စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရက ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဝင်များအား ဆုကြေးငွေပေး

ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သော ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ယှဉ်ပြိုင်တဲ့ ချင်းပြည်နယ်မှ အားကစားသမား၊ ဒိုင်နဲ့ နည်းပြအဖွဲ့ဝင်တို့ကို စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရက ဇူလိုင် ၅ ရက်တွင် ဟားခါးမြို့၌ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ပေးကြောင်းသတင်းရရှိပါတယ်။

ယင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ၃၁ ကြိမ်မြောက်ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကစားသမားများအား ချီးမြှင့်ငွေပေးအပ်ခဲ့တယ်လို့သိရတယ်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ကစားသမား ၃ ဦး၊ ဒိုင်နှင့် နည်းပြ ၁ ဦးတို့သည် မြန်မာနိုင်ငံကိုယ်စားပြုလက်ရွေးစင်တွင် ပါဝင်ခဲ့ပြီး  ဗိုဗီနမ်အားကစားနည်းနှင့် KURESH ( ကူရတ် ) အားကစားနည်းကနေ ရွှေတံဆိပ်ဆု ၂ ဆုရရှိကြပါတယ်။

( ၃၁ ) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့၌ ကျင်းပကြပါတယ်။

Zawgyi

စစ္ေကာင္စီခန႔္ ခ်င္းျပည္နယ္အစိုးရက ၃၁ ႀကိမ္ေျမာက္ဆီးဂိမ္းၿပိဳင္ပြဲဝင္မ်ားအား ဆုေၾကးေငြေပး

ဗီယက္နမ္ႏိုင္ငံတြင္ က်င္းပခဲ့ေသာ ၃၁ ႀကိမ္ေျမာက္ဆီးဂိမ္းၿပိဳင္ပြဲတြင္ ဝင္ယွဥ္ၿပိဳင္တဲ့ ခ်င္းျပည္နယ္မွ အားကစားသမား၊ ဒိုင္နဲ႔ နည္းျပအဖြဲ႕ဝင္တို႔ကို စစ္ေကာင္စီခန႔္ ခ်င္းျပည္နယ္အစိုးရက ဇူလိုင္ ၅ ရက္တြင္ ဟားခါးၿမိဳ႕၌ ဂုဏ္ျပဳအခမ္းအနား ျပဳလုပ္ေပးေၾကာင္းသတင္းရရွိပါတယ္။

ယင္းအခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးထြဋ္လႈိင္တို႔က ၃၁ ႀကိမ္ေျမာက္ဆီးဂိမ္းတြင္ ပါဝင္ယွဥ္ၿပိဳင္ၾကသည့္ ကစားသမားမ်ားအား ခ်ီးျမႇင့္ေငြေပးအပ္ခဲ့တယ္လို႔သိရတယ္။

၃၁ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္မွ ကစားသမား ၃ ဦး၊ ဒိုင္ႏွင့္ နည္းျပ ၁ ဦးတို႔သည္ ျမန္မာႏိုင္ငံကိုယ္စားျပဳလက္ေ႐ြးစင္တြင္ ပါဝင္ခဲ့ၿပီး ဗိုဗီနမ္အားကစားနည္းႏွင့္ KURESH ( ကူရတ္ ) အားကစားနည္းကေန ေ႐ႊတံဆိပ္ဆု ၂ ဆုရရွိၾကပါတယ္။

( ၃၁ ) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲကို ေမလ ၁၂ ရက္ေန႔မွ ၂၃ ရက္ေန႔အထိ ဗီယက္နမ္ႏိုင္ငံ ၊ ဟႏြိဳင္းၿမိဳ႕၌ က်င္းပၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်