စစ်ကောင်စီတပ်က ဖလမ်းမြို့ဒေသခံတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လွှတ်

ဖလမ်းမြို့အရပ်သား ၂၅ ဦးကို ၃ မိုင်ကျော်လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဇွန် ၂၀ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်ဟာ ဟားခါး-ရိလမ်းခွဲတောင်ထိပ်တွင်နေရာယူကြပြီး ကားလမ်းဖြတ်သူအားလုံးကိုတားဆီးကာ ဆိုင်ကယ်၊ ကားတွေကို လမ်းဘေးတွင်ရပ်ခိုင်းပြီး ဖလမ်း-ဟားခါးလမ်းပေါ်မှာရှိတဲ့ လုံပီးရပ်ကွက်ဘက်သို့ ၎င်းတို့ရှေ့ကနေသွားခိုင်းကြတယ်လို့သိရတယ်။

လုံပီးရပ်ကွက်ရောက်ပြီးနောက် ဖလမ်းဘက်သို့ပြန်လှည့်ကာ ရိလမ်းခွဲရောက်တဲ့ချိန်မှာ အရပ်သားအားလုံးပြန်လွတ်ကြကြောင်းသိရတယ်။

အဲ့ဒီလို လူသားဒိုင်းအနေနဲ့ ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်စဉ် စစ်ကောင်စီတပ်သားတွေက ဖလမ်း-ဟားခါးကားလမ်းကိုလည်းပိတ်ထားတယ်လို့သိရတယ်။

ယမန်နေ့ကလည်း ဖလမ်းမြို့တပ်ကုန်းကနေ လုံပီးရပ်ကွက်ဘက်သို့ လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ကြတယ်လို့သိရပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က ဖလမ္းၿမိဳ႕ေဒသခံေတြကိုလူသားဒိုင္းအျဖစ္ဖမ္းဆီးေခၚေဆာင္ၿပီး ျပန္လႊတ္

ဖလမ္းၿမိဳ႕အရပ္သား ၂၅ ဦးကို ၃ မိုင္ေက်ာ္လူသားဒိုင္းအျဖစ္ စစ္ေကာင္စီတပ္သားေတြက ဖမ္းဆီးေခၚေဆာင္သြားၾကတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဒီေန႔ ဇြန္ ၂၀ ရက္ မနက္ ၁၀ နာရီေလာက္က စစ္ေကာင္စီတပ္သား အင္အား ၂၀ ခန႔္ဟာ ဟားခါး-ရိလမ္းခြဲေတာင္ထိပ္တြင္ေနရာယူၾကၿပီး ကားလမ္းျဖတ္သူအားလုံးကိုတားဆီးကာ ဆိုင္ကယ္၊ ကားေတြကို လမ္းေဘးတြင္ရပ္ခိုင္းၿပီး ဖလမ္း-ဟားခါးလမ္းေပၚမွာရွိတဲ့ လုံပီးရပ္ကြက္ဘက္သို႔ ၎တို႔ေရွ႕ကေနသြားခိုင္းၾကတယ္လို႔သိရတယ္။

လုံပီးရပ္ကြက္ေရာက္ၿပီးေနာက္ ဖလမ္းဘက္သို႔ျပန္လွည့္ကာ ရိလမ္းခြဲေရာက္တဲ့ခ်ိန္မွာ အရပ္သားအားလုံးျပန္လြတ္ၾကေၾကာင္းသိရတယ္။

အဲ့ဒီလို လူသားဒိုင္းအေနနဲ႔ ျပည္သူေတြကိုဖမ္းဆီးေခၚေဆာင္စဥ္ စစ္ေကာင္စီတပ္သားေတြက ဖလမ္း-ဟားခါးကားလမ္းကိုလည္းပိတ္ထားတယ္လို႔သိရတယ္။

ယမန္ေန႔ကလည္း ဖလမ္းၿမိဳ႕တပ္ကုန္းကေန လုံပီးရပ္ကြက္ဘက္သို႔ လက္နက္ႀကီးနဲ႔ အႀကိမ္ႀကိမ္ပစ္ခတ္ၾကတယ္လို႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်