ချင်းအဆိုတော် (၁၈)ဦးသီဆိုထားတဲ့ Chin United Album ကို ပလက်ဝစစ်ဘေးရှောင်ရန်ပုံငွေအတွက် အွန်လိုင်းကနေရောင်းချမယ်

ပလက်ဝစစ်ဘေးရှောင်ရန်ပုံငွေအတွက် ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရေးကိုဦးတည်ပြီး ချင်းဘာသာစကား (၇)မျိုးနဲ့ ချင်းအဆိုတော် (၁၈)ယောက် ပါဝင်သီဆိုထားတဲ့ Chin United Album ကို လာမယ့် ဖေဖော်ဝါရီလ (၂၀)ရက်တွင် အွန်လိုင်းကနေတဆင့် စတင်ရောင်းချတော့မယ်လို့သတင်းရရှိပါတယ်။

ယင်းသတင်းစာရှင်းလင်းပွဲကို ကလေးမြို့ Turiyar ဂီတာအရောင်းဆိုင်တွင် ဒီနေ့ (၁၂)နာရီခွဲတွင်ပြုလုပ်ပြီး စီစဉ်သူများကိုယ်စား ကို JK Gin Pi၊ အဆိုတော်များကိုယ်စား Lalnunsanga, အတီးသမားများကိုယ်စား Tony Mung Pi တို့တက်ရောက်ကြပါတယ်။

ယင်းအယ်ဘမ်တွင် ဇိုမီး၊ မီးဇို၊ ဖလမ်း၊ ဟားခါး၊ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ မြန်မာ ဘာသာစကားတွေနဲ့ သီဆိုကြတာဖြစ်ပြီး လူငယ်တွေအကြိုက်ဖန်တီးထားကြပါတယ်။

Chin United Album ကို JK Entartainment ကစီစဉ်ထားပြီး အွန်လိုင်းမှာတော့ iTunews, Spotify, Joox, amazonmusic မှာဝယ်ယူနိုင်ပြီး JK entertainment Youtube မှာနားဆင်နိုင်ပါတယ်။

Chin United Album စီစဉ်သူ JK Entartainment က ကို JK Gin Pi က “ပထမတော့ ရှိုးပွဲလုပ်မလို့ ဒါပေမယ့် ကိုဗစ်ဖြစ်လာတော့ အယ်ဘမ်နဲ့ထုတ်ဖြစ်သွားတယ်။ ချင်းဘာသာစကား (၇)မျိုးနဲ့သီချင်းလုပ်တာက ကျနော်တို့အားလုံးက ညီအစ်ကိုတွေပဲ ပေါင်းပေါင်းစည်းစည်းနေကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ။ သီချင်းတွေအားလုံးက ကိုယ်ပိုင်သီချင်းအသစ်တွေကြီးပဲ။ သီချင်းထွက်လာတဲ့ချိန်မှာလည်း ကော်ပီလုပ်ပြီးမတင်ပေးဖို့၊ ကြိုက်တယ်ဆိုရင် မူရင်းသီချင်းလင့်ကိုပဲ ရှယ်လုပ်ပေးစေချင်တယ်။ တတ်နိုင်သလောက်လည်း ဝယ်ယူအားပေးစေချင်တယ်။ စစ်ဘေးရှောင်တွေသွားလှူဖို့က သီချင်းထွက်ပြီး (၆)လလောက်စောင့်မယ်ပြီးတော့ ရလာတဲ့အကျိုးအမြတ်တွေကို အကုန်လုံးသွားလှူမယ်” လို့ပြောပါတယ်။

ယင်းအယ်ဘမ်ထဲတွင် သီချင်း (၁၃)ပုဒ်ရှိပြီး မြန်မာသီချင်းတစ်ပုဒ်ပါဝင်မှာဖြစ်ပါတယ်။

(Zawgyi)

ခ်င္းအဆိုေတာ္ (၁၈)ဦးသီဆိုထားတဲ့ Chin United Album ကို ပလက္ဝစစ္ေဘးေရွာင္ရန္ပုံေငြအတြက္ အြန္လိုင္းကေနေရာင္းခ်မယ္

