စစ်ကောင်စီတပ်သားများက တမူးမြို့နယ်ကရွသား ၃ ဦးကိုဖမ်းဆီးကာ သတ်ဖြတ်

တမူးမြို့နယ် ရန်လင်းဖိုင်ရွာသား ၂ ဦးနဲ့ ခေါ်မွန်းနွမ်ရွာသား ၁ဦးကို ယမန်နေ့ ဇွန် ၂၃ ရက်က စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်ပြီး ယနေ့ဇွန် ၂၄ ရက်မနက်ပိုင်းတွင် ၎င်းတို့အလောင်းကို နမွန်းတားကျေးရွာတွင် ပြန်လည်တွေ့ရှိကြတယ်လို့သတင်းရရှိပါတယ်။

ဇွန်လ ၂၂ ရက်နေ့က ၎င်းတို့ရွာအနီး ပန်းသာကျေးရွာကပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ကြပါတယ်။ ဇွန် ၂၃ ရက်တွင် ရန်လင်ဖိုင်ကျေးရွာက လူနေအိမ် ၄ လုံးကို စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့ဖျက်စီးကြပြီး ရွာထဲခဏဝင်လာတဲ့ ရွာသား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး ၎င်းတို့ရွာနဲ့ ၄ ဖာလုံလောက်ကွာဝေးတဲ့ ခေါ်မွန်းနွမ် ရွာသား ၁ ဦးကိုလည်းဖမ်းဆီးသွားကြပါတယ်။

၎င်းတို့အလောင်းကို ဘေးနားရွာက နမွန်းတားရွာမှာ သေနတ်ဒဏ်ရာတွေနဲ့ ဒီမနက်ကပြန်လည်တွေ့ရှိကြပါတယ်။ ရန်လင်းဖိုင်ရွာသား မောင်ပေါင်တင်းထန်မှအပ ဦးဟောင်လင်မန်နဲ့ ဦးဆေးခိုထန်တို့ဟာ သားသမီး ၄ ယောက်ရှိတဲ့ ဖခင်ဖြစ်ကြပါတယ်။

အလောင်းကိုလည်း နေ့လည်ပိုင်းက ချက်ချင်းမြေမြုပ်သဂြိုလ်ကြပါတယ်။ ဒါ့ပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပန်းသာရွာက လူနေအိမ် ၅ လုံးကို ယမန်နေ့ညနဲ့ ဒီမနက်က မီးရှို့ကြပါတယ်။ ယင်းရွာတွေဟာ တမူး-ကလေးကားလမ်းဘေးမှာရှိပြီး တမူးမြို့ကနေ ၆ မိုင်လောက်ဝေးပါတယ်။

Zawgyi

စစ္ေကာင္စီတပ္သားမ်ားက တမူးၿမိဳ႕နယ္က႐ြသား ၃ ဦးကိုဖမ္းဆီးကာ သတ္ျဖတ္

တမူးၿမိဳ႕နယ္ ရန္လင္းဖိုင္႐ြာသား ၂ ဦးနဲ႔ ေခၚမြန္းႏြမ္႐ြာသား ၁ဦးကို ယမန္ေန႔ ဇြန္ ၂၃ ရက္က စစ္ေကာင္စီတပ္သားမ်ားက ဖမ္းဆီးေခၚေဆာင္ၿပီး ယေန႔ဇြန္ ၂၄ ရက္မနက္ပိုင္းတြင္ ၎တို႔အေလာင္းကို နမြန္းတားေက်း႐ြာတြင္ ျပန္လည္ေတြ႕ရွိၾကတယ္လို႔သတင္းရရွိပါတယ္။

ဇြန္လ ၂၂ ရက္ေန႔က ၎တို႔႐ြာအနီး ပန္းသာေက်း႐ြာကပ်ဴေစာထီးနဲ႔ စစ္ေကာင္စီတပ္ေတြကို ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြကတိုက္ခိုက္ၾကပါတယ္။ ဇြန္ ၂၃ ရက္တြင္ ရန္လင္ဖိုင္ေက်း႐ြာက လူေနအိမ္ ၄ လုံးကို စစ္ေကာင္စီတပ္ဖြဲ႕ကမီးရႈိ႕ဖ်က္စီးၾကၿပီး ႐ြာထဲခဏဝင္လာတဲ့ ႐ြာသား ၂ ဦးကို စစ္ေကာင္စီက ဖမ္းဆီး ၎တို႔႐ြာနဲ႔ ၄ ဖာလုံေလာက္ကြာေဝးတဲ့ ေခၚမြန္းႏြမ္ ႐ြာသား ၁ ဦးကိုလည္းဖမ္းဆီးသြားၾကပါတယ္။

၎တို႔အေလာင္းကို ေဘးနား႐ြာက နမြန္းတား႐ြာမွာ ေသနတ္ဒဏ္ရာေတြနဲ႔ ဒီမနက္ကျပန္လည္ေတြ႕ရွိၾကပါတယ္။ ရန္လင္းဖိုင္ရြာသား ေမာင္ေပါင္တင္းထန္မွအပ ဦးေဟာင္လင္မန္နဲ႔ ဦးေဆးခိုထန္တို႔ဟာ သားသမီး ၄ ေယာက္ရွိတဲ့ ဖခင္ျဖစ္ၾကပါတယ္။

အေလာင္းကိုလည္း ေန႔လည္ပိုင္းက ခ်က္ခ်င္းေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။ ဒါ့ျပင္ စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီးေတြဟာ ပန္းသာ႐ြာက လူေနအိမ္ ၅ လံုးကို ယမန္ေန႔ညနဲ႔ ဒီမနက္က မီးရိႈ႕ၾကပါတယ္။ ယင္းရြာေတြဟာ တမူး-ကေလးကားလမ္းေဘးမွာရွိၿပီး တမူးၿမိဳ႕ကေန ၆ မိုင္ေလာက္ေဝးပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်