ဂန့်ဂေါမြို့တွင် တမူးမှ မန္တလေးသို့သွားမယ် ဘင်္ဂါလီလူမျိုး ၄ ဦးကိုဖမ်းဆီး

ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ဂန့်ဂေါ – ကလေး၊ ဟားခါး၊ ပုလဲ၊ ဂန့်ဂေါ-ထီးလင်းလမ်းဆုံတွင် လ.ဝ.ကနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးစစ်ဆေးနေစဉ် တမူးမြို့မှ မန္တလေးမြို့သို့သွားမယ့် အထောက်အထားမဲ့ ဘင်္ဂါလီလူမျိုး ၄ ဦးကို ဒီကနေ နံနက် ၂ နာရီခွဲတွင်ဖမ်းဆီးရမိကြောင်းသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့မှ ဂန့်ဂေါဘက်သို့မောင်းနှင်လာတဲ့ အဖြူရောင် နီဆန်းယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ဦးတေကနတ် ယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုး ၁၉ နှစ်အရွယ် ယောကျ်ားလေး ၄ ဦးတို့ကို အထောက်အထားမဲ့တွေ့ရှိပါတယ်။

၎င်းတို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ ကျဘမ်းအလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့တဲ့ တစ်လခန့်က တမူးမြို့သို့ရောက်ရှိနေထိုင်ကြပါတယ်။ တမူးမြို့မှ မန္တလေးမြို့သို့ တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဖြင့် ယာဉ်မောင်း ဦးတေကနတ်က သြဂုတ်လ ၅ ရက် ည ၁၁ နာရီအချိန်တွင် တမူးမြို့မှစတင်ထွက်ခွာလာခဲ့ပါတယ်။

ဒါကြောင့် အထောက်ထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ၄ ဦးကို ဂန့်ဂေါမြို့နယ် ဒုလ.ဝ.ကမှူး ဆလိုင်း ဘယ်ဇမင်က သြဂုတ် ၆ ရက်တွင် ဂန့်ဂေါမြို့နယ်တရားရုံး၌ ၁၉၄၂ ခုနှစ် မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂) (၆/၃) အရ တရားလိုပြုလုပ်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန် စီစဉ်ထားပြီး အခကြေးငွေရယူ၍ တရားမဝင် ခိုးယူသယ်ဆောင်/ ပို့ဆောင်ပေးသူ ဦးတေကနတ် အား ဒုရဲအုပ် အောင်ဟိန်းကိုကို က တရားလိုပြုလုပ်တိုင်တန်း၍ ဂန့်ဂေါမြို့မ ရဲတပ်ဖွဲ့စခန်း၏ (ပ) ၉၀၂ / ၂၀၁၉ ရာဇသတ်ကြီ ဥပေဒေပုဒ်မ ၃၆၇ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိထားပါတယ်။

(Zawgyi)

ဂန္႔ေဂါၿမိဳ႕တြင္ တမူးမွ မႏၱေလးသို႔သြားမယ္ ဘဂၤါလီလူမ်ိဳး ၄ ဦးကိုဖမ္းဆီး

ဂန္႔ေဂါၿမိဳ႕ရဲ႕ ေျမာက္ဘက္ ဂန္႔ေဂါ – ကေလး၊ ဟားခါး၊ ပုလဲ၊ ဂန္႔ေဂါ-ထီးလင္းလမ္းဆံုတြင္ လ.ဝ.ကနဲ႔ ရဲတပ္ဖြဲ႔တုိ႔ပူးေပါင္းၿပီးစစ္ေဆးေနစဥ္ တမူးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔သြားမယ့္ အေထာက္အထားမဲ့ ဘဂၤါလီလူမ်ဳိး ၄ ဦးကို ဒီကေန နံနက္ ၂ နာရီခြဲတြင္ဖမ္းဆီးရမိေၾကာင္းသတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ကေလးၿမိဳ႕မွ ဂန္႔ေဂါဘက္သို႔ေမာင္းႏွင္လာတဲ့ အျဖဴေရာင္ နီဆန္းယာဥ္တစ္စီးကို ရပ္တန္႔စစ္ေဆးရာ ယာဥ္ေမာင္း ဦးေတကနတ္ ယာဥ္ေပၚတြင္ ဘဂၤါလီလူမ်ဳိး ၁၉ ႏွစ္အရြယ္ ေယာက်္ားေလး ၄ ဦးတို႔ကို အေထာက္အထားမဲ့ေတြ႔ရွိပါတယ္။

၄င္းတို႔ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ခန္႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံမွတစ္ဆင့္ အိႏိၵယႏိုင္ငံ ေဒလီၿမိဳ႕သို႔ က်ဘမ္းအလုပ္သြားေရာက္လုပ္ကိုင္ခဲ့ၿပီး လြန္ခဲ့တဲ့ တစ္လခန္႔က တမူးၿမိဳ႕သို႔ေရာက္ရွိေနထုိင္ၾကပါတယ္။ တမူးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ တစ္ဦးလွ်င္ က်ပ္ ၁၂၀,၀၀၀ ျဖင့္ ယာဥ္ေမာင္း ဦးေတကနတ္က ၾသဂုတ္လ ၅ ရက္ ည ၁၁ နာရီအခ်ိန္တြင္ တမူးၿမိဳ႕မွစတင္ထြက္ခြာလာခဲ့ပါတယ္။

ဒါေၾကာင့္ အေထာက္ထားမဲ့ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသူ ၄ ဦးကို ဂန္႔ေဂါၿမိဳ႕နယ္ ဒုလ.ဝ.ကမွူး ဆလုိင္း ဘယ္ဇမင္က ၾသဂုတ္ ၆ ရက္တြင္ ဂန္႔ေဂါၿမိဳ႕နယ္တရားရံုး၌ ၁၉၄၂ ခုႏွစ္ မွတ္ပံုတင္ေရးအက္ဥပေဒ ၆(၂) (၆/၃) အရ တရားလိုျပဳလုပ္ကာ တရားရုံးသို႔ ဦးတိုက္ေလွ်ာက္ထားရန္ စီစဥ္ထားၿပီး အခေၾကးေငြရယူ၍ တရားမဝင္ ခိုးယူသယ္ေဆာင္/ ပို႔ေဆာင္ေပးသူ ဦးေတကနတ္ အား ဒုရဲအုပ္ ေအာင္ဟိန္းကိုကို က တရားလိုျပဳလုပ္တိုင္တန္း၍ ဂန္႔ေဂါၿမိဳ႕မ ရဲတပ္ဖြဲ႔စခန္း၏ (ပ) ၉၀၂ / ၂၀၁၉ ရာဇသတ္ၾကီ ဥေပေဒပုဒ္မ ၃၆၇ အရ အမွဳဖြင့္အေရးယူထားေၾကာင္း သတင္းရရွိထားပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်