စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့သို့လာရောက်

စစ်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြ ထွန်းဦးဟာ မတ်လ ၆ ရက်က ကလေးမြို့သို့ လေယာဉ်နဲ့ရောက်လာပြီး ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူနဲ့ နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့တွေနဲ့တွေ့ဆုံကြတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့ စုပေါင်းရုံးခန်းမမှာ ကလေးခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံကြပါတယ်။ ပြီးနောက် နယ်မြေခံတပ်နယ်ကိုသွားရောက်ကာ တပ်နယ်ခန်းမမှာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့တွေ့ဆုံပြီး အားကစားပစ္စည်းနဲ့ စားသောက်ဖွယ်ရာတွေပေးအပ်တယ်လို့သိရတယ်။

မွန်းလွဲပိုင်းမှာ မုံရွာမြို့ကိုသွားရောက်ပြီး တိုင်းအစိုးရအဖွဲ့၊ မုံရွာမြို့ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံကာ အမှတ်တရလက်ဆောင်ပစ္စည်းတွေပေးအပ်တယ်လို့ စစ်ဘက်ဆိုင်ရာသတင်းတွေကဖော်ပြထားပါတယ်။

Zawgyi

စစ္ေကာင္စီ ျပည္ေထာင္စုဝန္ၾကီး ဗိုလ္ခ်ဳပ္ၾကီး ျမထြန္းဦး ကေလးၿမိဳ႕သို႔လာေရာက္

စစ္ေကာင္စီ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမ ထြန္းဦးဟာ မတ္လ ၆ ရက္က ကေလးၿမိဳ႕သို႔ ေလယာဥ္နဲ႔ေရာက္လာၿပီး ခရိုင္၊ၿမိဳ႕နယ္အဆင့္တာဝန္ရွိသူနဲ႔ နယ္ေျမခံတပ္၊ ရဲတပ္ဖြဲ႔ေတြနဲ႔ေတြ႔ဆံုၾကတယ္လို႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕ စုေပါင္းရံုးခန္းမမွာ ကေလးခရိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာေတြနဲ႔ေတြ႔ဆံုၾကပါတယ္။ ၿပီးေနာက္ နယ္ေျမခံတပ္နယ္ကိုသြားေရာက္ကာ တပ္နယ္ခန္းမမွာ အရာရွိ၊ စစ္သည္၊ မိသားစုဝင္ေတြနဲ႔ေတြ႔ဆံုၿပီး အားကစားပစၥည္းနဲ႔ စားေသာက္ဖြယ္ရာေတြေပးအပ္တယ္လုိ႔သိရတယ္။

မြန္းလြဲပိုင္းမွာ မံုရြာၿမိဳ႕ကိုသြားေရာက္ၿပီး တုိင္းအစိုးရအဖြဲ႔၊ မံုရြာၿမိဳ႕ ရပ္မိရပ္ဖေတြနဲ႔ေတြ႔ဆံုကာ အမွတ္တရလက္ေဆာင္ပစၥည္းေတြေပးအပ္တယ္လုိ႔ စစ္ဘက္ဆုိင္ရာသတင္းေတြကေဖာ္ျပထားပါတယ္။

 

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်