စစ်ကောင်စီတပ်က ချင်းပြည်နယ်မှာ ပြည်သူတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ICNCC ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝ နဲ့ ဖလမ်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူ ၄၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ အချို့ကိုသတ်ဖြတ်ခြင်းအပေါ် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယင်းထုတ်ပြန်ချက်ထဲတွင် မတူပီမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက် မွန်းလွဲပိုင်းက ဒေသခံချင်းတိုင်းရင်းသား (၈)ဦး၊ ဇန်နဝါရီ (၇)ရက်တွင် ဒေသခံ (၃)ဦး၊ စုစုပေါင်း (၁၁)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ၄င်းတို့အနက် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ကြပါတယ်။

ဒါ့ပြင် ပလက်ဝမြို့နယ်မှာ ဇန်နဝါရီလ ၅ ရက်က ပါးဝကျေးရွက ရွာသား ၂၅ ဦးကိုလည်းကောင်း ဇန်နဝါရီ ၉ ရက်က ဖလမ်းမြို့နယ် ဝေဘူလမြို့က အရပ်သား ဒေသခံ ၅ ဦးကိုလည်းကောင်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ အခုလို ချင်းပြည်နယ်မှာ ပြည်သူတွေကို စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ထုတ်ပြန်ချက်နောက်ဆုံးအပုဒ်မှာ အခုလိုဖော်ပြထားပါတယ်။

ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို တန်ဖိုး ထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ထိရောက်သောအရေးယူဆောင်ရွက်မှုများ အလျင်အမြန်ပြုလုပ်နိုင်ရန် အလေးအနက် တိုက်တွန်းပန်ကြားပါသည်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က ခ်င္းျပည္နယ္မွာ ျပည္သူေတြကိုလူသားဒိုင္းအျဖစ္ဖမ္းဆီးေခၚေဆာင္ျခင္းကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ICNCC ထုတ္ျပန္

ခ်င္းျပည္နယ္၊ မတူပီ၊ ပလက္ဝ နဲ႔ ဖလမ္းၿမိဳ႕နယ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက အရပ္သားျပည္သူ ၄၁ ဦးကို လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္ကာ အခ်ိဳ႕ကိုသတ္ျဖတ္ျခင္းအေပၚ ကုလသမဂၢနဲ႔ အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ထိေရာက္စြာအေရးယူေဆာင္ရြက္ေပးဖို႔ ၾကားကာလ ခ်င္းအမ်ိဳးသားအတိုင္ပင္ခံေကာင္စီ (ICNCC) က ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ယင္းထုတ္ျပန္ခ်က္ထဲတြင္ မတူပီၿမိဳ႕နယ္မွာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၆) ရက္ မြန္းလြဲပိုင္းက ေဒသခံခ်င္းတုိင္းရင္းသား (၈)ဦး၊ ဇန္နဝါရီ (၇)ရက္တြင္ ေဒသခံ (၃)ဦး၊ စုစုေပါင္း (၁၁)ဦးကို လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္ၿပီး ၄င္းတို႔အနက္ အသက္ ၁၃ ႏွစ္အရြယ္ကေလးတစ္ဦးအပါအဝင္ ၁၀ ဦးကို စစ္ေကာင္စီတပ္ဖြဲ႔ေတြက သတ္ျဖတ္ၾကပါတယ္။

ဒါ့ျပင္ ပလက္ဝၿမိဳ႕နယ္မွာ ဇန္နဝါရီလ ၅ ရက္က ပါးဝေက်း၇ြက ရြာသား ၂၅ ဦးကိုလည္းေကာင္း ဇန္နဝါရီ ၉ ရက္က ဖလမ္းၿမိဳ႕နယ္ ေဝဘူလၿမိဳ႕က အရပ္သား ေဒသခံ ၅ ဦးကိုလည္းေကာင္း လူသားဒိုင္းအျဖစ္ဖမ္းဆီးေခၚေဆာင္သြားၾကပါတယ္။ အခုလို ခ်င္းျပည္နယ္မွာ ျပည္သူေတြကို စစ္ေကာင္စီတပ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈနဲ႔ အၾကမ္းဖက္လုပ္ရပ္အတြက္ ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ေဖာ္ျပထားပါတယ္။

ၾကားကာလ ခ်င္းအမ်ိဳးသားအတိုင္ပင္ခံေကာင္စီ (ICNCC) ရဲ႕ ထုတ္ျပန္ခ်က္ေနာက္ဆံုးအပုဒ္မွာ အခုလိုေဖာ္ျပထားပါတယ္။

ကုလသမဂၢႏွင့္ အာဆီယံအပါအဝင္ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ လူသားဂုဏ္သိကၡာကို တန္ဖိုး ထားၾကသည့္ နိုင္ငံတကာအသိုင္းအဝိုင္းမ်ားအေနျဖင့္လည္း အာဏာသိမ္းစစ္ေကာင္စီ၏ အၾကမ္းဖက္မႈႏွင့္ စစ္ရာဇဝတ္မႈမ်ားကို မ်က္ေျခမျပတ္ေစာင့္ၾကည့္သိရွိၿပီး၊ ခ်င္းျပည္နယ္အပါအဝင္ ျမန္မာနိုင္ငံတဝွမ္းတြင္ အၾကမ္းဖက္စစ္ေကာင္စီေၾကာင့္ အရပ္သားျပည္သူမ်ား ဒုကၡမ်ိဳးစုံရင္ဆိုင္ၾကဳံေတြ႕ခံစားေနရမႈကို အျမန္ဆုံး ရပ္တန႔္နိုင္ေရးအတြက္ ထိေရာက္ေသာအေရးယူေဆာင္ရြက္မႈမ်ား အလ်င္အျမန္ျပဳလုပ္နိုင္ရန္ အေလးအနက္ တိုက္တြန္းပန္ၾကားပါသည္လို႔ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်