စစ်ကောင်စီတပ်က တီးတိန်မြို့နယ်က အိမ် ၂ လုံးမီးရှို့ပြီး ကလေးဘက်ပြန်သွား

စစ်ကောင်စီတပ်တွေဟာ တီးတိန်မြို့နယ် ခွီနွမ်ကျေးရွာက လူနေအိမ် ၂ လုံးကို ဇွန်လ ၁၇ ရက်က မီးရှို့သွားကြတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီယာဉ်တန်း ၁၇ စီးဟာ ဇွန်လ ၁၆ ရက်က ကလေးမြို့ကနေတက်လာကြပြီး ၁၇ ရက်ညနေပိုင်းတွင် တီးတိန်မြို့ထဲသို့ဝင်ကြပါတယ်။

တီးတိန်မြို့မဝင်ခင်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့တိုက်ခိုက်ခြင်းခံကြပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ ဇွန် ၁၈ ရက်တွင် တီးတိန်ကနေ ကလေးဘက်ကိုပြန်ဆင်းလာပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF-Zoland, Siyin CDM တို့ကတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုများပြားတယ်လို့သိရတယ်။

ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို သိုင်းငင်းဧည့်ရိပ်သာတွင်ထားခဲ့ပြီး အခြားကားတွေကတော့ ဇွန် ၁၉ ရက်တွင် ကလေးမြို့သို့ဆင်းသွားကြပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က တီးတိန္ၿမိဳ႕နယ္က အိမ္ ၂ လုံးမီးရႈိ႕ၿပီး ကေလးဘက္ျပန္သြား

စစ္ေကာင္စီတပ္ေတြဟာ တီးတိန္ၿမိဳ႕နယ္ ခြီႏြမ္ေက်း႐ြာက လူေနအိမ္ ၂ လုံးကို ဇြန္လ ၁၇ ရက္က မီးရႈိ႕သြားၾကတယ္လို႔သတင္းရရွိပါတယ္။

စစ္ေကာင္စီယာဥ္တန္း ၁၇ စီးဟာ ဇြန္လ ၁၆ ရက္က ကေလးၿမိဳ႕ကေနတက္လာၾကၿပီး ၁၇ ရက္ညေနပိုင္းတြင္ တီးတိန္ၿမိဳ႕ထဲသို႔ဝင္ၾကပါတယ္။

တီးတိန္ၿမိဳ႕မဝင္ခင္မွာ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ရဲ႕တိုက္ခိုက္ျခင္းခံၾကပါတယ္။ စစ္ေကာင္စီယာဥ္တန္းဟာ ဇြန္ ၁၈ ရက္တြင္ တီးတိန္ကေန ကေလးဘက္ကိုျပန္ဆင္းလာၿပီး ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ PDF-Zoland, Siyin CDM တို႔ကတိုက္ခိုက္လို႔ ထိခိုက္ေသဆုံးမႈမ်ားျပားတယ္လို႔သိရတယ္။

ဒဏ္ရာရရွိတဲ့ စစ္ေကာင္စီတပ္သားေတြကို သိုင္းငင္းဧည့္ရိပ္သာတြင္ထားခဲ့ၿပီး အျခားကားေတြကေတာ့ ဇြန္ ၁၉ ရက္တြင္ ကေလးၿမိဳ႕သို႔ဆင္းသြားၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်