ပလက္ဝစစ္ေဘးေရွာင္ရန္ပုံေငြအတြက္ ခ်င္းတစ္မ်ိဳးသားလုံးစည္းလုံးညီၫႊတ္ေရးကိုဦးတည္ၿပီး ခ်င္းဘာသာစကား (၇)မ်ိဳးနဲ႔ ခ်င္းအဆိုေတာ္ (၁၈)ေယာက္ ပါဝင္သီဆိုထားတဲ့ Chin United Album ကို လာမယ့္ ေဖေဖာ္ဝါရီလ (၂၀)ရက္တြင္ အြန္လိုင္းကေနတဆင့္ စတင္ေရာင္းခ်ေတာ့မယ္လို႔သတင္းရရွိပါတယ္။

ယင္းသတင္းစာရွင္းလင္းပြဲကို ကေလးၿမိဳ႕ Turiyar ဂီတာအေရာင္းဆိုင္တြင္ ဒီေန႔ (၁၂)နာရီခြဲတြင္ျပဳလုပ္ၿပီး စီစဥ္သူမ်ားကိုယ္စား ကို JK Gin Pi၊ အဆိုေတာ္မ်ားကိုယ္စား Lalnunsanga, အတီးသမားမ်ားကိုယ္စား Tony Mung Pi တို႔တက္ေရာက္ၾကပါတယ္။

ယင္းအယ္ဘမ္တြင္ ဇိုမီး၊ မီးဇို၊ ဖလမ္း၊ ဟားခါး၊ ပလက္ဝ၊ မတူပီ၊ မင္းတပ္၊ ျမန္မာ ဘာသာစကားေတြနဲ႔ သီဆိုၾကတာျဖစ္ၿပီး လူငယ္ေတြအႀကိဳက္ဖန္တီးထားၾကပါတယ္။

Chin United Album ကို JK Entartainment ကစီစဥ္ထားၿပီး အြန္လိုင္းမွာေတာ့ iTunews, Spotify, Joox, amazonmusic မွာဝယ္ယူႏိုင္ၿပီး JK entertainment Youtube မွာနားဆင္ႏိုင္ပါတယ္။

Chin United Album စီစဥ္သူ JK Entartainment က ကို JK Gin Pi က “ပထမေတာ့ ရႈိးပြဲလုပ္မလို႔ ဒါေပမယ့္ ကိုဗစ္ျဖစ္လာေတာ့ အယ္ဘမ္နဲ႔ထုတ္ျဖစ္သြားတယ္။ ခ်င္းဘာသာစကား (၇)မ်ိဳးနဲ႔သီခ်င္းလုပ္တာက က်ေနာ္တို႔အားလုံးက ညီအစ္ကိုေတြပဲ ေပါင္းေပါင္းစည္းစည္းေနၾကရေအာင္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔လုပ္တာ။ သီခ်င္းေတြအားလုံးက ကိုယ္ပိုင္သီခ်င္းအသစ္ေတြႀကီးပဲ။ သီခ်င္းထြက္လာတဲ့ခ်ိန္မွာလည္း ေကာ္ပီလုပ္ၿပီးမတင္ေပးဖို႔၊ ႀကိဳက္တယ္ဆိုရင္ မူရင္းသီခ်င္းလင့္ကိုပဲ ရွယ္လုပ္ေပးေစခ်င္တယ္။ တတ္ႏိုင္သေလာက္လည္း ဝယ္ယူအားေပးေစခ်င္တယ္။ စစ္ေဘးေရွာင္ေတြသြားလႉဖို႔က သီခ်င္းထြက္ၿပီး (၆)လေလာက္ေစာင့္မယ္ၿပီးေတာ့ ရလာတဲ့အက်ိဳးအျမတ္ေတြကို အကုန္လုံးသြားလႉမယ္” လို႔ေျပာပါတယ္။

ယင္းအယ္ဘမ္ထဲတြင္ သီခ်င္း (၁၃)ပုဒ္ရွိၿပီး ျမန္မာသီခ်င္းတစ္ပုဒ္ပါဝင္မွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်