စစ်ကောင်စီတပ်က တားလ်ကျေးရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့လို့ ဘုရားကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အအုံ ၈ လုံးသာကျန်တော့တယ်လို့ ဒေသခံရွာသားတွေထံကသတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ ယမန်နေ့ ဇူလိုင် ၉ ရက်နေ့တွင် ဖလမ်း-ဟားခါးလမ်းမပေါ် တားလ်ကျေးရွာက ဘုရားကျောင်းအဟောင်း၊ ဆရာ၊မ အဆောင် ၄ လုံး၊ စာရေး၊ ကွာတာဆောင်၊ နဲ့ ရွာထဲကလူနေအိမ် ၂၃ လုံး စုစုပေါင်း လူနေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီးကြတယ်လို့သတင်းရရှိပါတယ်။

ရွာထဲမှာ လူနေအိမ် ၆ လုံးအပါအဝင် နှစ်ခြင်းဘုရားကျောင်း နဲ့ စာသင်ကျောင်းပဲ ရွာမှာကျန်ပါတော့တယ်။
ဇူလိုင် ၈ ရက်နေ့တွင် တားလ်ရွာမရောက်ခင်းမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သားအများအပြားသေဆုံးကြောင်းသိရတယ်။ တားလ်ကျေးရွာသို့ဝင်လာတဲ့ချိန်မှာ လူနေအိမ်တွေကို မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။

ယမန်နေ့တွင် ဖလမ်း-ဟားခါးကြားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် ဖလမ်းမြို့တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရတယ်။

ယနေ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းတွင်လည်း ဖလမ်းမြို့တပ်ကုန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး တားလ်ရွာအကျော် တလန်ဇာရ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

တားလ်ကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အိမ် ၃ လုံး၊ အောက်တိုဘာ ၂၅ ရက်တွင် အိမ် ၉ လုံး စုစုပေါင်း လူနေအိမ် ၁၁ လုံး မီးရှို့ခဲ့ပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က တားလ္ေက်း႐ြာကို ႐ြာလုံးကြၽတ္နီးပါးမီးရႈိ႕

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ တားလ္ေက်း႐ြာကို စစ္ေကာင္စီတပ္ေတြက မီးရႈိ႕လို႔ ဘုရားေက်ာင္းနဲ႔ စာသင္ေက်ာင္းအပါအဝင္ အေဆာက္အအုံ ၈ လုံးသာက်န္ေတာ့တယ္လို႔ ေဒသခံ႐ြာသားေတြထံကသတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ယမန္ေန႔ ဇူလိုင္ ၉ ရက္ေန႔တြင္ ဖလမ္း-ဟားခါးလမ္းမေပၚ တားလ္ေက်း႐ြာက ဘုရားေက်ာင္းအေဟာင္း၊ ဆရာ၊မ အေဆာင္ ၄ လုံး၊ စာေရး၊ ကြာတာေဆာင္၊ နဲ႔ ႐ြာထဲကလူေနအိမ္ ၂၃ လုံး စုစုေပါင္း လူေနအိမ္ ၂၉ လုံးကို မီးရႈိ႕ဖ်က္ဆီးၾကတယ္လို႔သတင္းရရွိပါတယ္။

႐ြာထဲမွာ လူေနအိမ္ ၆ လုံးအပါအဝင္ ႏွစ္ျခင္းဘုရားေက်ာင္း နဲ႔ စာသင္ေက်ာင္းပဲ ႐ြာမွာက်န္ပါေတာ့တယ္။
ဇူလုိင္ ၈ ရက္ေန႔တြင္ တားလ္ရြာမေရာက္ခင္းမွာ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔တို႔က စစ္ေကာင္စီယာဥ္တန္းကို မိုင္းဆြဲတုိက္ခိုက္လုိ႔ စစ္ေကာင္စီတပ္သားအမ်ားအျပားေသဆံုးေၾကာင္းသိရတယ္။ တားလ္ေက်းရြာသို႔ဝင္လာတဲ့ခ်ိန္မွာ လူေနအိမ္ေတြကို မီးရိႈ႕ခဲ့ၾကတာျဖစ္ပါတယ္။

ယမန္ေန႔တြင္ ဖလမ္း-ဟားခါးၾကားတြင္ တုိက္ပြဲျဖစ္ပြားမႈမရွိေပမယ့္ ဖလမ္းၿမိဳ႕တပ္ကုန္းကေန လက္နက္ၾကီးနဲ႔ ၃ ၾကိမ္ပစ္ခတ္ခဲ့တယ္လုိ႔သိရတယ္။

ယေန႔ ဇူလုိင္ ၁၀ ရက္ မနက္ပိုင္းတြင္လည္း ဖလမ္းၿမိဳ႕တပ္ကုန္းကေန လက္နက္ၾကီးပစ္ခတ္သံေတြၾကားရၿပီး တားလ္ရြာအေက်ာ္ တလန္ဇာရ္ရြာအနီးတြင္ တုိက္ပြဲျဖစ္ပြားေနတယ္လုိ႔ သတင္းရရွိပါတယ္။

တားလ္ေက်း႐ြာကို စစ္ေကာင္စီတပ္က ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ အိမ္ ၃ လုံး၊ ေအာက္တိုဘာ ၂၅ ရက္တြင္ အိမ္ ၉ လုံး စုစုေပါင္း လူေနအိမ္ ၁၁ လုံး မီးရႈိ႕ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ရခိုင်ပြည်ဘက်ကို ပြည်မဘက်ကနေ ကုန်စည်မစီးဆင်းနိုင်တော့တာကြောင့် မီဇိုရမ်ဘက်နေတင်သွင်းနေရ၊ ကျပ်ငွေလဲလှယ်နှုန်းများ ကျလာ

၁၆၊ ဧပြီ၊၂၀၂၄ Zalen ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှ အခြေခံစားသောက်ကုန် အပါအဝင် အခြား ကုန်စည်များဟာ ပြည်မ ဘက်ကနေ အရင်ကလိုမစီးဆင်းနိုင်တော့တာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကနေ တင်သွင်းနေရကာ ကျပ်ငွေတန်ဖိုးတွေကျလာတယ် လို့သိရပါတယ်။ ရခိုင်ပြည်နယ်ကနေ ...

ဆက်ဖတ်ရန်