ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာတွင် စစ်ရေးအပါအဝင် အချက် ၄ ချက်အတွေ့အကြုံရှိသူကိုရွေးချယ်စေချင်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့ကသဘောထားထုတ်ပြန်

လာမယ့်နှစ် အစိုးရသက်တမ်းတွင် ချင်းပြည်နယ်အစိုးရဝန်ကြီးချုပ်နေရာတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနောက်ခံအတွေ့အကြုံပြည့်ဝသူ ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်တာဝန်ပေးအပ်နိုင်ရေး သဘောထားထုတ်ပြန်ချက်ကို ဒီကနေ့ရက်စွဲနဲ့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း (၁၀)ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်ကို Khumi Youth Association, Khumi Youth Association (Yangon), Third Eye Organization, Vabawk Organization, တောင်ဇလပ်လူငယ်အဖွဲ့, Cho Women Organization, Matu Social Development Organization, Center Chin Youth Organization (Mindat), Chin Youth Organization (Kanpetlet), Chin MATA တို့ပါဝင်ပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးရှိန်းဂေငိုင်းက “ရည်ရွယ်ချက်အတိအကျကတော့ လွန်ခဲ့တဲ့ NLD အစိုးရသက်တမ်းတစ်လျှောက်မှာ အစိုးရအဖွဲ့ တော်တော်များများက ကျနော်တို့ တောင်ပိုင်းဒေသမှာ ကွင်းမဆင်းဘူး။ နိုင်ငံတော်အကြီးအကဲခရီးစဉ်ကလွှဲပြီး ကွင်းမဆင်းဘူး။ ကုမ္မဏီလေးတွေကလည်း အနည်းဆုံးပိုက်ဆံပေးမှ တင်ဒါရတယ်။ တင်ဒါအောင်လည်း ပိုက်ဆံပေးနိုင်တဲ့သူမှပေးတယ်လို့ပြောတယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း အရည်အသွေးပြည့်မီအောင်မလုပ်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရအဖွဲ့ဝင်တွေကိုပေးရတယ်လို့ အကြောင်းပြကြတယ်။ နောက်တစ်ခုက ဝန်ကြီးချုပ်က အဓိကဖလမ်းအတွက်ပဲဦးစားပေးလုပ်တယ်။ နိုင်ငံတကာ အကူအညီရသမျှကော ရသမျှဘတ်ဂျက်ကော သူ့ရဲ့ဖလမ်းအတွက်ပဲဦးစားပေးတယ်။ ပြီးတော့ ဝန်ကြီးအဖွဲ့မှာ လဒ်စားမှုနဲ့နာမည်ဆိုးနေတာလည်း အရေးယူထိန်းကြောင်းတာတွေ စိစစ်တာတွေမရှိဘူးဆိုတာ ကုမ္မဏီထောင်တဲ့သူတွေကအများကြီးပြောလာကြတယ်။ အနိုင်ရတဲ့ပါတီတွေထဲမှာ ကျန်တဲ့သူတွေရဲ့အရည်အသွေးကိုမသိရသေးတဲ့တွက် ဦးစိုးထက်ကတော့ လဒ်ပေးလဒ်ယူမှာနာမည်ပျက်မရှိဘူး။ နေရာအနှံ့ကိုတက်နိုင်သလောက်သွားတယ်။ ပလက်ဝက သူ့နယ်ဆိုပေမယ့် ဒီလောက်ကျပ်တည်းတဲ့ချိန်မှတောင် အန္တရာယ်အဖြစ်ခံပြီးတော့ ကိုယ်တိုင်ကွင်းပြီးတော့ ကန်ပက်လက်၊ မင်းတပ်ဖက်လည်း သူမရောက်တဲ့နေရာမရှိဘူး။ ကျနော်တို့ကတော့ သူ့ကိုပေးမယ်ဆိုရင်လည်း ထောက်ခံတယ်လို့ပြောရမှာပေါ့ဗျာ။ သူက ဌာနအကြီးကြီးမှာလုပ်ငန်းအတွေ့အကြုံရှိတယ်။ သူက စစ်ရေးစစ်ရာမှာလည်း ကျနော်တို့ပြည်နယ်မှာ ဒီလိုမျိုး မငြိမ်းချမ်းဘူးဖြစ်နေတယ်။ သူက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ညင်ညင်သာသာနဲ့ပြောဆိုဆက်ဆံတတ်တဲ့ ပညာလည်းရှိတယ်။ ဒါကြောင့် ကျနော်တို့က သူရလာရင်တော့ ချင်းပြည်နယ်အတွက်ပိုကောင်းလာမယ်လို့ ယူဆတယ်။ ကျန်တဲ့သူတွေထဲမှာ သူ့ထက်အရည်အသွေးရှိတဲ့သူရှိရင် ကျနော်တို့ကတော့ လက်ခံပါတယ်” လို့ပြောပါတယ်။

ယင်းထုတ်ပြန်ချက်တွင် မကြာခင်ဖွဲ့စည်းမည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်း ချင်းပြည်နယ်အစိုးရအဖွဲ့ခေါင်း ဆောင်ဝန်ကြီးချုပ်တာဝန်ပေးအပ်ရာတွင် ချင်းပြည်နယ်တစ်ဝှမ်းလုံးတရားမျှတမှုကိုဖော်ဆောင်နိုင်ပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအမြင်ရှိသူ၊ နယ်မြေအေးချမ်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်နိုင်ရေးအတွက် အရပ်ဘက်စစ်ဘက်ညိုနှိုင်းဆောင်ရွက်နိုင်သူ၊ ကိုယ်ကျိုးစီးပွားကိုဖက်တွယ်ခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွား၊ အကျိုးပြုစိတ်ဓာတ်ဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို အပြုသဘောဆောင်ဆက်ဆံနိုင်သူ၊ အစိုးရ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အမည်ပျက်ယွင်းသတင်းထွက်ပေါ်ခြင်းမရှိသူ၊ မြို့နယ်ဒေသကျောသားရင်သားခွဲခြားခြင်းမရှိသူ… စသည်များနှင့် ကိုက်ညီသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ ရွေးချယ်တာဝန်ပေးအပ်နိုင်ပါရန်တောင်းဆိုအပ်ပါသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်