စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားရာ PDF-Kalay ၁ ယောက်ကျဆုံးကာ စစ်ကောင်စီတပ်က အိမ် ၆ လုံးဖျက်ဆီး

ကလေးမြို့ အနောက်တောင်ဘက် စီးစံကျေးရွာတွင် ညအိပ်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို PDF-Kalay နဲ့ CDNF ပူးပေါင်းတပ်တွေက မနေ့ည ဒီဇင်ဘာ ၂၀ ရက်ည ၈ နာရီသွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ၂ ယောက်သေဆုံးပြီး PDF-Kalay တပ်ရင်း ၆က ရဲဘော် ၁ ယောက်ကျဆုံးကာ PDF-Kalay နဲ့ CDNF ရဲဘော် ၂ ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်တပ်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ဟာ ကလေးမြို့ အနောက်တောင်ဘက် စက်မှုဇုံဘက်ကနေ စက္ကန့်ကျေးရွာဘက်သို့ ချင်းတောင်ခြေတလျှောက် ခြေလျင်နဲ့ စစ်ကြောင်းထွက်လာကြပါတယ်။ မနေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ PDF (Kalay) တပ်ရင်း ၅ စခန်းဟောင်းတစ်ခုကိုဝင်ရောက်ကာ မီးရှို့ကြပါတယ်။ မနက် ၁၀ နာရီဝန်းကျင်တွင် ကလေးမြို့နယ် စီးစံကျေးရွာအနောက်ဘက် ဆုတောင်းကုန်းအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများနဲ့ PDF (Kalay)၊ CNDF ပူးပေါင်းတပ်ဖွဲများ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

PDF (Kalay) တာဝန်ရှိသူတစ်ယောက်က “နည်းပညာကျောင်းဘက်ကို အကုန်မဆင်းဘူး။ နဂါးဗွတ်ရွာမှာ စစ်ခွေး ၇၀ လောက်ကျန်တယ်။ ၅ ယောက်တစ်ဖွဲွ့နဲ့ စီးစံဘက်ကို ပြန်တက်လာတယ်။ ပြီးတော့ ဒီမနက် စက်မှုဇုံဘက်ကနေ စစ်ခွေး ၁၀၀ လောက်ထပ်ရောက်လာပြီးတော့ စီးစံရွာအနောက်ဘက် ဆုတောင်းတောင်မှာ တပ်စွဲထားတယ်။ သဘောကတော့ အဲ့ဒီနေရာတဝိုက်ကို နယ်မြေစိုးမိုးချင်တဲ့သဘောပါ” လို့ပြောပါတယ်။

တောင်ဖီလာ‌တောင်ပေါ်တွင်အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးပစ်ကူကို အကာအကွယ်ယူပြီး စီးစံရွာဘက်သို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ ချဉ်းကပ်လာခဲ့ရာ PDF(Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲများက စီးစံရွာပြင်သင်္ချိုင်းအနီးတွင် မွန်းလွဲ ၃ နာရီခန့်၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်။

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲများက လက်နက်ကြီးများ၊ စက်လတ်များကို အဓိကအသုံးပြု၍ တရစပ်ပစ်ခတ်ပြီး စီးစံရွာသို ညနေ ၅ နာရီခန့်တွင် ဝင်ရောက်တပ်စွဲကြတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက စီးစံရွာအတွင်း နေအိမ် ၂ လုံးကို မီးရှိဖျက်စီးတဲ့အပြင် စစ်ကောင်စီတပ်ဖွဲများပစ်ခတ်သော လက်နက်ကြီးထိမှန်သဖြင့် စီးစံရွာရှိ နေအိမ် ၂ လုံးနဲ့ ဆင်တောရွာရှိ နေအိမ် ၂ လုံး လည်း ပျက်စီးသွားခဲ့တယ်။

ပြီးနောက် စီးစံရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲများကို PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲများက ည ၈ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်သား ၂ ဦး သေဆုံးကြောင်း သိရပြီး PDF (Kalay) တပ်ရင်း ၆ တပ်ဖွဲဝင် ၁ ဦး အသက်ပေးဆပ်စွန့်လွတ်ခဲ့ရပြီး PDF (Kalay) တပ်ဖွဲဝင် ၁ ဦး၊ CNDF တပ်ဖွဲဝင် ၁ ဦး စုစုပေါင်း ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်။

စီးစံရွာတွင် တပ်ဖွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင်နဂါးပွက်ရွာဘက်သို ပြောင်းရွေ့သွားခဲ့ပြီး ထိုမှတဆင့် နည်းပညာတက္ကသိုလ်ဘက်သို တပ်ဖွဲအချို ထပ်မံပြောင်းရွေ့ထားကြောင်းသိရတယ်။

Zawgyi

စစ္ေကာင္စီတပ္နဲ႔တိုက္ပြဲျဖစ္ပြားရာ PDF-Kalay ၁ ေယာက္က်ဆံုးကာ စစ္ေကာင္စီတပ္က အိမ္ ၆ လံုးဖ်က္ဆီး

ကေလးၿမိဳ႕ အေနာက္ေတာင္ဘက္ စီးစံေက်းရြာတြင္ ညအိပ္တပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြကို PDF-Kalay နဲ႔ CDNF ပူးေပါင္းတပ္ေတြက မေန႔ည ဒီဇင္ဘာ ၂၀ ရက္ည ၈ နာရီသြားေရာက္တုိက္ခိုက္ရာ စစ္ေကာင္စီတပ္ ၂ ေယာက္ေသဆံုးၿပီး PDF-Kalay တပ္ရင္း ၆က ရဲေဘာ္ ၁ ေယာက္က်ဆံုးကာ PDF-Kalay နဲ႔ CDNF ရဲေဘာ္ ၂ ေယာက္ထိခိုက္ဒဏ္ရာရရွိသြားတယ္လုိ႔ ကေလးျပည္သူ႔ကာကြယ္တပ္က ဒီေန႔ထုတ္ျပန္လုိက္ပါတယ္။

