ချင်း လက်နက်ကိုင်များတွင်ပိုမိုလိုအပ်လျက်ရှိသည့် ရဲမေများ
ဇလပ်သွေး (မင်းတပ်)
မိမိတို့ချင်းလူမျိုးများသည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပြီး မိမိလူမျိုးအရေးသာမက မြန်မာနိုင်ငံအရေး မှာပါ တက်ကြွစွာလှုပ်ရှားပါဝင်ခဲကြပါသည်။
သို့သော်အမျိုးသားများသာနိုင်ငံရေးအခန်းဏ္ဍများတွင်ဦးဆောင်ပါဝင်ခဲ့ကြပြီး အမျိုးသမီးများပါဝင်မှုနည်းပါးပါသည်။
မိမိတို့ချင်းလူမျိုးများ အားလုံးလိုလိုသည် သားကောင်းရတနာ များကိုတန်ဖိုးထားပြီး ကလေးထိန်း
ထမင်းဟင်းချက် တောင်ယာ အလုပ်ကိုစိတ်ပင်ပန်း ကိုယ်ပင်ပန်းကြီးစွာ အလုပ်လုပ်ပေးခဲ့သောအမျိုးသမီးများကို ခေတ်အဆက်ဆက်ကပင် မတူသလိုမတန် သလို ဆက်ဆံခဲ့ကြသည်။
မိမိတို့ချင်းလူမျိုးအမျိုးသားများသည် တောထဲအမဲလိုက် ချောင်းသွားငါးပစ် ထင်းခွေခြင်းအလုပ်များမှလွဲ၍ အရေးကြီးသည့် စကားများတစ်ဦးကိုတစ်ဦးပြောရမည်ဆိုလျှင်လဲ အမျိုးသမီးများကိုနားခိုင်းစေ သည်ကလွဲ၍ ပြောဆိုလုပ်ဆောင်ပိုင်ခွင့်မရှိခဲ့ပေ။
အမျိုးသမီးများသည် ကလေးပေါင်းများစွာထိန်းရင်း အိမ်အလုပ် တောင်ယာအလုပ် ကိုကျေကျေပြွန်ပြွန်လုပ်ဆောင်ခဲ့ကြသော်လည်း အခွင့်အရေး ဘာမှမရခဲ့ကြပေ။ မိမိ တို့မွေးချင်းတူနေသော်လည်း မိဘများ၏အမွေများကို အမျိုးသားများမှ လွဲ၍ အမျိုးသမီးများပိုင်ဆိုင်ခွင့် မရခဲ့ကြပေ။
သို့သော်လဲ အာဏာမသိမ်းမှီ အချိန်ထိ ရွာတိုင်း လိုလို NGO များမှ လူအခွင့်ရေး၊ အမျိုးသမီးတန်းတူအခွင့်ရေးများ အသိပညာပေး ဟောပြောခဲ့ကြ၍ အနည်းငယ်ပြောင်းလဲလာကြ သော်လည်း ရှေးအစွဲ များရှိနေကြပါသေးသည်။
ထိုနည်းတူကျနော်တို့ယခုချိန်လုပ်ဆောင်နေသည့် တော်လှန်ရေးတွင် အမျိုးသမီး များပါဝင်ခြင်း အခန်းကဏ္ဍ များစွာလိုနေပါသေးသည်။ ကျွန်တော်တို့ ယခုလိုချင်သည်မှာ ဒီမိုကရေစီတခုတည်းမဟုတ် ဖက်ဒရယ် ဒီမိုဂရေစီ (ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အတွေးအခေါ်များ ကိုသက်သေပြဖန်တီးမည့် အရသာ)ကို လိုချင်နေကြခြင်းဖြစ်ပါသည်။
တကယ်လို့သာ ဒီ ဖက်ဒရယ် ဒီမိုကရေစီ ရရှိလာကြလျှင်အမျိုးသမီးတန်းတူအခွင့်အရေး၊ လူအခွင့်အရေး၊ ကျား မ အခြေပြု Gender အကြောင်းများကို ပြောဆိုလာကြအုံးမည်ဖြစ်သည်။
ဒါကြောင့်ကျွန်တော်တို့လိုချင်သည့်ပန်းတိုင်မရောက်မှီသိသင့်တာသိရှိအောင် တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါသည့် ရဲမေများစွာ တပ်ရင်းတိုင်းတွင်ရှိနေရန်အလွန်အရေးကြီးပါသည်။
ဖက်ဒရယ် ဒီမိုကရေစီ သာရရှိလျှင် အမျိုးသမီး လွှတ်တော်အမတ်၊ အမျိုးသမီး အုပ်ချုပ်ရေးမှူး၊
အမျိုးသမီး တပ်ရင်းမှူး စသည်များရှိလာနိုင်သည့်အတွက် ယခုချိန်သင်ယူထားသည့်အနေဖြင့်
တပ်ရင်း တပ်ဖွဲ့တိုင်းနှင့်အုပ်ချုပ်ရေး ကဏ္ဍများတွင်လဲအမျိုးသမီးများရှိနေရန်အလွန်အရေးကြီးပါသည်။
ယခုချိန်လုပ်ဆောင်မှသာ နေရာ ဆိုတာရှိမှာဖြစ်တယ်။ မလုပ်ဆောင်ဘဲ အခွင့်အရေးတစ်ခုကိုသာမျှော်ကိုးနေ၍မရပေ။ အခွင့်ရေး လိုချင်လျှင် အခွင့်အရေးရရှိအောင်ဖန်တီးယူရမည်ဖြစ်သည်။
အမျိုးသမီးများတန်းတူအခွင့်အရေးရရှိဖို့ ပြိုင်တူတွန်းပြီးပါကြစို့ ဟုတိုက်တွန်းရင်း………။…။
Jun20/2022(Mon)
ဇလပ်သွေး (မင်းတပ်)
Jun20/2022(Mon)
နောက်ဆုံးရသတင်းများ
မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ
၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...
ဆက်ဖတ်ရန်