ချင်းလူငယ်များကွန်ရက်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် CNLD ပါတီကို ချင်းတမျိုးသားလုံး တခဲနက်မဲပေးကြရန် တိုက်တွန်း

ချင်းလူငယ်များကွန်ရက်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် CNLD ပါတီကို ထောက်ခံကြောင်းနဲ့ ချင်းတမျိုးသားလုံးအနေဖြင့် CNLD ပါတီကို တခဲနက် မဲပေးထောက်ခံကြဖို့ စက်တင်ဘာ (၂၈)ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ယင်းသဘောထားထုတ်ပြန်ချက် အပိုဒ် (၃)တွင် ချင်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲအတွက် မဲပေးထောက်ခံခဲ့ကြသော်လည်း လူမျိုးတမျိုး ဘာသာတခုကိုသာ အခွင့်ထူးပေးထားသော မျိုးစောင့်ဥပဒေများပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေယာပိုင်ဆိုင်မူများအား ဆန့်ကျင်သည့် မြေယာဥပဒေများကို တိုင်းရင်းသားများ ကန့်ကွက်သည့်ကြားမှ ပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားတို့၏ သဘော ထားများ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုများကို အတင်းအဓမ္မ စိုက်ထူရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများအတွက် လုံလောက်သော အထောက်အပံ့များ မရှိနေခြင်း များ အပြင် လူ့အခွင့်အရေး ချိုးဖောက် ခံနေရခြင်းတို့ကို ကြုံတွေ့နေရဆဲဖြစ်သည်လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် ချင်းလူထုများ၏နစ်နာခဲ့မှုများနှင့် နိုင်ငံရေးရပိုင်ခွင့်များကို ပြန်လည် ရယူ ဖော်ဆောင်နိုင်ရန်အတွက် ချင်းလူငယ်များကွန်ရက်အနေဖြင့် ချင်းအမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီကို ထောက်ခံကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဝန်းရံသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ ချင်းဘိုးဘေးများ၏ ပိုင်နက်နယ်မြေများကို ကာကွယ်ရန်၊ ချင်းတို့၏ အချုပ်အခြာ အာဏာများ ပြန်လည်ရရှိရန်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားရန်အလို့ငှါ ချင်းတမျိုးသားလုံးအနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေး ထောက်ခံကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်လို့ဖော်ပြထားပါတယ်။

ချင်းလူငယ်များကွန်ရက် – Chin Youth Network ဟာ ၂၀၁၂ ခုနှစ်မှ စတင်ပြီး ချင်းအမျိုးသားရေး၊ ချင်းလူမျိုးများရဲ့ ရပိုင်ခွင့်များ၊ ချင်းလူငယ်များအခွင့်အရေးတို့ကို အခြေခံလှုပ်ရှားလုပ်ဆောင်နေတဲ့ ကွန်ရက် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်