ဂျက်လေယာဉ်သုံးပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကို ၂ ကြိမ်တိုက်ခိုက်၊ မြူတွေဆိုင်းတာကြောင့် ပြန်လှည့်ခဲ့ရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇန်ရွာအလွန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေအထိနာတာကြောင့် ဂျက်လေယာဉ်ပါသုံးပြီး ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင် နဲ့ ညနေ ၂ နာရီလောက်တွင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်သွားတယ်လို့သတင်းရရှိပါတယ်။

ဟိန်ဇိန်ရွာကနေ ကလေး-တီးတိန်လမ်းမအတိုင်း သိုင်းငင်းဘက်သို့တက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လမ်းကွေ့များတဲ့နေရာကနေပစ်ခတ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အသေအပျောက်များနိုင်တယ်လို့ ဒေသခံရွာသားတွေထံကသိရတယ်။

ဒါကြောင့် ဂျက်လေယာဉ်တစ်စီးတက်လာပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ခုတလော ချင်းတောင်မှာမိုးရွာတာကြောင့် မြူတွေဆိုင်းလို့ပြန်လှည့်သွားတယ်လို့သိရတယ်။

Zawgyi





 

 

နောက်ဆုံးရသတင်းများ

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ချိုးဖောက်ခံနေရတဲ့ ချင်းပြည်နယ်

၂၅၊ ဧပြီ၊ ၂၀၂၄ Zalen ခရစ်ယာန်ဘာသာကိုသာ အများစုကိုးကွယ်ကြတဲ့ ချင်းလူမျိုးတွေဟာ တနင်္ဂနွေနေ့တိုင်းမှာ ဘုရားကျောင်းမှာ ဆုတောင်း ၀တ်ပြု ကိုးကွယ်ကြလေ့ရှိပါတယ်။ ချင်းလူမျိုးတွေရဲ့သာရေး၊ နာရေးတွေမှာလည်း လာရောက်တဲ့ ဧည့်ပရိသတ် ဆွေမျိုးတွေနဲ့ ၀တ်ပြုဆုတောင်းကြပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော် ...

ဆက်ဖတ်ရန်