စီးစံေက်းရြာ အေနာက္ဘက္က ဆုေတာင္းေတာင္

ဒီဇင္ဘာလ ၁၉ ရက္ ညပိုင္းကစၿပီး အာဏာသိမ္းစစ္ေကာင္စီတပ္ အင္အား ၁၅၀ ခန္႔ဟာ ကေလးၿမိဳ႕ အေနာက္ေတာင္ဘက္ စက္မႈဇံုဘက္ကေန စကၠန္႔ေက်းရြာဘက္သို႔ ခ်င္းေတာင္ေျခတေလွ်ာက္ ေျခလ်င္နဲ႔ စစ္ေၾကာင္းထြက္လာၾကပါတယ္။ မေန႔ ဒီဇင္ဘာ ၂၀ ရက္ မနက္ပိုင္းမွာ PDF (Kalay) တပ္ရင္း ၅ စခန္းေဟာင္းတစ္ခုကိုဝင္ေရာက္ကာ မီးရိႈ႕ၾကပါတယ္။ မနက္ ၁၀ နာရီဝန္းက်င္တြင္ ကေလးၿမိဳ႕နယ္ စီးစံေက်းရြာအေနာက္ဘက္ ဆုေတာင္းကုန္းအနီးမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားနဲ႔ PDF (Kalay)၊ CNDF ပူးေပါင္းတပ္ဖြဲမ်ား စတင္တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

PDF (Kalay) တာဝန္ရွိသူတစ္ေယာက္က “နည္းပညာေက်ာင္းဘက္ကို အကုန္မဆင္းဘူး။ နဂါးဗြတ္ရြာမွာ စစ္ေခြး ၇၀ ေလာက္က်န္တယ္။ ၅ ေယာက္တစ္ဖြဲြ႔နဲ႔ စီးစံဘက္ကို ျပန္တက္လာတယ္။ ၿပီးေတာ့ ဒီမနက္ စက္မႈဇံုဘက္ကေန စစ္ေခြး ၁၀၀ ေလာက္ထပ္ေရာက္လာၿပီးေတာ့ စီးစံရြာအေနာက္ဘက္ ဆုေတာင္းေတာင္မွာ တပ္စြဲထားတယ္။ သေဘာကေတာ့ အဲ့ဒီေနရာတဝိုက္ကို နယ္ေျမစိုးမိုးခ်င္တဲ့သေဘာပါ” လုိ႔ေျပာပါတယ္။

ေတာင္ဖီလာ‌ေတာင္ေပၚတြင္အထိုင္တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္မ်ားရဲ႕ လက္နက္ႀကီးပစ္ကူကို အကာအကြယ္ယူၿပီး စီးစံရြာဘက္သို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ား ခ်ဥ္းကပ္လာခဲ့ရာ PDF(Kalay) နဲ႔ CNDF ပူးေပါင္းတပ္ဖြဲမ်ားက စီးစံရြာျပင္သခၤ်ိဳင္းအနီးတြင္ မြန္းလြဲ ၃ နာရီခန႔္၌ ျဖတ္ေတာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့တယ္။

အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲမ်ားက လက္နက္ႀကီးမ်ား၊ စက္လတ္မ်ားကို အဓိကအသုံးျပဳ၍ တရစပ္ပစ္ခတ္ၿပီး စီးစံရြာသို ညေန ၅ နာရီခန႔္တြင္ ဝင္ေရာက္တပ္စြဲၾကတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားက စီးစံရြာအတြင္း ေနအိမ္ ၂ လုံးကို မီးရွိဖ်က္စီးတဲ့အျပင္ စစ္ေကာင္စီတပ္ဖြဲမ်ားပစ္ခတ္ေသာ လက္နက္ႀကီးထိမွန္သျဖင့္ စီးစံရြာရွိ ေနအိမ္ ၂ လုံးနဲ႔ ဆင္ေတာရြာရွိ ေနအိမ္ ၂ လုံး လည္း ပ်က္စီးသြားခဲ့တယ္။

ၿပီးေနာက္ စီးစံရြာအတြင္း တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲမ်ားကို PDF (Kalay) နဲ႔ CNDF ပူးေပါင္းတပ္ဖြဲမ်ားက ည ၈ နာရီခန႔္တြင္ သြားေရာက္ပစ္ခတ္ခဲ့ၿပီး မိနစ္ ၃၀ ခန႔္ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့တယ္။

ယမန္ေန႔ ဒီဇင္ဘာလ ၂၀ ရက္ေန႔ တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီစစ္သား ၂ ဦး ေသဆုံးေၾကာင္း သိရၿပီး PDF (Kalay) တပ္ရင္း ၆ တပ္ဖြဲဝင္ ၁ ဦး အသက္ေပးဆပ္စြန႔္လြတ္ခဲ့ရၿပီး PDF (Kalay) တပ္ဖြဲဝင္ ၁ ဦး၊ CNDF တပ္ဖြဲဝင္ ၁ ဦး စုစုေပါင္း ၂ ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ၾကတယ္။

စီးစံရြာတြင္ တပ္ဖြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ ယေန႔ ဒီဇင္ဘာလ ၂၁ ရက္ နံနက္ပိုင္းတြင္နဂါးပြက္ရြာဘက္သို ေျပာင္းေရြ႕သြားခဲ့ၿပီး ထိုမွတဆင့္ နည္းပညာတကၠသိုလ္ဘက္သို တပ္ဖြဲအခ်ိဳ ထပ္မံေျပာင္းေရြ႕ထားေၾကာင္းသိရတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်