓိကတင္ပို႔ေရာင္းခ်ၾကေပမယ့္ အရင္ႏွစ္ကစၿပီး လမ္းအေျခအေနမေကာင္းေတာ့တာေၾကာင့္ ဝယ္ယူမယ့္သူလည္းမရွိေတာ့ဘူးလို႔သတင္းရရွိပါတယ္။

ဒါေၾကာင့္ ေကာ္ဖီစိုက္ေတာင္သူေတြဟာ ေကာ္ဖီကိုေနာက္ႏွစ္ထိထားလို႔ရေအာင္ ႏွစ္ရွည္ခံေအာင္ထိန္းသိမ္းထားၾကပါတယ္။ ဒါေပမယ့္ ေနာက္ႏွစ္တြင္လည္း ဝယ္ယူမယ့္သူမရွိပါက ေကာ္ဖီရဲ႕မူလအရသာပ်က္ေတာ့မွာမို႔ ေတာင္သူေတြက စိုးရိမ္းေနၾကပါတယ္။

ေကာ္ဖီကို ခ်င္းျပည္နယ္မွာ အဓိက မင္းတပ္ၿမိဳ႕နယ္နဲ႔ တီးတိန္ၿမိဳ႕နယ္မွာ စိုက္ပ်ဳိးၾကၿပီး တျခားၿမိဳ႕နယ္မွာေတာ့ အခုမွျပန္လည္စိုက္ပ်ဳိးလာၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်